လူသေသွားပေမယ့် နာမည်ရှင်သန်နေဆဲ “ဒွေး” (ခ) ကိုသားကြီး ရဲ့ အောင့်မေ့ဖွယ် အမှတ်တရများ

ဒွေးဟာ အနုပညာလောကမှာ အောင်မြင်မှု အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တဦးဖြစ်ပြီး အခုထက်ထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ စိုးမိုးထားနိုင်ဆဲ အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။

ပရိသတ်တွေသာမက အနုပညာမောင်နှမများက ကိုသားကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ ဒွေးရဲ့ နာမည်အရင်းက ထင်လင်းပါ။

ထင်လင်း(ခ) ဒွေးဟာ Y.I.T ကနေ အင်ဂျီနီယာဘွဲ့ရထားသူ တယောက်ဖြစ်ပါတယ်။

စက်မှုအင်ဂျင်နီယာ တယောက်ဖြစ်တဲ့ ဒွေးဟာ ဘွဲ့မရခင်ကတည်းက အနုပညာလောကထဲကို စတင် ခြေချခဲ့တာပါ။

ဦးလေးဖြစ်သူ ကျော်ဟိန်းနဲ့အတူ ဇာတ်ကားတွေ ရိုက်ကူးခဲ့ရင်း အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပါတယ်။

ဦးကျော်ဟိန်းကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ “ဒုက္ခကို အရောင်ဆိုးတယ်” မူးယစ်ဆေးဝါး ပညာပေး ဗီဒီယိုကားနဲ့ စပြီး ပရိသတ် တွေ စသိခဲ့ရာ

“ဝေလည်းမွှေး၊ ကြွေလည်းမွှေး” ရုပ်ရှင်ကားမှ စပြီး ပရိသတ်တွေကြား အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

ဒွေးဟာ ၁၉၉၇ခုနှစ်မှာ “အမေ့ခြေရာ”ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

သရုပ်ဆောင် ဒွေး (ခ) ကိုသားကြီးဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး

ယခုဆိုရင် ကိုသားကြီးကွယ်လွန်ခဲ့တာ ၁၅ နှစ်ကျော်ခဲ့ပြီပဲ ဖြစ်ပါတယ်…

Unicode

Credit

Be the first to comment on "လူသေသွားပေမယ့် နာမည်ရှင်သန်နေဆဲ “ဒွေး” (ခ) ကိုသားကြီး ရဲ့ အောင့်မေ့ဖွယ် အမှတ်တရများ"

Leave a comment

Your email address will not be published.

*