Non CDM တွေကို CDM လုပ်ဖို့ နောက်ဆုံးသတိပေးချက်ထုတ်ပြီးတဲ့နောက်…

ဝန်းသိုမြို့နယ်မှာ Non CDM တွေကို CDM လုပ်ဖို့ နောက်ဆုံးသတိပေးချက်ထုတ်ပြီးတဲ့နောက် CDM လုပ်သူ ၁၅၆ ဦးအထိ ရှိလာ

အောက်တိုဘာ ၅ ၊ ၂၀၂၂

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်တွေဖြစ်တဲ့ Non CDM တွေကို CDM လုပ်ဖို့ အတွက် နောက်ဆုံး သတိပေးချက် ထုတ်ပြီးတဲ့နောက်မှာ CDM လုပ်သူ အရေအတွက် ၁၅၆ ဦးအထိ ရှိလာခဲ့ပါတယ်။

ဝန်းသိုမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာ ၁၂ ရက်မှာ အမိန့်အမှတ် ၃/၂၀၂၂ ကို ထုတ်ပြန်ခဲ့ပြီး အဲဒီအထဲမှာ Non CDM တွေအနေနဲ့ စက်တင်ဘာ ၁၆ ရက် နောက်ဆုံးထားပြီး ပြည်သူ့ရင်ခွင် ခိုလှုံကာ အလင်းဝင်ဖို့အတွက် သတိပေးခဲ့တာပါ။

အဲဒီလိုသတိပေးချက် ထုတ်ပြန်ပြီးနောက်မှာ CDM ပြုလုပ်လာတဲ့ အရေ အတွက်က ၁၅၆ ဦးအထိ ရှိလာခဲ့တာဖြစ်တယ်လို့ ပ.အ.ဖ အဖွဲ့က PVTV ကို ပြောကြားခဲ့တာပါ။

“ဝန်းသိုမြို့နယ်မှာ ၂၀၂၂ စက်တင်ဘာ၁၂ရက်နေ့ အမိန့်ထုတ်ပြန်ပြီးနောက် ဌာနပေါင်းစုံမှ အလင်းဝင်လာတဲ့ ဦးရေ ၁၅၆ ဦးရှိ ပါပြီ” လို့ ဝန်းသိုမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက PVTV ကိုပြောပါတယ်။

CDM လုပ်လာသူတွေက ပညာရေးက ၁၄၀ ဦး၊ ကျန်းမာရေးက ၅၊ ထွေအုပ်က ၃ ဦး၊ မီးရထားက ၃ ဦး၊ သစ်တောက ၁ ဦး၊ မီးသတ်က ၂ ဦး၊ စာရင်းစစ်က ၁ ဦး၊ ပြန်ဆက်က ၁ ဦး တို့ ဖြစ်ပါတယ်။

ဝန်းသိုမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကတော့ CDM ဝန်ထမ်းတွေကို ပြည်သူလူထုကို အနှောက်အယှက်ပေးတာ၊ ဖမ်းဆီးဖို့ မမှန်သတင်းပေးတာ၊ ခြိမ်းခြောက်တာ၊ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးဖို့အတွက် စာရင်းပြုစုပေးတာတွေကို လုံးဝ(လုံးဝ) မပြုလုပ်ဖို့အတွက်လည်း စက်တင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

Unicode

Credit

Be the first to comment on "Non CDM တွေကို CDM လုပ်ဖို့ နောက်ဆုံးသတိပေးချက်ထုတ်ပြီးတဲ့နောက်…"

Leave a comment

Your email address will not be published.

*