ကိုရီးယားဇာတ်လမ်းတွဲတွေထဲကလို နှင်းတွေကျတဲ့မြို့လေး မြန်မာနိုင်ငံမှာရှိတယ်ဆိုတာ သိပြီးပြီလား

ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကတစ်ဆင့် ကားနဲ့သွားလို့ရတဲ့ ပန်ဝါမြို့ပါ ။ပန်ဝါကိုသွားတဲ့ လမ်းနစ်လမ်းရှိပါတယ်နော်။ ပထမကအလွယ်ကူဆုံးတစ်လမ်းက မြစ်ကြီးနားကန်ပိုက်တီ တရုတ်ပြည်လမ်းကနေမြန်မာပြည် ပြန်ဝင်တဲ့လမ်းပါ။ ပထမ လမ်းအသုံးပြုမယ်ဆိုရင် တရုတ်ပြည်လမ်းက မြန်မာပြည်ပြန်ဝင်ရတဲ့အတွက် တရုတ်ပတ်စပို့လိုပါတယ်။ ဒုတိယလမ်းက မြန်မာပြည်လမ်းပါ

မြစ်ကြီးနားချီဖွေလမ်းကို အသုံးပြုမယ်ဆိုရင် လမ်းမှာတစ်ညအိပ်နစ်ရက်ကြာပါမယ်နော်။ လမ်းကမြေနီလမ်းများပါတယ် ။ ပတ်စပို့လုပ်စရာမလိုပါဘူး။ ပထမလမ်း ရန်ကုန်မန်းလေးကလာမယ်ဆိုရင် လေယာဉ်နဲ့မြစ်ကြီးနားကိုဆင်းရပါတယ်။ မြစ်ကြီးနားကနေ ကားငှားပြီး ဆက်သွားရပါတယ်။ ကန်ပိုက်တီ လမ်းကနေတရုတ်ပြည် လမ်းသွားရင်ကားစီးချိန် ၅ နာရီပဲကြာပါတယ်နော်။

ကိုယ်လမ်းသိစရာမလိုဘူး ။ ကားသမားတွေသိပါတယ်။ ကားစင်းလုံးငှားလို့ရသလို လိုင်းကားတွေလည်းရှိပါတယ်။ ကန်ပိုက်တီဂိတ်မှာ ပတ်စ်ပို့ဝင်လုပ်ရပါမယ် မှတ်ပုံတင်မိတ္တူတစ်ခု လှိင်စင်ပုံနစ်ပုံပေးလိုက်ရင် ပတ်စပို့လုပ်ပေးပါတယ်။ အများဆုံး ၁၅ မိနစ်ပဲကြာပါတယ်။ လူများရင်တော့ တန်းစီစနစ်နဲ့လုပ်ရပါမယ်နော်။

ပတ်စ်ပို့ကတရုတ်ပြည်မှာ ၁၄ ရက် သွားလာခွင့်ရှိပါတယ်။ ပန်ဝါအဝင်ဂိတ်မှာ မှတ်ပုံတင်ပတ်စပို့ ပြန်ပြရပါတယ်။ ပန်ဝါမှာတည်းဖို့ဟိုတယ်တွေမသိရင် လဝက ဝန်ထမ်းတွေ ရဲတွေရှိပါတယ်။ အကူညီတောင်းရင် ကူညီကြပါတယ်နော်။ ဒီမြို့လေးကိုတော့ google map မှာခေါက်ကြည့်ရင်တော့ လတ္တီကျု (၂၅)ဒီဂရီ၊ (၅၉) မိနစ်၊ လောင်ဂျီ ကျု (၉၈)ဒီ ဂရီ၊ (၂၀)မိနစ်

မှာတည်ရှိပီး၊မြန်မာနိုင်ငံမြေပုံအရ ကချင် ပြည်နယ် မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ၊ ပန်ဝါမြို့လေးဘဲ ဖြစ်ပါတယ်နော်။ ဒီပန်ဝါမြို့လေးဟာ ဧရိယာစတုရန်းမိုင် ၁၃၅၅ လောက် မိုင်ကျယ်ဝန်းပြီး အရှေ့မှာတရုတ်နိုင်ငံ၊ တောင်ဘက်မှာဝိုင်းမော်မြို့နယ်နဲ့ တရုတ်နိုင်ငံ၊ အနောက်ဘက်နဲ့ မြောက်ဘက်မှာတော့ ချီဖွေမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတာပါ။ မြင့်မားမတ်စောက်တဲ့ တောင်တန်းနှင့်တောင်စောင်းများ

ဝန်းရံထားတာမို့ မြေပြန့်လွင်က မရှိသလောက်နည်းပါးလွန်းပါတယ်နော် တည်းခိုခန်းဟိုတယ်တွေက ၃ သောင်းအထက်တွေရှိပါတယ်။ ပန်ဝါမှာတရုတ်နဲ့ ကချင်များပါတယ်။ အားလုံးက ရိုးသားကြပါတယ် ။အကူညီတောင်းပြီးမြို့ကို လည်ပတ်လို့ရပါ တယ် ဒါကအလွယ်ကူဆုံးလမ်းပါ။ ဒုတိယလမ်း မြစ်ကြီးနားကနေ ချီဖွေမြို့လမ်းပါ မြစ်ကြီးနားချီဖွေ ကားတစ်ရက်စီးရပါတယ်။

ချီဖွေမှာ တစ်ညအိပ်ရပါလိမ့်မယ်နော်။ တည်းခိုခန်းတွေ အများကြီးရှိပါတယ် လမ်းခရီးမြေနီလမ်းဖြစ်ပြီးတော့ တောတောင်သဘာဝတွေအများကြီးရှိပါတယ်နော်။ မေခမြစ်အတိုင်း တက်သွားရတာပါ၊ နောက်နေ့မနက်ကားနဲ့ထွက်လာရင် ညနေ ၂ နာရီလောက် ပန်ဝါရောက်ပါတယ်။ ပန်ဝါမြို့ ၁ ရက်လောက်လည်ပြီးရင် ကန်ပိုက်တီလမ်းလည်း ပြန် လို့ရပါတယ်နော်။

ဆိုင်ကယ်စီးဝါသနာရှင်တွေကတော့ မြစ်ကြီးနားချီဖွေပန်ဝါလမ်းကို ဆိုင်ကယ်သွားလို့ရပါတယ်။မှတ်ချက်။ မြစ်ကြီးနားမှာ မိုးတွေအုံ့ပြီးမြူတွေ ကျနေရင်တော့ ပန်ဝါမှာ နှင်းကျတတ်ပါတယ်နော်။ မြစ်ကြီးမြို့ရောက်ရင်ခန့်မှန်းနိင်ဖို့ပါ။

Unicode

Credit

Be the first to comment on "ကိုရီးယားဇာတ်လမ်းတွဲတွေထဲကလို နှင်းတွေကျတဲ့မြို့လေး မြန်မာနိုင်ငံမှာရှိတယ်ဆိုတာ သိပြီးပြီလား"

Leave a comment

Your email address will not be published.

*