ရုံးပိတ်ရက် အလည်အပါတ်ထွက်မယ့်သူများအတွက် သတင်းကောင်း – လာမယ့်ရုံးပိတ်ရက်မှာ ရန်ကုန် − မန္တလေး လေအိတ်အထူးရထားပြေးဆွဲမည်

လာမည့် အောက်တိုဘာ ၂၄ ရက်တွင် ကျရောက်သည့် ဒီပါဝလီနေ့၌ ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အထူးရထားပြေးဆွဲရန် စီစဉ်ထားကြောင်းမြန်မာ့မီးရထားမှသိရသည်။ အဆိုပါအထူးရထားသည်အပတ်စဉ်သောကြာနှင့်တနင်္ဂနွေတို့တွင်ပြေးဆွဲနေသည့်အမှတ် ၅ အဆန်နှင့် ၆ အစုန် ရန်ကုန်-မန္တလေး လေအိတ်ရထား နှစ်စင်းကိုတနင်္လာနေ့ဖြစ်သည့်အောက်တိုဘာ ၂၄ ရက်တွင်

အထူးရထားအဖြစ်တစ်ရက်ပိုမိုပြေးဆွဲပေးခြင်းမျိုးလည်းဖြစ်ကြောင်းသိရသည်။ ထိုရထားအတွက် လက်မှတ်များကိုယခင်ပုံမှန်အစီအစဉ်များအတိုင်းရောင်းချနေပြီးရထားခရီးစဉ်မှာလည်းယခင်အတိုင်းလမ်းခရီးတွင် ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊နေပြည်တော်၊သာစည် စသည့် ငါးဘူတာ၌သာရပ်တန့်သွားမည်ဟုသိရသည်။ ထို့အပြင် ယခုအပတ်တွင်စနေ၊ တနင်္ဂနွေရက်နှင့် ဒီပါဝလီနေ့

အဖြစ်အစိုးရရုံးပိတ်ရက်မှာသုံးရက်ဆက်တိုက်ပိတ်သည့်ကာလဖြစ်သည့်အတွက်နေရပ်ပြန်လိုသည့်ဌာနဆိုင်ရာဝန်ထမ်းများအဆင်ပြေလွယ်ကူစွာသွားလာနိုင်ရန်နေပြည်တော်-ရန်ကုန် အစုန်အထူးရထားကို အောက်တိုဘာ ၂၁ ရက် ညပိုင်းတွင်ထွက်ခွာပေးရန်စီစဉ်ကာ လက်မှတ်များရောင်းချနေကြောင်းသိရသည်။ထိုရထားတွင်အထက်တန်းတွဲ ခြောက်တွဲ၊ ရိုးရိုးတန်းတွဲ

ရှစ်တွဲချိတ်ဆွဲကာလေအိတ်တွဲဆိုင်းဖြင့်သုံးစွဲမည်ဖြစ်ပြီး နေပြည်တော်ဘူတာမှ ည ၆နာရီခွဲတွင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နောက်တစ်ရက်ဖြစ်သော အောက်တိုဘာ ၂၂ ရက်နံနက် ၇ နာရီ ၁၅ မိနစ်တွင်ဆိုက်ရောက်မည်ဟုသိရသည်။

လက်ရှိကာလတွင် ရန်ကုန်-နေပြည်တော်ရထားများပြေးဆွဲခြင်းမျိုးမရှိသေးဘဲ ရန်ကုန်-မန္တလေးရထားများသာပြေးဆွဲနေပြီး နေပြည်တော်တွင်အချိန်အနည်းငယ်ပိုမိုရပ်တန့်ပေးခြင်းမျိုးဖြင့်လုပ်ဆောင်နေကြောင်း၊လွန်ခဲ့သောသီတင်းကျွတ်ကာလ ရုံးပိတ်ရက်များကလည်းယင်းကဲ့သို့သောနေပြည်တော်-ရန်ကုန်အထူးရထားများကိုပြေးဆွဲခဲ့ကြောင်းသိရသည်။

Unicode

Credit

Be the first to comment on "ရုံးပိတ်ရက် အလည်အပါတ်ထွက်မယ့်သူများအတွက် သတင်းကောင်း – လာမယ့်ရုံးပိတ်ရက်မှာ ရန်ကုန် − မန္တလေး လေအိတ်အထူးရထားပြေးဆွဲမည်"

Leave a comment

Your email address will not be published.

*