စိတ်ညစ်နေလား စိတ်ဓါတ်ကျနေလား ဘရူနိုင်း ဘုရင်ကြီးရဲ့ ချမ်းသာကြွယ်ဝမှုကို ကြည့်လိုက်ပါ…

စိတ်ညစ်နေလား စိတ်ဓါတ်ကျနေလား ဘရူနိုင်း ဘုရင်ကြီးရဲ့ ချမ်းသာကြွယ်ဝမှုကို ကြည့်လိုက်ပါ ( ဘရူးနိုင်း ဘုရင်ကြီးက မင်းအောင်လှိုင်လောက် ချမ်းသာပါ့မလား )

ဆံပင်တခါသွားညှပ်ရင် ပိုက်ဆံ ၂ သောင်းလောက်ကုန်သွားလို့ စိတ်ဆင်းရဲနေလား.. ဘရူနိုင်းဘုရင်အကြောင်း သတိရလိုက်.. ဘရူနိုင်းဘုရင်ဆိုတာ လန်ဒန်က ဆံပင်ညှပ်ဆရာ ကန်မိုဒက်စတို ကို တလတခါ မြန်မာငွေ သိန်းတစ်ထောင်နီးပါး အကုန်အကျခံပြီး ဘရူနိုင်းကို ပထမတန်းစား လေယာဉ်နဲ့ ပင့်ပြီး ခေါ်ညှပ်တာ အဲဒါသတိရရင် စိတ်သက်သာလိမ့်မယ်.. ကိုယ့်မှာ ကား ၂ စီးရှိလို့ post တင်ပြီး ကြွားမလား.. ခန နေအုန်း ဘရူနိုင်း ဘုရင်ကို သတိရလိုက်..

သူတယောက်ထဲပိုင်တဲ့ ကား အစီးရေ ၆၀,၀၀၀ ကျော် ရှိတယ်.. တန်ဘိုးက ၅ ဘီလျံဒေါ်လာကျော်တယ်.. မာစီးဒီး ၅၀၀ BMW ၂၀၀ Rolls Royces ၅၀၀ ကျော် Bentley ၃၅၀ လန်ဘော်ဂနီ ၂၀ ဖာရာရီ ၃၀၀ ဂျာဂွာ ၁၇၀ ကျော် ရှိတယ်.. ကျန်တဲ့ ကားပေါ်င်း များစွာရှိတယ်.. ဘရူနိုင်း ဘုရင်နဲ့ သူ့ညီ ဂျက်ဖရီတို့က ကားခရေဇီ တွေ.. အိမ်ဆောက်ပြီးခါစမို့ စိတ်ကြီးဝင်နေလား ဘရူနိုင်း ဘုရင်မိသားစု တစုထဲနေတဲ့ နန်းတော်အကြောင်း ချေမိုးပြီး ပြောပြအုန်းမယ်..

နန်းတော်က အကျယ်ပေ ၂ သန်းရှိတယ်.. ရေချိုးခန်း ၂၅၇ ခန်း အိပ်ခန်း ၁၇၈၈ အထပ် ၁၇ ထပ် ဓါတ်လှေကား ၁၈ ခု လှေကား ၄၄ ခုရှိတယ်.. ရေကူးကန် ၅ ခု ပါတယ်.. စိန်ပါတဲ့ မီးဆိုင်း မီးဆွဲ အလှဆင်တာတွေ ၅၆၄ ခုနဲ့ မီးလုံးလေးတွေ ၅ သောင်းကျော် အလှဆင်ထားတယ်.. ကားဂိုထောင် ၁၁၀ ရှိပြီး လူ ၅၀၀၀ ကျော် တပြိုင်နက် တည်ခင်းလို့ရတဲ့ ခန်းမကြီးရှိတယ်.. Guiness စာအုပ်ကရေးတာတော့ ကမ္ဘာပေါ်မှာ အကြီးဆုံး လူနေ နန်းတော်တဲ့.. သူ့ညီ ဂျက်ဖရီရဲ့

တနေ့တာ အသုံးစရိတ်က ဒေါ်လာ ၇ သိန်းကျော်ရှိပြီး အမျိုးအဆွေတွေနဲ့ မိတ်ဆွေတွေကို လက်ဆောင်ပေးတာ မပါသေးဘူးတဲ့.. ဘရူနိုင်းဘုရင် တခါခရီးထွက်ရင် လူ ၁၀၀ ကျော် ပါလေ့ရှိပြီး ဈေးဝယ်ထွက်ရတာ သဘောကျတယ်တဲ့.. အာမာနီ ဗဆာချီ ဘရန်းတွေကို တခါဝယ်ရင် တရောင်ထဲ တဆင်ထဲ အထည် ၁၀၀ ကျော် ဝယ်တတ်တယ်တဲ့..

ကျန်သေးတယ် ကလေးတို့ရေ သူ့လေယာဉ်က ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး private jet ပါ.. ပျံသန်းနေတဲ့ နန်းတော်ကြီးလို့ တင်စားရလောက်အောင် အထဲမှာ ပြင်ဆင်ထားတယ်.. လက်ဆေးတဲ့ နေရာတောင် ရွှေအစစ်နဲ့ ရွှေအင်တုံကြီး ဆိုတော့ ပိုးအစစ်ကို ခြေနင်းဘို့ ခင်းထားတာ မပြောတော့ဘူး.. စိတ်ဝင်စားစရာကောင်းတာက လေယာဉ်ထဲ မြင်းဇောင်းပါတာဘဲ.. သူက ပိုလိုကစားတာဝါသနာပါတယ် ဆိုတော့ ပိုနီမြင်းလေး အကောင် ၂၀၀ ကို အဲကွန်းနဲ့ မွေးထားတာ.. တခါက

မင်းသား ချားလ်စ်နဲ့ ပိုလိုသွားကစားတာ သူကစားမယ့်ဖိနပ်ကို ရဟတ်ယာဉ်နဲ့ အင်္ဂလန်ပို့ရတယ်.. ပြီးတော့ သူ့ရဲ့ နှစ် ၅၀ ပြည့်မွေးနေ့မှာ မွေးနေ့ ပျော်ပွဲရွှင်ပွဲ ၂ ပတ်လုပ်ပြီး မိုက်ကယ်ဂျက်ဆင် ဖျော်ဖြေပေးခဲ့တယ်.. အဲဒီအတွက် မိုက်ကယ်ဂျက်ဆင်ကို ၁.၇ သန်း ပေးခဲ့တယ်။ ဒါပေမယ့် ဝှစ်တနီ ဟူစတန်ကျတော့ (blank check) ချက်လက်မှတ်အလွတ် ပေးခဲ့ပြီး

ကိုယ့်ကိုကိုယ် တန်ဘိုးဖြတ်လိုက်ပါ လို့ ပြောလို့.. ဝှစ်တနီ ဟူစတန်က ဒေါ်လာ ၇ သန်း ယူသွားခဲ့တယ်။ ဘရူနိုင်း ဘုရင်ရဲ့ ဝင်ငွေက တစက္ကန့်မှာ ဒေါ်လာ ၁၀၀ ကျော် တက်နေတာမို့ သူ့သား နန်းတက်တဲ့ အခါ ထရီလျံနာ ဖြစ်လိမ့်မယ်လို့ ဆိုတယ်။ အရင်က ဘရူနိုင်းဘုရင်က အချမ်းသာဆုံး နောက်မှ ဘီလ်ဂိတ်က သူ့နေရာ ယူသွားတာ.. ဒီနေ့ ဘဲဥချဉ်ဟင်းစားရလို့ စိတ်ညစ်နေလား ဒီစာလေး ထမင်းစားတိုင်းဖတ်ကျိ ဘရူနိုင်းက အရင်က အရမ်းဆင်းရဲတာ စင်္ကာပူသွားမယ်ဆို အင်္ဂလန်က

ပိုက်ဆံချေးရတယ်.. နောက်တော့ shell ရေနံကုမ္မဏီက ဘရူနိုင်းမှာ ရေနံသိုက်ကြီးကို တူးမိရော နေ့ချင်းညချင်း ကြီးပွားသွားတာဘဲ.. နိုင်ငံက လူဦးရေ ၄ သိန်းကျော်ဘဲရှိတာ ဆိုတော့ ပညာရေးကျန်းမာရေး free အခွန် မကောက်ဘူး..

ဒါပေသိ အစိုးရ ဘယ်လိုချမ်းသာနေလဲပြောရင် ရာဇဝတ်မှုဘဲ လုံးဝ မပြောရဘူး.. ဒီတော့ စိတ်မညစ်နဲ့ ဒီနေ့ ဘဲဥ ချဉ်ဟင်း ဖြစ်ပေမယ့် နောက်နေ့ ဆားနဲ့ ငရုတသီး ဖြစ်ချင်ဖြစ်မှာ စိတ်ဓါတ်မကျနဲ့..

Unicode

Crd-(Myat Yee Mon)

Be the first to comment on "စိတ်ညစ်နေလား စိတ်ဓါတ်ကျနေလား ဘရူနိုင်း ဘုရင်ကြီးရဲ့ ချမ်းသာကြွယ်ဝမှုကို ကြည့်လိုက်ပါ…"

Leave a comment

Your email address will not be published.

*