မင်းအောင်လှိုင် က ရုရှားကို အတင်းကပ်နေရခြင်းရဲ့ နောက်ကွယ်

မင်းအောင်လှိုင်သည် သူ့လူများကို အကြိမ်ကြိမ် ရုရှားသို့ စေလွှတ်ကာ ရေနံတူးပါ၊ ချက်ပါ၊ ဓါတ်မြေဩဇာတွေ လာထုတ်ပါ၊ ရင်းနှီးမြှုပ်နှံကြပါဟု အောက်ကျခံ ပြောဆိုနေရပေသည်။ အဘယ်ကြောင့် ကရင်မလင်ကို ထိုသို့ အတင်း တွယ်ကပ်နေကြသနည်း ဆိုသည့် မေးခွန်းကို စင်္ကာပူ ရှိ ယူဆွတ် အီရှတ် သုတေသီ ဌာန ကြီးမှ အထက်ပါ ခေါင်းစဉ်ဖြင့် ယခုလို သုံးသပ် တင်ပြသွားခဲ့သည်။

ထိုသို့ ရုရှားကို ချဥ်းကပ်လာခြင်း၏ အဓိက အကြောင်းရင်း နှစ်ရပ်မှာ လက်တွေ့ကျကျ နိုင်ငံရေး သဘောတရား နှင့် ဘူမိနိုင်ငံရေး သဘောတရားများ ကြောင့် ဖြစ်သည်ဟု ဆိုရပေမည်။

စစ်တပ်သည် သောင်းကျန်းသူ တိုက်ဖျက်ရေး၊ ပြည်ပ ခြိမ်းခြောက်မှု မှ ကာကွယ်ရန် ဆိုသည့် အကြောင်းပြချက် များ ဖြင့် လက်နက်များ အမြဲလို ဝယ်ယူလေ့ရှိသည်။ ၁၉၈၈ အာဏာသိမ်းပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့မှု ခံခဲ့ရပြန်သဖြင့် လက်နက်များ ဆက်လက် ဝယ်ယူနိုင်ရေး အတွက် တရုတ်ဖက်သို့ လှည့်လာခဲ့သည်။

မဖြစ်၍သာ ဝယ်နေရသော်လည်း စစ်ဗိုလ်ချုပ်များက တရုတ်လုပ် လက်နက်များ၊ အထူးသဖြင့် တိုက်လေယာဉ် များ၏ အရည်အသွေး အပေါ် ကာလကြာမြင့်စွာကပင် စိတ်တိုင်းမကျ ဖြစ်နေခဲ့ကြသည်။

အထူးသဖြင့် မြန်မာကို ရောင်းချရမည့် တိုက်လေယာဉ်များဆိုလျှင် အဆင့်လျော့ချ downgrade ထားလေ့ရှိ သည် ဟု ယူဆကြောင်း အမည်မဖေါ်လိုသော ဗိုလ်ချုပ်တဦးက ပြောပြခဲ့သည်။

နောက်ဆုံးတွင် စစ်ဗိုလ်ချုပ်များက နောက်ထပ် ရောင်းချပေးမည့်သူကို ရှာလာရတော့သည်ဟု ဆိုသည်။ ရုရှား၊ အရှေ့ ဥရောပ နိုင်ငံများ နှင့် မြောက်ကိုရီးယားကိုပင် ချဥ်းကပ် ခဲ့ကြသည်။

၂၀၀၁ ဖေဖေါ်ဝါရီလ တွင် ထိုင်း နှင့် နယ်ခြား ပဋိပက္ခများ ဖြစ်ပွားလာခဲ့သောအခါ ၎င်းတို့ လက်ဝယ်ရှိ F-7 11K သည် ထိုင်း၏ အမေရိကန်လုပ် F-16 ဂျက်တိုက်လေယာဉ်များနှင့် မယှဉ်နိုင်မှန်း သိလာကြသည့်အခါတွင် ရုရှား၏ MIG-29 တိုက်လေယာဉ်များကို ၁၂ စီး အထိ ဝယ်ယူခဲ့ကြသည်။

၂၀၀၉ ခုနှစ်တွင် နောက်ထပ် အစီး ၂၀ ထပ်ဝယ်ရန် ဆွေးနွေးလာခဲ့သည်။ ရုရှားတို့ အတွက် MIG-29 စီး ဝယ်ယူ ရန် အယ်ဂျီးရီးယား နှင့် သဘောတူညီချက် ပျက်ပြယ်သွားပြီးနောက်ပိုင်း ပြည်ပသို့ အရေအတွက် အများဆုံး ရောင်းချရမှု အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်ဟု ဆိုသည်။

တိုက်လေယာဉ်များ သာမက စစ်တပ်ခေတ်မှီရေး နှင့် လေ့ကျင့်သင်ကြားပေးရေး အတွက်ပါ ရုရှားဖက် လှည့် လာခဲ့ကြသည်။ မင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ် မဖြစ်ခင်ကတည်းက ဗိုလ်မောင်အေးသည် သန်းရွှေ၏ သဘောတူညီချက်ဖြင့် ရုရှားကို ကမ်းလှမ်းခဲ့ခြင်းလည်း ဖြစ်သည်။ ဗိုလ်သန်းရွှေ နှင့် ဗိုလ်မောင်အေး တို့ နှစ်ဦး စလုံးသည် တရုတ် ကျောထောက်နောက်ခံ ပေးထားသော ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် တိုက်လာရသူများဖြစ်၍ “ပြည်ပရန်သည် ဘယ်နေရာက လာမည်” ဆိုသည်ကို ကောင်းစွာ သိနားလည်ထားသူများ ဖြစ်ကြောင်း အမည် မဖေါ်လိုသော ဗိုလ်ချုပ်ကပင် ပြောပြခဲ့သည်။

၂၀၂၁ အာဏာသိမ်းပြီး နောက်တွင် တရုတ် နှင့် ဆက်ဆံရေးသည် ကသိကအောက် ဖြစ်လာခဲ့သည်။ တရုတ်သည် မြန်မာနိုင်ငံ တွင်း ရှိ ၎င်းတို့၏ အကျိုးစီးပွားကို သာ ကာကွယ်လိုစိတ် ရှိနေသည်ကို ရိပ်စားမိလာသော ကြောင့် ဖြစ်သည်။ ထို့အတွက် စစ်ဗိုလ်ချုပ်ကြီးများသည် ဆရာသမား ဖြစ်သူ မောင်အေး၏ အိုင်ဒီယာအတိုင်း လက် နက်ထောက်ပံ့နိုင်မည့် ရုရှားကို ပြန်၍ ချဥ်းကပ်ရန် ဆွေးနွေးလာခဲ့ကြသည်။

မင်းအောင်လှိုင်သည် အခြားစစ်ဗိုလ်ချုပ်များလို မဟုတ်ဘဲ အာဏာသိမ်းပြီးကတည်းက တရုတ်သို့ တကြိမ် တခါမျှပင် သွားခဲ့ဖူးခြင်း မရှိပေ။ မြန်မာအရေး အထူးသံတမန် ဖြစ်သူ ဆွန် ဂေါရှန် မှ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့်ရရေး တောင်းဆိုမှုကိုလည်း ပယ်ချခဲ့ကြသည်။

ရုရှား ၏ ၇၅ ကြိမ်မြောက် အောင်ပွဲနေ့ စစ်ရေးပြပွဲသို့ ရောက်ရှိခဲ့သော မင်းအောင်လှိုင်အား ရုရှား အစိုးရပိုင် RT ရုပ်သံနှင့် အင်တာဗျူးတွင် “ရုရှားလုပ် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ နှင့် ပတ်သက်၍ ကျေနပ်မှု ရှိမရှိ” မေးမြန်းရာတွင် “တကယ်ကို ကောင်းသဗျာ၊ အရည်အသွေးလည်း မြင့်တယ်” ဟု ပြန်ဖြေသွားခဲ့သည်။

မြန်မာ၏ လေကြောင်း ကာကွယ်ရေး စနစ် ခေတ်မှီရေး အတွက်လည်း ရုရှား၏ အကူအညီကို တောင်းခံလာ ခဲ့သည်။ မြန်မာ၏ ကရိုနီကြီး တဦးကလည်း ထိုသို့ အကူအညီတောင်းရန် သန်းရွှေ နှင့် မောင်အေးအား အကြံဉာဏ်ပေးခဲ့ဖူးသည် ဟု ပြောလာခဲ့သည်။

စစ်ဖက်အရာရှိများကို အရည်အသွေး မြှင့်တင်နိုင်ရေး အတွက် သက္ကရာဇ် ၂၀၀၀ ကျော် ကာလ များတွင် မြန်မာ စစ်အရာရှိ ထောင်ပေါင်းများစွာ သည် သင်တန်းတက်ရန် ရုရှားသို့ စေလွှတ်လာခဲ့သည်။ ထိုသင်တန်းများကို မင်းအောင်လှိုင်က ဆော်ဩခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေပြီး သင်တန်းများတွင် စစ်ရေး၊ နည်းပညာ၊ ဒုံးကျည် နှင့် နျူကလီးယား အထိ ပါဝင်လာခဲ့သည်။

ရုရှားပြန် သင်တန်းသား အချို့သည် မဟာဗျူဟာ လေ့လာရေး ရုံးတွင် တာဝန်ထမ်းဆောင်နေပြီး နေပြည်တော် စစ်ရုံးရှိ ဗိုလ်ချုပ်ကြီးများကို အကြံဥာဏ်များ ပေးနေကြသည်။ ယူကရိန်းအား ရုရှား၏ ကျူးကျော်မှုကို ထောက် ခံခဲ့ခြင်းသည်လည်း ၎င်းတို့၏ အကြံဥာဏ်များ တစိတ်တပိုင်း ပါဝင်သည်ဟု ယူဆ၍ ရပေသည်။

စစ်ဗိုလ်ချုပ်များသည် အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံများနှင့် မိတ်ဆွေဟု ယူဆထားသည့် တရုတ် နှင့် အာဆီယံ အစရှိသည့် နိုင်ငံများ၏ ဖိအားပေးမှုများကို ခံနေရ၍ ရုရှားမှ လက်နက်များ ဆက်လက်ထောက်ပံ့ပေးနေခြင်း နှင့် ၎င်းတို့၏ အာဏာသိမ်းမှုကို အသိအမှတ်ပြုလာခဲ့မှု များကြောင့် စစ်ဗိုလ်ချုပ်များသည် “အနည်းငယ်မျှသာ ရှိတော့သော” မိတ်ဆွေများ တွင် ရုရှား ပါဝင်နေပြီ ဆိုသည်ကို အသိအမှတ်ပြုလာခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေး၊ သူမနှင့် တွေ့ဆုံ ဆွေးနွေးခွင့် ပြုရန် တောင်းဆိုမှုများ နှင့် ရင်ဆိုင်လာ ရ၍ ကုလ လုံခြုံရေး ကောင်စီတွင် ဗီတို စွဲကိုင်ထားသော ရုရှားသည် စစ်ဗိုလ်ချုပ်များ အတွက် ရုရှားသည် ဖိအားများကို တဖန်ပြန်၍ ထိန်းညှိပေးနိုင်သူ ဖြစ်လာခဲ့သည်။

ရုရှား အဖို့ကလည်း ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်တွင် တကမ္ဘာလုံး၏ ပြစ်တင်ကြိမ်းမောင်းခြင်းကို ခံလာ ရ၍ မိတ်ဆွေ ရှာဖို့ စိတ်အားထက်သန်လာခဲ့သည်။ အာဏာသိမ်းပြီးကာစ တွင် မြန်မာ နှင့် ပတ်သက်၍ သတိ ကြီးစွာထားပြီး ကြေညာချက် ထုတ်ခဲ့သော်လည်း ရုရှားသည် ယခုအခါ နေပြည်တော်နှင့် ဆက်ဆံရေး ပိုမို နီးစပ်ရန် ပြောဆိုဆွေးနွေးလိုပုံ ပြလာခဲ့ပြီ ဖြစ်သည်။

“ယူကရိန်း စစ်ပွဲ ပြီး နောက်ပိုင်း တွင် နှစ်နိုင်ငံစလုံးကို ကမ္ဘာက အတူတူနှင့် အနူနူ ဟု သဘောထား ဆက်ဆံလာ ကြသဖြင့် ပို၍ ထိစပ်လာကြခြင်း ဖြစ်သည်” ဟု လက်ရှိ စစ်အာဏာသိမ်း အဖွဲ့နှင့် နီးစပ်မှု ရှိသည့် အထက်တန်း စစ်ဖက် အရာရှိကြီးတဦးက ဆိုသည်။ ၎င်း၏ အဆိုအရ ရုရှား အပေါ် ထားသည့် စစ်အာဏာသိမ်း အဖွဲ့၏ ပေါ်လစီသည် ဘူမိနိုင်ငံရေး၏ စေ့ဆော်မှု သက်သက်ကြောင့် ဖြစ်သည်ဟု သိရသည်။

စစ်တပ်သည် ထိုသို့ ကရင်မလင်ကို ရင်ဖွင့် ကြိုဆိုလာသည်နှင့် အမျှ ရုရှားသည် အရှေ့တောင်အာရှ နှင့် အိန္ဒိယ သမုဒ္ဒရာတွင် ၎င်းတို့၏ ဘူမိနိုင်ငံရေး ခြေတံလက်တံများ ဆန့်ထုတ်နိုင်ရေး အတွက် မြန်မာကို မဟာဗျူဟာအရ ခြေကုပ် ယူလာမည့် အနေအထား ဖြစ်လာဖွယ် ရှိနေပြီး ဒေသတွင်း တင်းမာမှုများ ဖြစ်ပွားလာနိုင်ပေသည်။

စစ်တပ်၏ ရုရှား အပေါ် ချဥ်းကပ်နေမှုသည် မဟာဗျူဟာမြောက် အမှား ကျူးလွန်ခဲ့ခြင်း ရှိမရှိ ဆိုသည်မှာ မျက်နှာစာ အသီးသီးတွင် သံခင်းတမန်ခင်းအရ အပေးအယူ လိုက်လျောမှု အပေါ် မူတည်နေပုံရသည်။ သို့သော် လောလောဆယ်တွင်တော့ အဓိက ပါဝင် ပတ်သက်နေသူများဖက်က ထိုသို့ ပြုလုပ်မည့် အရိပ်အယောင် ပြသ လာခြင်းမျိုး မရှိသေးပေ။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

Hla Soewai

Unicode

Be the first to comment on "မင်းအောင်လှိုင် က ရုရှားကို အတင်းကပ်နေရခြင်းရဲ့ နောက်ကွယ်"

Leave a comment

Your email address will not be published.

*