၂ရက်ပဲခံတဲ့ မြန်မာပြည် ကိုဗစ်ကာကွယ်ဆေး မျှော်လင့်ချက်နှင့် ရှေ့ဆက်ရမယ့် ကံကြမ္မာ

နှစ်ရက်ပဲခံတဲ့ မြန်မာပြည် ကိုဗစ်ကာကွယ်ဆေး မျှော်လင့်ချက် နှင့် ရှေ့ဆက်ရမယ့် ကံကြမ္မာ..

ယူကေမှာ တွေ့တဲ့ ပိုးမျိုးကွဲဟာ အရှေ့တောင်အာရှအထိ ရောက်လာတယ်။ ယိုးဒယားနဲ့ ဗီယက်နမ်အထိ ခရီးပေါက်လာတော့ တော်တော်လေးနီးလာတယ် ခံစားရတယ်.. အထူးသဖြင့် နယ်စပ်ဂိတ်တွေ တရားမဝင်လူဝင်လူထွက် နေရာတွေ ရှိနေတဲ့ ယိုးဒယားဟာ တော်တာ်လေးစိုးရိမ်စရာကောင်းပါတယ်..

သူနဲ့ပတ်သက်ပြီး Data တွေ Research တွေ မရှိသေးဘူး.. သေချာတာတစ်ခုက ကူးစက်နှုန်း တော်တော်မြန်တယ် ရောဂါ ခံစားရတာ ပိုဆိုးလားမဆိုးလား မသိရသေးဘူး.. အနောက်နိုင်ငံတွေမှာ Research တွေ Data တွေ မထွက်သေးတဲ့အတွက် စိုးရိမ်မှုတွေ မြင့်တက်နေတယ်..

လော့ဒေါင်းချဖို့ အော်နေကြသလို အဲ့နိုင်ငံတွေကို ခရီးသွားလာခွင့်ပိတ်ဖို့လဲ အော်နေကြတယ်.. ပိုဆိုးတာက အဲ့ပိုးမျိုးကွဲကို ကာကွယ်ဆေး နိုင် မနိုင် မသေချာသေးဘူး.. သေချာသိရဖို့ အနည်းဆုံး တစ်လလောက်ကြာမယ်.. အဲ့အချိန် ပထမ ရောင်းပေးမယ် ဆိုတဲ့ အိန္ဒိယက သူ့ဆေးတွေ ပြည်ပကို ရောင်းဖို့ ပိတ်လိုက်တယ်.. မျှဝေရောင်းချ အစီအစဥ်အတွက် နည်းနည်းပဲပေးတယ်.. (ငွေတော်တော်သုံးပြီး ဝယ်ရင်တော့ ရရင်ရနိုင်မယ်)

သူတို့လည်း အပြစ်ပြောလို့တော့ မရဘူး.. သူ့တိုင်းပြည်အတွက် သူကြည့်ကြမယ့် သူတွေ ချည်းဖြစ်နေပြီ.. ကိုဗစ်ကပ်ရောဂါကာလမှာ အနစ်နာခံပြီး သူများကိုမပေးနိုင်ကြဘူး.. ကိုယ့်တိုင်းပြည်ဘက် ပြန်ကြည့်တော့ လူတွေက ပေါ့ဆလာကြတယ်.. New Normal ဆိုတာကို မေ့လာတယ်.. အပြင်ကလူတွေ မပြောနဲ့ ကိုယ့်အိမ်က လူကြီးတွေတောင် ပြောရတာ ခက်လာတယ်.. (သူတို့ကို ကိုဗစ် ဗိုင်းရပ်စ် မျိုးကွဲ ဘာညာ နားလည်အောင် တော်တော်လေး ရှင်းပြရတယ်)

ပေါ့ဆမှု အသီးသီးက တတိယလှိုင်းကို ဦးတည်လာနေတယ်.. ဆရာဝန်အင်အား ယုတ်လျော့နေတယ်.. သူနာပြု အင်အား ယုတ်လျော့နေတယ်.. လူတွေ သတိလက်လွတ်ဖြစ်လာနေတယ်.. New Normal ဆိုတာကို သတိရကြပါ မျိုးကွဲ လာနေပြီ ဆိုတာသတိရကြပါ.. ဘယ်လို လာပါစေ Mask တပ် လက်ဆေး ခပ်ခွာခွာနေရင် အဆင်ပြေနိုင်တယ် ဆိုတာသတိရကြပါ..

၂၀၂၁ ရဲ့ နှစ်တစ်ဝက်ကျိုးချိန်လောက်ထိ နိုင်ငံလူဦးရေရဲ့ အချို့သော အစိတ်အပိုင်းကိုသာ ကာကွယ်ဆေး ထိုးပေးနိုင်မယ် ဆိုရင်တောင် ကံကောင်းဆိုတာ သတိပြုကြပါ.. နှစ်ဦးမှာ ရောင်နီလာတဲ့ မျှော်လင့်ချက်တွေဟာ နှစ်ရက်ပဲ ခံပါတယ်.. ကုသဆေး ပေါ်တယ် ဆိုတာလည်း မဟုတ်ပါဘူး..

ကိုဗစ် ကို နိုင်တဲ့တစ်ခုတည်းသော နည်းလမ်းဟာ Mask သေချာတပ်.. လက်သေချာဆေး.. ခပ်ခွာခွာနေကြပါ.. အမှန်တရားက နားခါးပါတယ်.. ဒါပေမယ့် အဲ့ထက် ပိုခါးတာတွေ မကြုံတွေ့စေဖို့ အရှိတရားကို လက်ခံပြီး Mask တပ် လက်ဆေး ခပ်ခွာခွာနေပါ။ (Htet Phyo Aung)

Be the first to comment on "၂ရက်ပဲခံတဲ့ မြန်မာပြည် ကိုဗစ်ကာကွယ်ဆေး မျှော်လင့်ချက်နှင့် ရှေ့ဆက်ရမယ့် ကံကြမ္မာ"

Leave a comment

Your email address will not be published.


*