ကျပ် ၅ သိန်းကျော် ခုန်တက်သွားတဲ့ ရန်ကုန် YGEA ရည်ညွှန်းဈေး

ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ ရွှေလောကတစ်ခုလုံးကို လှုပ်ခတ်သွားစေတာကတော့ ရန်ကုန် YGEA ရွှေအသင်းထုတ်ပြန်လိုက်တဲ့ အခေါက်ရွှေ ရည်ညွှန်းစျေးပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတွေမှာ ကျပ် ၁၉ သိန်း ကျော်ဝန်းကျင်မှာပဲရှိနေခဲ့တဲ့ ရွှေအသင်းကထုတ်ပြန်တဲ့ ရည်ညွှန်းစျေးဟာ အောက်တိုဘာ ၂၁ ရက် ယနေ့ ရွှေရည်ညွှန်းစျေးအဖွင့်စျေး ထုတ်ပြန်ရာမှာတော့ ကျပ် ၂၄ သိန်းကျော်အထိ မြင့်တက်သွားခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့ မနေက မန္တလေးရွှေအသင်း (MGEA) ထုတ်ပြန်တဲ့ ရည်ညွှန်းစျေးနှုန်းမှာ 2475000 ကျပ်ဖြစ်ပြီး ရန်ကုန် ရွှေအသင်း (YGEA) ရဲ့ အပိတ်စျေးမှာတော့ 1926000 ကျပ်ဖြစ်တဲ့အတွက် ရန်ကုန် နှင့် မန္တလေး ရွှေးအသင်းနှစ်ခုမှာ ရည်ညွှန်းစျေးနှုန်း ကွာခြားနေတာတွေ့ရပါတယ်။

အောက်တိုဘာလ တတိယပတ်အတွင်း YGEA က ထုတ်ပြန်တဲ့ ရွှေရည်ညွှန်းဈေးက မီးလင်းရွှေ တစ်ကျပ်သားကို ကျပ် ၁၉ သိန်းကျော်ဝန်းကျင်မှာရှိနေခဲ့ပေမယ့် ဒီနေ့အောက်တိုဘာ ၂၁ ရက်နေ့ ရွှေအဖွင့်စျေးထုတ်ပြန်ရာမှာတော့ တစ်ကျပ်သားကို ၂၄၇၅၆၆၅ ကျပ်နဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မနေ့က အောက်တိုဘာ ၂၀ ရက် YGEA ရဲ့ ရွှေအဖွင့်စျေးကတော့ မီးလင်းရွှေတစ်ကျပ်သားကို ၁၉၂၀၀၀၀ ကျပ်ဖြစ်ပြီး ရွှေအပိတ်စျေးကတော့ ၁၉၂၆၀၀၀ ကျပ်နဲ့စျေးပိတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေစျေးဟာ တစ်အောင်စကို ၁၆၂၆ ဒေါ်လာဖြစ်ပြီး အကျဖက်ကို သွားနေချိန် YGEA အသင်းရဲ့ ရွှေရည်ညွှန်းစျေးမှာ ၅ သိန်းလောက် မြင့်တက်သွားတာဖြစ်ပါတယ်။

Unicode

Credit

Be the first to comment on "ကျပ် ၅ သိန်းကျော် ခုန်တက်သွားတဲ့ ရန်ကုန် YGEA ရည်ညွှန်းဈေး"

Leave a comment

Your email address will not be published.

*