ကိုဗစ် ဒုတိယလှိုင်းကို စတင်ထိန်းချုပ် နိုင်ပြီလို့ ဒေါက်တာခင်ခင်ကြီးက ပြောပြီ

ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းကို စတင်ထိန်းချုပ် နိုင်သည့် အနေအထားရှိနေပြီဟု ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲညွှန်ကြားရေးမှူး ဒေါက် တာခင်ခင်ကြီးက ပြောသည်။

Advertorial | KBZPay က ချေးငွေ Customer တွေအတွက် Credit Score တစ်ခု တည်ဆောက်နိုင်မယ့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဒစ်ဂျစ်တယ်စနစ် ချေးငွေဝန်ဆောင်မှု စတင်ပေးအပ်ခဲ့တဲ့အကြောင်း‘‘ကျွန်မတို့နိုင်ငံသည် အခု ဒုတိယလှိုင်း စတင်ထိန်းချုပ်နိုင်တဲ့အနေအထားရှိနေပါပြီ။ သို့ သော် ဒုတိယလှိုင်းပြီးဆုံးတာမ ဟုတ်သေးပါဘူး။ နောက်ထပ် ရောဂါဖြစ်ပွားမှုလှိုင်းတွေ ထပ် ပြီးမဖြစ်ဖို့အတွက် တစ်ယောက် စီတိုင်းက တာဝန်ရှိကြပါတယ်’’ ဟု ၎င်းက ရှင်းပြသည်။

ဒီဇင်ဘာ ၁၈ ရက်ကစ၍ ဓာတ်ခွဲစစ်ဆေးနှုန်းနှင့် ပိုးတွေ့ နှုန်းမှာ ၅ ရာခိုင်နှုန်းအောက်သို့ ကျဆင်းခဲ့ပြီး ၂၀၂၁ ဇန်နဝါရီ ၄ ရက်အထိဖြစ်သည်။ ထို့အပြင် အချို့ရက်များမှာ ၃ ရာခိုင်နှုန်း အောက်တွင် ရောက်ရှိခဲ့သည်ဟု ၎င်းကဆိုသည်။

‘‘ဒုတိယလှိုင်းစခဲ့တဲ့အချိန် ကစလို့ တက်သာတာတက်နေ တာ။ အခုက ဖြည်းဖြည်းချင်းကျ နေပြီ။ တက်ဖို့သာလွယ်တာ။ ကျ ဖို့ကကျ ခက်တယ်။ အခုလက်ရှိ ကျဆင်းနေတဲ့အခြေအနေကို ဆက်လက်ထိန်းထားဖို့က ပြည် သူတွေရဲ့လိုက်နာမှုက လိုပါ တယ်’’ ဟု ဒေါက်တာခင်ခင်ကြီးက တိုက်တွန်းသည်။

ထို့အပြင် ကိုဗစ်ရောဂါဗိုင်း ရပ်စ်မျိုးဗီဇသည် ဗိုင်းရပ်စ်၏ သဘောသဘာဝအရ ပြောင်းလဲ နေမည်ဖြစ်သော်လည်း ပိုး၏ အားနည်းချက်၊ အားသာချက်များ ကို ရှင်းရှင်းလင်းလင်းသိရှိနေပြီ ဖြစ်သည့်အတွက် သတ်မှတ်စည်း ကမ်းများကို လိုက်နာရန်သာလို သည်ဟု ဆိုသည်။

ထို့ကြောင့် လက်ဆေးခြင်း၊ နှာခေါင်းစည်း စနစ်တကျတပ် ဆင်ခြင်းနှင့် လူစုလူဝေးရှောင်ရှား ခြင်းသာ ကိုဗစ်ရောဂါကာကွယ် ရန် အဓိကကျနေသည်ဟု ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူးက သတိ ပေးသည်။

‘‘ဧည့်သည်က ဘယ် လောက်ထိလာချင်ဦးတော့ ကျွန် မတို့ တခါးပိတ်ထားမယ်ဆိုရင် သူဘယ်ဝင်လို့ရမလဲ။ ဒီသဘော ပါပဲ။ ဒီလိုဝင်နိုင်တာ၊ ကူးနိုင်တာ ကိုသိနေမှတော့ တားဆီးထား တယ်ဆိုတာ ဗိုင်းရပ်စ်ကိုနိုင်တဲ့ အချက်အလက်ပဲ ဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။

ကိုဗစ် အတည်ပြုလူနာတွေ့ ရှိနှုန်း ကျဆင်းနေသော်လည်း သေဆုံးသူ သိသိသာသာလျော့ ကျမှုမရှိခြင်းသည် နေအိမ်တွင် သာကျိတ်၍ကုသပြီး ရောဂါ လက္ခဏာပြင်းထန်မှ (သို့မဟုတ်) သေဆုံးမှသာ ဆေးရုံသို့ရောက် ရှိနေသည်ဟု ကျန်းမာရေးအရာ ရှိများက ဖြေရှင်းထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အချက်အလက် များအရ ကိုဗစ်ရောဂါဖြင့်သေဆုံးခဲ့သူများအနက် ၂၀ ရာခိုင်နှုန်း ခန့်သည် သေဆုံးပြီးမှ ဆေးရုံသို့ ရောက်ရှိခြင်းနှင့် သေဆုံးခါနီးအ ချိန် ဆေးရုံရောက်သူ ၁၃ ရာခိုင် နှုန်းခန့်ရှိသည်။

၂၀၂၀ မတ်လ ၂၃ ရက်တွင် ကိုဗစ်အတည်ပြုလူနာ စတင် တွေ့ရှိခဲ့သော မြန်မာနိုင်ငံ၌ ၂၀၂၁ ဇန်နဝါရီ ၄ ရက်အထိ အတည်ပြုလူနာ ၁၂၆,၉၃၅ ဦးရှိ ကာ သေဆုံးသူ ၂,၇၄၄ ဦးရှိ သည်။ထိုအနက် ပထမလှိုင်းဟု သတ်မှတ်သည့် မတ်လမှ ဇူလိုင် အထိ အတည်ပြုလူနာ ၃၇၄ ဦး နှင့် သေဆုံးသူ ဆယ်ဂဏန်းသာ ရှိခဲ့သော်လည်း သြဂုတ်လဝက် တွင် ရခိုင်ပြည်နယ်မှ စတင်တွေ့ ရှိခဲ့သော ကူးစက်မြန် ကိုဗစ်ရော ဂါပိုး ပြည်တွင်းကူးစက်မှုမှတစ် ဆင့် လူနာသစ် သိန်းချီထပ်မံ ကူးစက်မှုဖြစ်ပေါ်ခဲ့သည်။

လက်ရှိတွင် အတည်ပြုလူ နာသစ်တွေ့ရှိမှု နည်းပါးလာမှု ကြောင့် ရန်ကုန်၊ မန္တလေးမြို့ကြီး များမှ ကိုဗစ်စင်တာအချို့ကို စတင်ပိတ်သိမ်းနေသည်။

Be the first to comment on "ကိုဗစ် ဒုတိယလှိုင်းကို စတင်ထိန်းချုပ် နိုင်ပြီလို့ ဒေါက်တာခင်ခင်ကြီးက ပြောပြီ"

Leave a comment

Your email address will not be published.


*