အသုံးအဖြုန်းကြီးသူတောင်မှ တစ်နှစ်အတွင်း ငွေအမြောက်အများ စုမိစေမဲ့ နည်းလမ်း ၃ ချက်

ပိုက်ဆံစုခြင်းဟာ အသုံးအဖြုန်းကြီးသူတွေအတွက် အခက်ခဲဆုံးအရာဖြစ်ပြီး အမြဲတစေမေ့လျော့စေတတ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် တခါတလေ ကျွန်တော်တို့လိုချင်တဲ့ ပစ္စည်းလေးတွေကို ဝယ်ဖို့အတွက် စုထားတဲ့ငွေလေးတွေ အရံသင့်ရှိနေရင်တော့ တကယ့်ကိုအဆင်ပြေစေပါတယ်။

ဒါကြောင့် ငွေမစုတတ်သူတွေ ငွေစုပြီး သူဋ္ဌေးဖြစ်ဖို့နဲ့ အသုံးအဖြုန်းကြီးသူတွေလည်း ငွေစုမိလာစေဖို့ နည်းလမ်းသုံးချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အဆင့်ဆင့်စုဆောင်းမယ်

ဒီနည်းလမ်းဟာ တနှစ်သို့မဟုတ် ၅၂ ပတ်လောက်ကြာမြင့်ရပါမယ်။ ဥပမာအားဖြင့် ပထမဆုံးစစုတဲ့အပတ်မှာ ၁၀၀၀ နဲ့စုရင် နောက်တပတ်မှာ ၂၀၀၀ ၊ တတိယပတ်မှာ ၃၀၀၀ စသဖြင့် ၁ ထောင်စီ တိုးတိုးပြီး စုသွားပေးပါ။

ဒါပေမယ့် ယခုနည်းလမ်းဟာ နေ့စဉ်ပုံမှန်ဝင်ငွေရှိနေတဲ့ သူအတွက်သာအလုပ်ဖြစ်ပြီး ခက်ခဲပါက လစဉ်စုငွေသဘောမျိုးနဲ့ ပြန်စုလို့လည်း ရပါတယ်။

၂။ သုံးပြီးတာနဲ့စုမယ်

ဒီနည်းလမ်းဟာ လွယ်ကူပြီးတော့ သင့်ကိုပိုက်ဆံစုမိရုံသာမက ကုန်ကျစားရိတ်တွေကိုလည်း သတိထားမိစေဖို့ ကူညီပေးနိုင်ပါတယ်။

ဥပမာအားဖြင့် သင်ဘာကိုပဲဝယ်ဝယ် တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကို စုဘူးထဲထည့်ရမှာပါ။

သင်က ၁၅၀၀၀ တန်တဲ့အင်္ကျီဝယ်ရင် ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ၁၅၀၀ ကိုစုထားပါ။ ဒီနည်းလမ်းက သင့်ရဲ့အသုံးစားရိတ်တွေကို ခြေရာခံနိုင်ပြီး ပြန်ကာတဲ့သဘောမျိုး ဖြစ်စေပါတယ်။

၃။ အပြစ်ပေးရင်းလည်း စုမယ်

ဒီနည်းလမ်းကတော့ သင့်ရဲ့မကောင်းတဲ့အလေ့အထတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ကူညီပေးနိုင်သလို ငွေလည်းစုမိစေမှာဖြစ်ပါတယ်။

ဥပမာအားဖြင့် သင်အိပ်ရာထနောက်ကျတာတွေ၊ အလုပ်နောက်ကျတာတွေ၊ Gym သွားဖို့မေ့နေတာတွေအတွက် ကိုယ့်ကိုယ်ကို ဒဏ်ကြေး ကောက်ပါ။

၁၀၀၀ ၊ ၂၀၀၀ က နည်းသေးရင် ၅၀၀၀ ၊ ၁၀၀၀၀ ထိ ဒဏ်ကြေးကောက်ပြီး ကိုယ့်ကိုယ်ကိုအပြစ်ပေးပါ။

အရေးကြီးတဲ့အရာတစ်ခုက အစမှာသတ်မှတ်ထားတဲ့ ဒါဏ်ကြေးကို ကိုယ့်ကိုယ်ကိုညှာတဲ့အနေနဲ့ လျော့ပေါ့ဖို့မစဉ်းစားပါနဲ့။

ဒီနည်းလမ်းဟာ သင့်ကိုမကောင်းတဲ့အကျင့်တွေပါ ပျောက်သွားစေပြီး ငွေပိုစုမိလာစေပါတယ်။ သင်အရမ်းတော်သွားလို့ မစုမိမှာမစိုးရိမ်ပါနဲ့။

အမှားမလုပ်မိတဲ့ သူဆိုတာ မတွေ့ဖူးသေးလို့ပါ။ သင့်အတွက် ဘယ်နည်းလမ်းက အထိရောက်ဆုံးဖြစ်နိုင်မလဲ ကွန်းမန့်မှာ ပြောပြနိုင်ပါတယ်။

Unicode

Credit

Be the first to comment on "အသုံးအဖြုန်းကြီးသူတောင်မှ တစ်နှစ်အတွင်း ငွေအမြောက်အများ စုမိစေမဲ့ နည်းလမ်း ၃ ချက်"

Leave a comment

Your email address will not be published.

*