အရေးပေါ်ဖုန်းအားသွင်းလို့ရအောင် ပြုလုပ်နည်း

မိုဘိုင်းဖုန်းဆိုတာ ဒီနေ့ခေတ်မှာ မရှိမဖြစ်အရာတွေဖြစ်လာပါပြီ ။ တောထဲတောင်ထဲ ခရီးထွက်တဲ့အခါမျိုးမှာ GPS စနစ်အသုံးပြုဖို့အတွက် မိုဘိုင်းဖုန်းဟာ အလွန်အရေးပါတဲ့ အရာတစ်ခုပါ ။Power Bank တွေရှိတယ်ဆိုပေမယ့် မီးလုံးဝမရတဲ့နေရာမျိုးမှာ ဖုန်းရောပါဝါဘန့်ရော အားကုန်သွားတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ။

AA ဓါတ်ခဲလေးတွေဟာ ကျောပိုးအိတ်ထဲ အလွယ်တကူထည့်ယူသွားလို့ရတဲ့ ဓါတ်ခဲလေးတွေပါ။ ဒီ AA ဓါတ်ခဲလေးတွေကိုသုံးပြီး အရေးပေါ် Power Bank လေး ဘယ်လိုပြုလုပ်သွားရမလဲဆိုတာကို ပြောပြပါမယ်။ USB ကြိုးတစ်ချောင်းကို ဖြတ်လိုက်မယ်ဆိုရင် အစိမ်း ၊ အဖြူ ၊ အနီနဲ့ အနက်ကြိုးလေးချောင်းတွေ့ပါမယ် ။

ထို့နောက် AA ဓါတ်ခဲလေးလုံးကိုဆက်ပါ ။ အပေါင်းဘက်ကို ကြိုးအနီနဲ့ အနုတ်ဘက်ကိုကြိုးအမဲနဲ့ ဆက်သွယ်ပါ။ ပြီးရင်တော့ ဓါတ်ခဲတွေကကြိုးနဲ့ USB ကကြိုးတွေကို အရောင်တူချင်းဆက်ပေးပါ ။ အစိမ်းရောင်နဲ့ အဖြူရောင်ကြိုးကတော့ သုံးဖို့မလိုအပ်ပါဘူး။

အားလုံးချိတ်ဆက်ပြီးတဲ့အခါ ဖုန်းမှာအားသွင်းကြိုးထိုးလိုက်ပါ ။ မီးအားဝင်နေတာကို တွေ့ရပါလိမ့်မယ်။ သာမန်အားသွင်းကြိုးနဲ့ သွင်းတာထက် ၄ ဆလောက်ကြာနိုင်ပေမယ့် အရေးပေါ်အခြေအနေမျိုးအတွက် အကောင်းဆုံး နည်းလမ်းလေးတစ်ခုပါပဲ။

Unicode

Credit

Be the first to comment on "အရေးပေါ်ဖုန်းအားသွင်းလို့ရအောင် ပြုလုပ်နည်း"

Leave a comment

Your email address will not be published.

*