စစ်ကောင်စီတပ် အဖို့ လေယာဉ်ဆီ ပြတ်ကိန်းကြုံပြီ

ဓမ္မမှ အဓမ္မ ကို အနိုင်ယူနိုင်ခဲ့သည့် လုပ်ရပ်အဖြစ် စင်္ကာပူ အခြေစိုက် လေယာဉ်ဆီ ရောင်းချသည့် ပူးမား ရေနံ ကုမ္ပဏီ သည် အကြမ်းဖက် စစ်ကောင်စီအား လေယာဉ်ဆီ တင်ပို့ ရောင်းချမှု လုံးဝ ပြုလုပ်တော့မည် မဟုတ်ဘဲ နိုင်ငံတွင်းရှိ ရှယ်ယာများအား ပြည်တွင်း ကုမ္ပဏီ တခုကို အပြီးအပိုင် ရောင်းချပြီး ပတ်စာခွာ ဖျာသိမ်း သွားခဲ့ပြီ ဖြစ်သည်။

မြန်မာ စစ်တပ်မှ စာသင်ကျောင်းအား ရဟတ်ယာဉ်များ နှင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည့် အမှု မျိုးတွင် တရားခံ အဖြစ် ပါဝင်လိုဟန် မရှိတော့သည့် ပြယုဒ်အဖြစ် ယခုလို ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပုံရပေသည်။

ပူးမားသည် ၂၀၁၅ ခုနှစ်မှစ၍ နိုင်ငံတွင်းသို့ လေယာဉ်ဆီများ အဓိက ဖြန့်ဖြူးရောင်းချပေးနေသည့် ကုမ္ပဏီကြီး ဖြစ်

ပူးမားသည် ၂၀၁၅ ခုနှစ်မှစ၍ နိုင်ငံတွင်းသို့ လေယာဉ်ဆီများ အဓိက ဖြန့်ဖြူးရောင်းချပေးနေသည့် ကုမ္ပဏီကြီး ဖြစ်ပြီး အာဏာသိမ်းပြီး နောက်တွင်ပင် အရပ်ဖက်သုံး အတွက် ဆိုကာ ဆက်လက်ရောင်းချပေးနေဆဲ ဖြစ်သည်။

အာဏာရှင် လက်အောက်တွင် အရပ်ဖက်၊ စစ်ဖက်ဟူ၍ ခွဲခြားနိုင်စွမ်း မရှိတော့သည့် အဖြစ်ကို ရိပ်စားမိသွား ခဲ့ကြလေသည်။

ပူးမားသည် ဆွစ်ဇာလန် ပိုင် ထရာဖာဂေါရာ ကုမ္ပဏီ ကြီး၏ လက်ခွဲ လည်း ဖြစ်ပြီး လေယာဉ်ဆီ အပြင် လောင်စာဆီ၊ ချောဆီ၊ ဘီကျုမင် များပါ ကမ္ဘာအနှံ့ ဖြန့်ဖြူးလျှက် ရှိသည်။

ဤသည်ကား မြန်မာအရေး အတွက် ပြည်ပတွင် တက်ကြွစွာ လှုပ်ရှား တိုက်ပွဲဝင်နေကြသော အရပ်ဖက် လူ့အဖွဲ့အစည်း များ အတွက် အောင်ပွဲပင် ဖြစ်သည်။ ဆက်လက်ပြီးလည်း ကျန်ရှိနေသည့် ရေနံကုမ္ပဏီကြီး များအား မြန်မာနိုင်ငံမှ ထွက်ခွာကြရန် တွန်းအားပေးနေဆဲ ဖြစ်သည်။

Unicode

Credit

Be the first to comment on "စစ်ကောင်စီတပ် အဖို့ လေယာဉ်ဆီ ပြတ်ကိန်းကြုံပြီ"

Leave a comment

Your email address will not be published.

*