သီတင်းကျွတ်ကာလ မိတ်ဆွေများအတွက် စီးပွားရေးနဲ့ ပိုက်ဆံရှာနည်း စကားလက်ဆောင်

သီတင်းကျွတ်ကာလ မိတ်ဆွေများအတွက် စကားလက်ဆောင်..

စီးပွားရေးလှိုင်းတွေ တစ်လှိုင်းပြီးတစ်လှိုင်း လာနိုင်ပါသေးတယ်။ ဈေးအတက်အကျလှိုင်းတွေမှာ မကျွမ်းကျင်ပဲ ဝင်စီးဖို့မကြိုးစားပါနဲ့။ တကယ်လို့ တားမရလို့ ပေါ်ပင် လှိုင်းစီးပြီး အမြတ်ရှာချင်တယ်ဆို ဆရာအရင်ရှာပါ။

ဥပမာ.. ရွှေဝယ်ရောင်းလုပ်ချင်တယ်ဆို လက်ရှိနေ့စဉ်အရောင်းအဝယ်လုပ်နေသူ ဆရာနဲ့ကပ်ပြီး ပညာသင်ရင်း အရောင်းအဝယ်လုပ်ပါ။ ယောင်ဝါးနဲ့ဆရာလဲ မှားကိုးကွယ်မိတတ်လို့ ဆရာရွေးမှန်ဖို့လဲ လိုပါတယ်။ သိုက်ဆရာ လှေပေါ်ခေါ်တင်မိတာမျိုးဖြစ်တတ်တယ်။ ပညာလဲမတတ် ဆရာလဲမရှိပဲ လှိုင်းဝင်စီးမိရင် ရောင်းသင့်တဲ့အချိန်ဝယ်လို့ ဝယ်သင့်တဲ့အချိန်ရောင်းဖြစ်ပြီး ၂ ပြန်ရှုံးပါလိမ့်မယ်။

ကျွန်တော်တို့အများစုဟာ ကြေကွဲဝမ်းနည်းစရာ နိမ့်ပါးနေတာတွေတွေ့ရင် ကူညီဖေးမချင်ကြသူတွေဖြစ်ပါတယ်။ ဒီလိုအရာတွေကို ကူညီချင်တယ်ဆို လူတွေဆီကနေ ငွေအရင်ရှာပြီးမှ လူတွေကို ပြန်ကူညီပါ။ ငွေမရှာပဲ အိပ်ထဲကနေထုတ်ပြီး ကူညီနေရင် ရေရှည်ကူညီနိုင်ဖို့ မလွယ်တဲ့အပြင် ကိုယ်တိုင်အတွက်လဲ အဆင်မပြေဖြစ်တတ်ပါတယ်။ ကိုယ်ခံအားကောင်းဖို့လိုပါတယ်။

တရားရှာ ကိုယ်မှာတွေ့ ဆိုသလိုပဲ စီးပွားရှာရမှာလဲ သင်ခန်းစာ ကိုယ့်မှာသာ ရှိပါတယ်။ လူတိုင်းဟာ အသက်အရွယ်အရ အတွေ့အကြုံတွေကို တနေ့ပြီး တနေ့ ဖြတ်သန်းရတာကြောင့် မနေ့ကထက် ဒီနေ့ပိုရင့်ကျက်လာကြပါတယ်။

အတိတ်က အကြောင်းအရာတွေကို ပစ္စုပ္ပန်က ဦးနှောက် အတွေးအခေါ်နဲ့ ပြန်စဉ်းစားသုံးသပ်တဲ့အခါမှာ အတိတ်ကထက်ပိုပြီး အကြောင်းအကျိုးအကောင်း အဆိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေ ရှိလာကြတာကြောင့် အဲ့ဒီအချိန်တုန်းက ငါလုပ်ခဲ့တာတွေထဲမှာ ဘယ်ဟာတော့မှန်တယ် ဘယ်ဟာတော့မှားတယ်ဆိုတာ သေချာပေါက် ပြန်သုံးသပ်နိုင်ကြပါတယ်။

အဲ့ဒါကြောင့် မိမိကိုယ်ကို အမြဲပြန်သုံးသပ်ပါ။ ငါလုပ်ခဲ့တာတွေထဲမှာ ဘယ်ဟာက မှန်လဲ ဘယ်ဟာကမှားလဲ မှန်တာတွေကို ပိုတိုးပြီးလုပ် မှားတာတွေကို နောင်ဘယ်တော့မှမလုပ်နဲ့ ဒါဟာ အောင်မြင် ကြီးပွားကြောင်းပါပဲ။ အားလုံး အဆင်ပြေကြပါစေ။ (Pyi Soe Oo)

Unicode

Be the first to comment on "သီတင်းကျွတ်ကာလ မိတ်ဆွေများအတွက် စီးပွားရေးနဲ့ ပိုက်ဆံရှာနည်း စကားလက်ဆောင်"

Leave a comment

Your email address will not be published.

*