ရန်ကုန်မြို့က ဆံပင်ရှည်တဲ့ မိန်းကလေးတွေ ကြုံတွေ့နေရတဲ့ ထိတ်လန့်စရာ အခြေအနေများ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၇/၈ လမ်းဆုံမှာ အမျိုးသမီးတွေရဲ့ ဆံပင်ကို ကော်နဲ့ပက်တဲ့ ဖြစ်ရပ်တွေဖြစ်နေတယ်လို့ အဆိုပါ မြို့နယ်မှာ နေထိုင်သူတွေက ပြောပါတယ်။

အခုလိုအမျိုးသမီးတွေရဲ့ ဆံပင်ကို ကော်ရည်နဲ့ပက်တဲ့ဖြစ်ရပ် အပေါ် နားမလည်နိုင် ဖြစ်နေကြရပြီး ကာယကံရှင်တချို့က ဝမ်းနည်းခံစားရတဲ့အတွက် လူမှုကွန်ရက် စာမျက်နှာတွေမှာ အခြားသူတွေ သတိထားနိုင်ဖို့ မျှဝေထားကြပါတယ်။

“အဲဒီလမ်းဆုံ မရောက်တာ ကြာလှနေပြီ အခုတခဏလေး အတွင်းမှ ဖြစ်သွားတာ။ အမြဲအရှည်နဲ့ပဲနေလာတာအရမ်းဝမ်းနည်းတာပဲ ကော်ရည်က အကျီ နဲ့ အသားပါလောင်သွားတယ်” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီး ငယ်တစ်ဦးက လူမှုကွန်ယက်ဖေ့စ်ဘုတ်မှာ အခုလ ၇ ရက်နေ့က အသိပေးထား ပါတယ်။

ဒီလိုဖြစ်ရပ်မျိုးကိုပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း ဖြစ်ပွားခဲ့ဖူးပြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ဆိုင်ရာ လူမှုကွန်ရက်စာမျက်နှာတွေမှာ အသိပေးထားတာလည်း တွေ့ရပါတယ်။ ဒီဖြစ်ရပ်အပေါ် ထင်ကြေးပေး ပြောဆိုမှု အမျိုးမျိုးရှိနေပြီး အမျိုးသမီးတွေကတော့ ဆံပင်ကိုခေါင်းစီးထားဖို့နဲ့ အပြင်ထွက်ရင် သတိထားနေကြရပြီ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို ဒေသခံအမျိုးသမီးတွေ ခံစားနေရတယ်လို့ သိရပါတယ်။

YBS ပေါ်မှာလည်း ဆံပင်ရှည်တဲ့ မိန်းကလေးတွေကို ကပ်ကြေးနဲ့ ဆံပင်ဖြတ်ခြင်း၊ ပီကေနဲ့ ကပ်ခြင်း စသဖြင့် ထိခိုက်စေဖို့ မျိုးစုံ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ YBS ပေါ်မှာ ဆံပင်တွေ ကော်နဲ့ အကပ်ခံလိုက်ရတဲ့ မိန်းကလေးတဦးရဲ့ ကိုယ်တွေ့ ဖြစ်ရပ်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်-

ညီမ ဒီတစ်ခါနဲ့ဆို ဆံပင်ကို ကော်တွေနဲ့ အကပ်ခံရတာ နှစ်ခါရှိပါပြီရှင့်။ ပထမတစ်ခါက ဆံပင် အတွင်းထဲထိ နှိုက်ညှပ်လိုက်ရပါတယ်ရှင့်။ အခု ဒီတစ်ခါကတော့ အပြင်ပိုင်းလေးကိုပဲ ကပ်သွားတာရှင့်။ ဘယ်လိုမှလုပ်လို့ မရပါဘူး ညှပ်လိုက်ရတယ်ရှင့်။ တော်တော်ယုတ်မာပါတယ်။ ညီမမျက်ရည်ပါ ကျရပါတယ်။ YBS 12 Bus ပေါ်မှာပါရှင့်။ မိန်းကလေးများအားလုံး ညီမလို မဖြစ်ဖို့ ဂရုစိုက်ကျပါနော်။ ဆံပင်တွေလဲ ကုန်ပါပြီ။

အမျိုးသမီးများကို ယခုလို ထူးထူးဆန်းဆန်း အကြမ်းဖက်တဲ့ ပုံစံမျိုး ယခုနောက်ပိုင်းမှာ ခပ်စိတ်စိတ် တွေ့မြင်လာရတာကြောင့် အထူး သတိထားဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ဖြစ်နိုင်ပါက ဆံပင်ကို စည်းနှောင်ခြင်း၊ ကျစ်ဆံမြီး ကျစ်ခြင်း၊ ဆံထုံး ထုံးခြင်း တို့ လုပ်ဆောင်သွားသင့်တယ်လို့ အကြံပြုလိုက်ရပါတယ်။

Unicode

Credit

Be the first to comment on "ရန်ကုန်မြို့က ဆံပင်ရှည်တဲ့ မိန်းကလေးတွေ ကြုံတွေ့နေရတဲ့ ထိတ်လန့်စရာ အခြေအနေများ"

Leave a comment

Your email address will not be published.

*