ပွဲစားနဲ့ မဟုတ်ဘဲ ကိုယ်တိုင်ပတ်စ်ပို့လုပ်မယ့်သူတွေ သိကို သိရမယ့် လမ်းညွှန်ချက်များ

ပတ်စ်ပို့လုပ်မယ့်သူများ မနက်လေးနာရီမထိုးခင်ထဲက ကားငှားပြီးသွားပါ။ ကိုယ်တိုင်လုပ်မယ့်သူဆို ပန်းခြံဘက်မှာ တန်းစီရပါတယ်။ ရောက်တာနဲ့ ပုံထဲက နံပါတ် (၁) နေရာမှာ မိန်းခလေးယောက်ျားလေး ခွဲထားတဲ့နေရာမှာ ကိုယ့်ဘက်ကိုတန်းစီပါ။ ရှေ့လူနောက်လူနဲ့စကားပြော မိတ်ဖွဲ့ပါ။

၇ နာရီခွဲ၊ ၈ နာရီမှပေးဝင်တာမလို့ ဘာမှစားမလာရသေးရင် တန်းစီ‌တဲ့ဘေးပလက်ဖောင်းမှာ ထမင်းကြော်တစ်ပွဲအသားနဲ့ ၁၅၀၀ ပေးစားပြီး ဝမ်းဖြည့်ထားပါ။ ဈေးဆိုင်တွေကို ပုံထဲမှာ ခရမ်းရောင်အတုံးတွေနဲ့ ပြထားပါတယ်။ တန်းစီနေချိန် ပွဲစားတွေ၊ ဈေးသည်တွေရော ခြေချင်းလိမ်နေပါမယ်။ ခုံငှားထိုင်လို့ ရပါတယ်။ ကိုယ့်တုန်းကတော့ မထိုင်ခဲ့ပါဘူး။

အမြန်ဝင်ချင်ရင် ဘယ်လောက်ဆိုပြီး လိုက်ဆွယ်ပါလိမ့်မယ်။ ကိုယ့်ဘာသာ တန်းစီပါ။ ပါမသွားပါစေနဲ့။ ၇ နာရီခွဲလို့ ဂိတ်ဖွင့်လို့ ဝင်ရကာနီးရင် အိတ်တို့ထီးတို့ပါတာ ‌ဆိုင်တွေမှာသာအပ်ခဲ့ပါ။ ထီး ၅၀၀၊ အိတ် ၁၀၀၀ ပေးရပါတယ်။ ပြန်တဲ့ထိစောင့်ပေးကြပါတယ်။

ဝင်ရပြီဆိုရင် နံပါတ်၂ နေရာမှာ ရဲမေနဲ့ ရဲသားက ကျား/မခွဲပြီး စစ်ပါတယ်။ အဲ့နေရာကအစစ်ခံပြီးရင် မြှားပြထားတဲ့ လမ်းကြောင်း (၃) မှာ လမ်းကြောင်း (၄) နေရာကို ရောက်ဖို့ ခပ်သွက်သွက်သွားပါ။ ‌မပြေးဖို့အော်ပါတယ်။ ကိုယ်အရင်ရောက်မှ ရှေ့နေရာရမှာမို့ နံပါတ် (၄) နေရာစီ သွက်သွက်လျှောက်ပါ။ နံပါတ် (၄) နေရာရောက်ရင် နံပါတ် (၅) QR စစ်တဲ့ဆီရောက်ဖို့ တန်းစီရပါတယ်။

နံပါတ် (၅) ကိုရောက်ရင် QR နဲ့ မှတ်ပုံတင်စစ်ပါတယ်။ အဲ့နေရာပြီးရင် နံပါတ် (၆) နေရာမှာ ရဲဆီကနေ ဖောင်ဝယ်ရပါတယ် ၁၀၀၀ ပါ။ ဖောင်ဝယ်ပြီး လဝကမှာ အချက်အလက်စစ်ဖို့ တန်းစီပါ။ တန်းစီရင်း အချိန်ရရင် ဖောင်ဖြည့်ထားပါ။ ဖောင်က နောက်ဆုံးဓာတ်ပုံရိုက်တဲ့နေရာ ရောက်မှ ပေးရတာပါ။ အချိန်ရရင် ကြိုဖြည့်ပါ။

နံပါတ် (၇) လဝက ဂိတ်ရောက်ရင် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်၊ မိတ္တူရော အစစ်ပါ ပြရပါတယ်။ သက်တမ်းတိုးမယ့်သူက ပတ်စပို့အစစ် + မိတ္တူပါ ပြရပါမယ်။ အဲဒီနေရာမှာ ပုံမှန်က ၃၀၀၀ ပေးရပါတယ်။ သွေးနှောသမားတွေက ပိုပေးရတာ ရှိတတ်ပါတယ်။ သူတို့ထုတ်ပေးတဲ့စလစ်မှာ တံဆိပ်တုံး ပါမပါစစ်ပြီး အထဲဝင်ပါ။

အထဲရောက်ရင် တန်းစီနေကြသူတွေ တန်းတွေ့ပါလိမ့်မယ်။ သူတို့က ဓာတ်ပုံရိုက်ဖို့ တန်းစီ‌နေတာပါ။ ကိုယ်ကအရင်ဆုံး နံပါတ် (၈) နေရာမှာ ဘဏ်ငွေအရင်သွင်းရပါမယ်။ လဝက က တုံးထုပေးတဲ့ စလစ်နဲ့ ငွေ ၂၅၀၀၀ ပေးလိုက်ရင် ရပါပြီ။ ငွေသွင်းပြီးရင် စလစ်ရဖို့ ကိုယ့်နာမည်ကို ခေါ်တာစောင့်ရပါတယ်။

အဲဒီအချိန်ထဲက ဓာတ်ပုံရိုက်မယ့် နေရာမှာ တန်းစီထားပါ။ ကိုယ့်နာမည်ခေါ်ကာမှ စလစ်ပြေးယူပါ။ နေရာကိုရှေ့နောက်လူ ကြည့်ခိုင်းထားပါ။ စလစ်ရမှ တန်းစီရင် အရမ်းနောက်ကျပါလိမ့်မယ်။ စလစ်ရတာနဲ့ ဓာတ်ပုံရိုက်ဖို့ ဆက်စီရင်ရပါပြီ။

အကြာဆုံးကတော့ ဓာတ်ပုံရိုက်ဖို့နေရာမှာ ကြာပါတယ်။ ပုံနဲ့စာနဲ့ တွဲကြည့်ရင် ပိုအဆင်ပြေပါတယ်။ မြှားအဝါက ကိုယ်သွားရမယ့် လမ်းကြောင်းပါ။ တတ်နိုင်သမျှ အဆင်ပြေစေချင်တဲ့စိတ်နဲ့ ကြိုးစားရှင်းပြပေးတာပါ။ သိပြီးသားသူတွေ သိပေမယ့်။ မသိသေးတဲ့သူတွေအတွက် အထောက်အကူတစ်ခုခုရစေချင်လို့ပါ။ အမှားပါသွားရင်တောင်းပန်ပါတယ်။ (R Kar Thurhain)

Unicode

Credit

Be the first to comment on "ပွဲစားနဲ့ မဟုတ်ဘဲ ကိုယ်တိုင်ပတ်စ်ပို့လုပ်မယ့်သူတွေ သိကို သိရမယ့် လမ်းညွှန်ချက်များ"

Leave a comment

Your email address will not be published.

*