ဗေဒင်ကိန်းခန်းအရ ဒေါ်အောင်ဆန်းစုကြည် ဘယ်တော့လွတ်နိုင်လဲဆိုတာ…

ဒေါ်အောင်ဆန်းစုကြည် ဘယ်တော့လွတ်နိုင်လဲ ?

ဗေဒင်ကိန်းခန်း အရတော့ ကိတ်ဒသာ- တနင်္ဂနွေအန္တရ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၃ မှ နိုဝင်ဘာလ ၁၈ ရက်အတွင်း လွတ်နိုင်ပါတယ်။

ဤသို့ဟောရာတွင်အခြေခံသည့် ကေပီနက္ခတ်ဗေဒ အချက်များ ။

၁။ ၂ တန့်ဘာဝ (မိသားစု)၊ ၄ တန့် ဘာဝ (နေအိမ်) နှင့် ၁၁ တန့်ဘာဝ (ဆွေမျိုး မိတ်ဆွေသင်္ဂဟာများနှင့်ပြန်လည်ဆုံစည်းခြင်း/ လိုအင်ဆန္ဒပြည့်ဝခြင်း)

ဇာတ်ဆောင်ဂြိုဟ်များ ပူးတွဲ ဒသာ စားသည့်အခါ အချုပ်အနှောင်/ ထောင် မှလွတ်တတ်သည်။

၂။ စနေဒသာ- တနင်္ဂနွေအန္တရ ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက် တွင် ၆ နှစ် ကြာ နေအိမ်အကျယ်ချုပ် မှ လွတ်မြောက်ခဲ့သည်။

ဗုဒ္ဓဟူးဒသာ- တနင်္ဂနွေအန္တရ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက် ညနေ ၄:၃၃ နာရီတွင် လုံးဝလွတ်မြောက်ခဲ့သည်။

၃။ ယခင် ဒသာသခင် စနေသည် ရာဟုနက္ခတ် star နှင့် တနင်္လာနက္ခတ်ခွဲ sub ကို စီးပြီး၊ အချုပ်အနှောင်မှ လွတ်မြောက်စေသော၂ တန့် – ၁၁ တန့် ဇာတ်ဆောင်ဂြိုဟ်ဖြစ်သည်။

အန္တရသခင် တနင်္ဂနွေသည် အင်္ဂါနက္ခတ် နှင့် သောကြာနက္ခတ်ခွဲကို စီးပြီး အချုပ်အနှေင်မှ လွတ်မြောက်စေသော ၄ တန့်- ၁၁ တန့် ဇာတ် ဆောင်ဂြိုဟ်ဖြစ်သည်။

ယခင် ဒသာသခင် ဗုဒ္ဓဟူးမှာ ရာဟုနက္ခတ် နှင့် သောကြာနက္ခတ်ခွဲ ကို စီးပြီး၊ အချုပ်အနှောင်မှ လွတ်မြောက်စေသော ၂ တန့်- ၄ တန့်- ၁၁ တန့် ဇာတ်ဆောင်ဂြိုဟ်ဖြစ်သည်။

၄။ ယခုစားနေသည့် ဒသာသခင် ကိတ်မှာ သောကြာနက္ခတ် နှင့် တနင်္လာ နက္ခတ်ခွဲကိုစီးပြီး၊ အချုပ်အနှောင်မှ လွတ်မြောက်စေသော ၄ တန့်- ၁၁ တန့် ဇာတ်ဆောင်ဂြိုဟ်ဖြစ်သည်။

၅။ ယခင်ဒသာသခင် စနေ နှင့် ဗုဒ္ဓဟူးတို့ကဲ့သို့ ၊ လက်ရှိဒသာသခင် ကိတ်မှာ ၆ တန့် (ပြိုင်ဖက်အား အောင်နိုင်ခြင်း)၊ ၉ တန့် (ကံကောင်းထောက်မခြင်း) နှင့်

၁၀တန့် (အာဏာ အရှိန်အဝါ၊ အောင်မြင်မှု) ဇာတ်ဆောင်ဂြိုဟ်လည်း ဖြစ်သည်။ လာမည့် ဇူလိုင်လတွင် ကျရောက်မည့် အန္တရသခင် တနင်္ဂနွေသည် ၆ တန့် နှင့် ၉ တန့် ဇာတ်ဆောင်ဂြိုဟ်လည်း ဖြစ်သည်။

၆။ ထို့ပြင် ကျမ်းရိုးနက္ခတ်ဗေဒင်အရ အန္တရသခင် တနင်္ဂနွေသည် အင်အားအကောင်းဆုံး (၁၇၄%/ ရူပ ၅၀) ရထားပြီး၊

၉ တန့်သခင် အနေဖြင့် ၁၀ တန့်သခင် ဗုဒ္ဓဟူးဖြင့် ပူးယှဉ်ပြီး ရာဇယုဂ်ရထားသည်။

၎င်းတနင်္ဂနွေစီးသည့် နက္ခတ် အင်္ဂါ နှင့် နက္ခတ်ခွဲ သောကြာတို့မှာ ၆ တန့်- ၁၂ တန့် သခင်တို့ပူးယှဉ်၍ ဝိပရိတ ရာဇယုဂ် ရထားသည်။

ဒသာသခင် ကိတ်စီးသည့် နက္ခတ် သောကြာမှာလည်း ထိုရာဇယုဂ်တွင် အကြုံးဝင်သည်။ ဂေါဇာ ကြာသာပတေး ကလည်း ၁၀ တန့်ကိုဆက်လက်မြင်နေပြီး၊

သာပင်အလယ်ဆိုသည့်အတိုင်း ဩဂုတ်- အောက်တိုဘာ ဝန်းကျင်တွင် အကျိုးပေးသန်နိုင်မည်။

ဒသာ သခင် ကိတ်သည် စက်တင်ဘာလကုန်အထိ ကြာသာပတေးနက္ခတ်တွင် စီးနေပြီး၊ ထို့နောက် ရာဟုနက္ခတ်ကိုပြောင်းစီး မည်။

မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။

နောက်ဆက်တွဲ။

# စနေ+ (၇-၂-၃+၁၁)/ နက္ခတ် star ရာဟု (၇)၊ ပူး တနင်္ဂနွေ+ (၆-၉)၊ ဗုဒ္ဓဟူး+ (၆-၇-၁၀+၈)၊ စနေ+ (၇-၂-၃+၁၁)/ နက္ခတ်ခွဲ sub တနင်္လာ+ (၁၀-၈)

# တနင်္ဂနွေ+ (၆-၉)/ နက္ခတ် အင်္ဂါ (၄-၅-၁၂)/ နက္ခတ်ခွဲ သောကြာ (၄-၆-၁၁)

#ဗုဒ္ဓဟူး+ (၆-၇-၁၀-၈)/ နက္ခတ် ရာဟု (၇)၊ ပူး တနင်္ဂနွေ+ (၆-၉)၊ ဗုဒ္ဓဟူး+ (၆-၇-၁၀+၈)၊ စနေ+ (၇-၂-၃+၁၁)/ နက္ခတ်ခွဲသောကြာ (၄-၆-၁၁)

# ကိတ် (၁)၊ ရာသီသခင် ကြာသာပတေး+ (၉-၁-၄+၃+၉)/နက္ခတ် သောကြာ (၄-၆-၁၁)/ နက္ခတ်ခွဲ တနင်္လာ+ (၁၀-၈)

+ ၎င်းဂြိုဟ်များ၏ နက္ခတ်တွင်စီးသည့်ဂြိုဟ်မ ရှိဘဲ၊ ၎င်းတို့ ဘာဝသန္ဓိနက္ခတ်ခွဲသခင် cuspal sub lord ဖြစ်သည့် အတန့် (များ) အတွက် အားကြီးသောဇာတ်ဆောင်ဂြိုဟ်ဖြစ်သည်။

Unicode

Credit

Be the first to comment on "ဗေဒင်ကိန်းခန်းအရ ဒေါ်အောင်ဆန်းစုကြည် ဘယ်တော့လွတ်နိုင်လဲဆိုတာ…"

Leave a comment

Your email address will not be published.

*