ထူးဆန်းတဲ့မြန်မာ့ ပြန်လမ်းမဲ့ ရေကန်

ထူးဆန်းတဲ့မြန်မာ့ ပြန်လမ်းမဲ့ ရေကန်

မြန်မာ့ ပြန်လမ်းမဲ့ ရေကန်ဘာမြူဒါတြိဂံဆန်ဆန် ပျောက်ဆုံးတတ်တဲ့ မြန်မာနိုင်ငံ ပိုင် ပြန်လမ်းမဲ့ ရေကန် အကြောင်းကိ ရေးသားလိုက်ပါတယ်သူရဲ့အမည်နာမကိုက The Lake Of No Return ဖြစ်တဲ့အတွက် ပြန်လမ်းမဲ့ ရေကန်လို့အမည်ပေးလိုက်ခြင်း ပဲ ဖြစ်ပါတယ်။

ဒေသခံတွေကတော့ Nawng Yung လို့ ခေါ်ကြပါတယ်။အဲဒီရေကန် ဟာ လီဒိုလမ်းမကြီးနား မှာ တည်ရှိပါတယ်။ အိန္ဒိယ ၊ မြန်မာ နှစ်နိုင်ငံ နယ်စပ် ဘော်ဒါလိုင်းမှာ ရှိတယ် ဆိုပေမဲ့ အမှန်စစ်စစ်ကတော့ မြန်မာ့မြေပေါ်ရဲ့ အတိုင်းအထွာ27 degrees 13′ 11″N 96 degree 08′ 39″ E

မှာတည်ရှိနေတဲ့ မြန်မာပိုင်ပဲ ဖြစ်ပါတယ်။မြန်မာ့ ပြန်လမ်းမဲ့ ရေကန်လီဒို လမ်းမကြီးကို ဒုတိယကမ္ဘာစစ်အတွင်းမှာ အိန္ဒိယနိုင်ငံကနေ တရုတ်နိုင်ငံကို အရေးကြီးတဲ့ စစ်ပစ္စည်း ကရိယာတွေ သယ်ယူဖို့နဲ့ စစ်ရှောင်ရင် သုံးရအောင်ဆိုပြီး ရည်ရွယ်ဖောက်လုပ်ထားခဲ့တာ ဖြစ်ပါတယ်။

အလွန်လှပတဲ့ အင်ဂျင်နီယာလက်ရာတွေ ရှိတယ် လို့ ဆိုကြပြီး အိန္ဒိယနိုင်ငံ ၊ အာသံပြည်နယ်၊ လီဒို အရပကနေတဆင့် စတင်ဖောက်လုပ်တဲ့အတွက် လီဒိုလမ်းမ လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် အိန္ဒိယ-မြန်မာ-တရုတ် လမ်း လို့လည်း ခေါ်ဆိုနိုင်ပါတယ်။

အဲဒီအချိန်မှာ အဲဒီလမ်းနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ရေကန်ပေါ်က ဖြတ်သန်း သွားတဲ့ မဟာမိတ် အမေရိကန် လေယာဉ်ပေါင်းများစွာဟာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပြီး ရေကန်နား ကိုရောက်ရှိ ချည်းကပ်လာတဲ့ ဂျပန်စစ်သား ဒါဇင်ပေါင်းများစွာလည်း ပျောက်ဆုံးသွားခဲ့ ဖူးတဲ့ သမိုင်းတွေရှိပါတယ် ။

မြန်မာ့ ပြန်လမ်းမဲ့ ရေကန်ဒေသခံတွေရဲ့ ရှေးရိုးအစဉ်အလာသမိုင်း ၊ပုံပြင်တွေမှာလည်း နတ်ကြီးပြီးဘီလူးတွေ ကျက်စားတဲ့ ရေကန်လို့မှတ်ယူကြပါတယ် ဒေသခံတွေကအဲဒီကန်ထဲကငါးတွေကိုဖမ်းဆီးလေ့မရှိပဲ ဘေးမဲ့ပေးထားတဲ့ နေရာဒေသတစ်ခုလည်း ဖြစ်ပါတယ်။ယခင်တုန်းက

အရွယ်အလွန်ကြီးမားတဲ့ ရေနဂါးတွေကို တွေ့ခဲ့ရပြီး ရေကန်ရဲ့ အောက်ခြေမှာနဂါးတိုင်းပြည်လိုမျိုး တည်ရှိနေတယ် လို့ ဒဏ္ဍာရီတွေလည်းရှိခဲ့ဖူးပါတယ်။နောက်ပိုင်းမှာအင်္ဂလိပ်တွေကအဲဒီရေကန်ကိုLake of no return ၊ ပြန်လမ်းမဲ့ရေကန် လို့အမည်ပေးခဲ့ပြီး အိန္ဒိယလူမျိုးတွေကတော့

အိန္ဒိယရဲ့ဘာမြူဒါဒေသလို့အမည်ပေးခဲ့ပါတယ်။တယ်လီဂရပ်သတင်းစာကလည်းအဲဒီအကြောင်းကိုအခိုင်အမာ ရေးသားခဲ့ပါတယ်။ဝီကီပီဒီယားရဲ့စွယ်စုံကျမ်းမှာလည်းအဲဒီရေကန်အကြောင်းကိ ပျောက်ဆုံးမှုတွေပါမကျန်ထည့်သွင်းထားတာတွေ့ရှိရပြီး ရေကန်အောက်ခြေမှ

ဘာမြူဒါတြိဂံဒေသ ရဲ့ နောက်ဆုံးသီအိုရီလိုမျိုးမီသိန်းဓါတ်ငွေ့တွေများရှိနေမလားလို့စမ်းသပ်ကြည့်သင့်ကြောင်း ထင်မြင်ချက်ရေးထားတာကို တွေ့ရပါတယ်။

Unicode

Credit

Be the first to comment on "ထူးဆန်းတဲ့မြန်မာ့ ပြန်လမ်းမဲ့ ရေကန်"

Leave a comment

Your email address will not be published.

*