မထိန်းနိုင်တဲ့ ငွေကြေး ဖောင်းပွမှု၊ စပါးမစိုက်နိုင်တော့တဲ့ လယ်သမားတွေနဲ့ စိုးရိမ်စရာ အခြေအနေ

ဗဟိုဘဏ်က ငွေကြေးဖေါင်းပွမှုကိုထိန်းရန် အတိုးနှုန်းမမြှင့်ဘူးလို့ ထုတ်ပြန်ထားတယ်။ သို့ပေမဲ့ တနေ့က မယုရေးထားသလိုဘဲ Contractionary Monetary Policy (CMP) ကိုသုံးပြီး လည်ပတ်နေတဲ့ငွေသားတွေ နည်း အောင်လုပ်မယ်လို့ဘဲ ထုတ်ပြန်ချက်ကို နားလည်လိုက်တယ်။

နောက်ထပ်လည်း CBM bills လို့ခေါ်တဲ့ ငွေတိုက် စာချုပ်မျိုးတွေ ထုတ်ရောင်းရန် ပြင်ဆင်နေတယ်လို့လည်း ယနေ့ထုတ် ဂလိုဘယ်နယူးလိုက်အောဖ့်မြန်မာမှာ ဖေါ်ပြထားချက်အရ သိရတယ်။ ငွေတိုက်စာချုပ်တွေ ဖြစ်ဖြစ် ဗဟိုဘဏ်စာချုပ်ဖြစ်ဖြစ် ထုတ်ရောင်းမယ်ဆိုရင် ပုဂ္ဂလိကဘဏ်တွေကဘဲ ဝယ်ဝယ်၊ ပြည်သူကဘဲ ဝယ်ဝယ် ငွေလည်ပတ်မှု နည်းသွားပြီး ငွေဖေါင်းပွမှုနှုန်း ကျသွားမယ်လို့ ယူဆထားပုံလည်းရတယ်။

သို့သော်လည်း ငွေဖေါင်းပွမှုနှုန်းသည် ကမ္ဘာမှာကို သွင်းကုန်ပစ္စည်းတွေ ဈေးတက်လို့ မြင့်မားလာရသလို မြန်မာ ကျပ်ငွေတန်ဖိုးကျဆင်းလို့လည်း ပိုတက်ရတာ ဖြစ်တယ်။ တနည်းပြန်စဉ်းစားရင်လည်း မယုရေးထားသလိုဘဲ ထိုင်းမှိုင်း ဖောင်းပွခြင်း stagflation (stagnant and inflation) က ရောင်းလိုအားနဲ့ ဝယ်လိုအား (supply shock and demand shock) ထုတ်လုပ်မှုများ ကျဆင်းမှုကြောင့်နှင့် ဝယ်လိုအား ကျဆင်းမှု ၂ မျိုးစလုံးကြောင့်လို ဆိုနိုင်တယ်။ ထိုသို့ဖြစ်လျှင် အခြေအနေက ပိုဆိုးနိုင်တယ်။

ဆိုတော့ထုတ်လုပ်မှုတွေ ပြန်တက်မှ ကုန်ဈေးနှုန်းက တည်ငြိမ်လာနိုင်မယ်လို့ ယူဆရတယ်။ ထုတ်လုပ်မှုလုပ်ငန်းတွေမှာ အလုပ်အကိုင်တွေ လိုအပ်လာလို့ အလုပ်လက်မဲ့နှုန်းလျှော့ကျပြီး ဝယ်လိုအားတွေလည်း တက်လာနိုင်တယ်။ သို့သော်ထုတ်လုပ်မှု အားကောင်းတဲ့အတွက် ဝယ်လိုအားနဲ့ မျှချေတစ်ခုရရန် ကုန်ဈေးနှုန်းလည်းတည်ငြိမ်လာနိုင်တယ်။

ထုတ်လုပ်မှုဆိုတော့ အဓိကလယ်ယာကဏ္ဍဖြစ်တယ်။ ဝင်ငွေနည်းမိသားစုတွေဟာ ဝင်ငွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ထိကို အစားအသောက်မှာ သုံးစွဲရတယ်လို့သိရတော့ အစားအသောက်ဈေးနှုန်းတွေ ကျရန်အဓိကဖြစ်တယ်။

သို့ပေမဲ့ ပြီးခဲ့တဲ့ သြဂုတ်လကထုတ်ပြန်ခဲ့သည့် နိုင်ငံတကာ အစားအစာမူဝါဒ သုတေသနကျောင်းရဲ့ သွင်းအားစု လက်လီရောင်းသူ ၂၅၂ ဦးကို ဖုန်းနှင့် အင်တာဗျူးလုပ်ထားတဲ့ စစ်တမ်းမှာ မုတ်သုန်ရာသီမှာ အဓိကဆန်စိုက်ပျိုးရာ ဧရာဝတီတိုင်းဒေသကြီးတွင် ဓါတ်မြေသြဇာ (ယူရီးယားနဲ့ကွန်ပေါင်း) ရောင်းအားသည် ၂၀၂၁ ခုနှစ် ဇူလှိုင်လနဲ့ နှိုင်းယှဉ်ရင် ယူရီးယား ၅၃ ရာခိုင်နှုန်းနဲ့ ကွန်ပေါင်း ၄၅ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ တင်ပြထားတဲ့အတွက် ဆန်ထွက်နှုန်း သိသာစွာ ကျဆင်းသွားနိုင်တယ်။ စိုးရိမ်စရာ ဖြစ်တယ်။

အညာဒေသမှာလည်း ကျဆင်းသွားတယ်လို့ဆိုထားတယ်။ ထူးခြားတာက တောင်ပေါ်ဒေသရုမ်း ပြည်လိုမှာတော့ ပြောင်းဈေးကောင်း လို့ ဓါတ်မြေသြဇာသုံးစွဲနှုန်းတက်လာတယ်လို့ဆိုတယ်။ အင်တာဗျူးမှာပါဝင်တဲ့ သွင်းအားစုလက်လီရောင်းသူတွေက ရောင်းအားကျသွားရတဲ့အကြောင်းရင်းတွေမှာ သယ်ယူပို့ဆောင်ရေးစရိတ်တွေတက်သွားခြင်း၊ နိုင်ငံရေးမတည်ငြိမ်မှု၊ ဝယ်လိုအားပြောင်းလဲမှုနှင့် စိုးရိမ်ဖွယ်ရာ စိုက်ဧကကျဆင်းသွားရခြင်းကြောင့်လို့တင်ပြထားကြတယ်။

အလားတူဘဲ ကမ္ဘာ့ဘဏ်ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ၂၀၂၂ ခုနှစ်က ထုတ်ပြန်သည့် စစ်တမ်းမှာလည်း လုပ်ငန်းများဟာ လည်ပတ်နိုင်စွမ်းအောက် ၅၉ ရာခိုင်နှုန်းသာ လည်ပတ်နေကြတယ်လို့ ရေးသားထားတာ တွေ့ရတယ်။ အဆိုပါ ထုတ်ပြန်ချက်မှာလည်း လျှပ်စစ်မီးပြတ်တောက်မှု၊ ကျပ်ငွေတန်ဖိုးကျဆင်းမှုများကို စိုးရိမ်ပူပန်ရ တဲ့အချက်တွေလိုဖေါ်ပြထားတယ်။

ဆိုတော့ငွေဖေါင်းပွမှုနှုန်းကို လျှော့ချဖို့က အဓိက မြန်မာကျပ်ငွေ တန်ဖိုးတည်ငြိမ်မှုနှင့် ကုန်ထုတ်လုပ်မှုစွမ်းအားတွေ မြင့်တက်လာမှု ဖြစ်တယ်။ အထူးသဖြင့် စားနပ်ရိက္ခာဖူလုံမှုအတွက် လယ်ယာသားငါးကဏ္ဍအဓိကဖြစ်တယ်။ ယခုနှစ်မုတ်သုန်မိုးစပါးက ထွက်နှုန်းသိသာစွာ လျှော့ကျနိုင်မယ်ဆိုတော့ စိုးရိမ်ပူပန်စရာဖြစ်တယ်။ (Khine Win)

Unicode

Be the first to comment on "မထိန်းနိုင်တဲ့ ငွေကြေး ဖောင်းပွမှု၊ စပါးမစိုက်နိုင်တော့တဲ့ လယ်သမားတွေနဲ့ စိုးရိမ်စရာ အခြေအနေ"

Leave a comment

Your email address will not be published.

*