သီတင်းကျွတ်လပြည့်နေ့အကြောင်း သိကောင်းစရာ

ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ် တစ်ခုဖြစ်တဲ့ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကို ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာ တရားတော် ဟောကြားခြင်း ပြီးမြောက်တဲ့နေ့၊

နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှသင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက် တော်မူတဲ့နေ့၊ ဗြဟ္မာနတ်လူ သုံးဘုံလူတို့ မြတ်စွာဘုရားအား ကြည်ဖြူကော်ရော် ပူဇော်သောနေ့၊

လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝန်းလုံး တိုးလျှိုပေါက် မြင်ကြရသောနေ့ စသော ဂုဏ်ထူးဝိသေသတို့ဖြင့် အထူးတလည် ပြည့်စုံသော နေ့ထူးနေ့မြတ်ကို အဘိဓမ္မာအခါတော်နေ့လို့ ခေါ်ပါတယ်။

မြန်မာလူမျိုးတို့သည် ဝါတွင်းသုံးလကာလပတ်လုံး ဥပုဒ်သီလများ ဆောက်တည်ကြပြီး သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာနတ်ပြည်မှ ကြွလာသော မြတ်စွာဘုရားအား မီးများထွန်းညှိကာ ဖူးမြှော်ကြိုဆိုကြပါတယ်။

အဘိဓမ္မာအခါတော်နေ့ဟာ မြန်မာလူမျိုးတို့ရဲ့ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ပြီး ထိုနေ့တွင် မိဘ၊ ဆရာသမား၊အဘိုးအဘွား နှင့် ခင်ပွန်းကြီး(၁၀)ပါးကို ကန်တော့ကြပါသည်။

မိဘအဘိုးအဘွားများမှလည်း သားသမီးမြေးမြစ်များကို မုန့်ကျွေးခြင်း၊ မုန့်ဖိုးပေးခြင်းတို့ ပြုလုပ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် ဝါတွင်းမုန့်များပြုလုပ်ကာ အိမ်နီးချင်းများအား ဝေခြင်း၊

တစ်ခြံလုံး တစ်အိမ်လုံး မီးထွန်းခြင်း၊ မီးပုံပျံလွှတ်ခြင်း စတဲ့ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာကောင်းသော အပြုအမူများကို ဖန်တီးရင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပါသည်။

ထိုကဲ့သို့ မြန်မာလူမျိုးတို့ရဲ့ အမြတ်တနိုးတန်ဖိုးထားသော နေ့ထူးနေ့မြတ် အဘိဓမ္မာအခါတော်နေ့ကို နောင်လာနောက်သားများသိရှိရလေအောင် မိဘဘိုးဘွားများက

ယနေ့ထိ လက်ဆင့်ကမ်းဝေမျှခဲ့ကြသည်မို့ သင်တို့အနေနဲ့လည်း နောင်လူငယ်များသိရလေအောင် လက်ဆင့်ကမ်းဝေမျှပေးဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

Unicode

Credit

Be the first to comment on "သီတင်းကျွတ်လပြည့်နေ့အကြောင်း သိကောင်းစရာ"

Leave a comment

Your email address will not be published.

*