ရဟန်းတော်တို့ မိဘကို ရှိခိုးကောင်းပါသလား?

ရဟန်းတော်တွေ ရှိခိုးကောင်းတဲ့ ပုဂ္ဂိုလ်(၃) ဦးရှိပါတယ်။ အဲဒီ (၃) ဦးကတော့…

၁။ မြတ်စွာဘုရား၊

၂။ မိမိထက် သိက္ခာဝါတော် ကြီးတော်မူသောရဟန်း၊

၃။ မိမိနှင့် မတည့်သော်လည်း ဓမ္မဝါဒီဖြစ်သည့် သိက္ခာဝါတော် ကြီးတော်မူသောရဟန်း၊{ ဘုရားရှင်၏ အယူဝါဒနှင့် ဆန့်ကျင်သည့် အဓမ္မဝါဒီတို့ကို မိမိထက် သိက္ခာဝါတော် ကြီးသော်လည်း ရှိမခိုးကောင်းပါ။ }

ဒီသုံးဦးကိုသာ ရဟန်းတော်များအနေနဲ့ ရှိခိုးကောင်းပါသည်။ ရှိခိုးထိုက်ပါသည်။ရဟန်းတော်တွေ ရှိမခိုးကောင်းသော အဝန္ဒိယပုဂ္ဂိုလ် (၂၅) ဦး….

၁။ မြို့ထဲရွာထဲ ဝင်နေသောရဟန်း၊

၂။ လမ်းမှာရောက်နေသော ရဟန်း၊

၃။ အမှောင်ထဲတွင် ရောက်နေသော ရဟန်း၊

၄။ ရှိခိုးနေသည်ကို မြင်လျှက်အလေးမပြု ဂရုမစိုက်သောရဟန်း၊

၅။ အိပ်ပျော်နေသောရဟန်း၊

၆။ ယာဂုသောက်နေရာတွင် ရောက်နေသောရဟန်း၊

၇။ ဆွမ်းယူရာနေရာတွင် ရောက်နေသောရဟန်း၊

၈။ တဖက်ရန်သူရှိရာကို သွားနေသောရဟန်း၊

၉။ အာရုံတစ်ပါး စိတ်ရောက်နေသောရဟန်း၊

၁၀။ အဝတ်ဗလာ ကိုယ်တုံးလုံးဖြစ်နေသောရဟန်း၊

၁၁။ အချိုပွဲစသည့် ခဲဖွယ်ကို ဘုဉ်းပေးနေသောရဟန်း၊

၁၂။ ဆွမ်းဘောစဉ်ကို ဘုန်းပေးနေသောရဟန်း၊

၁၃။ ကျင်ကြီးစွန့် {ကုဋိတက်} နေသောရဟန်း၊

၁၄။ ကျင်ငယ်စွန့်နေသော ရဟန်း၊

၁၅။ သံဃာ့ဘောင်မှ နှင်ထုတ်ထားသည့် ဥက္ခိတ္တက ရဟန်း၊

၁၆။ မိမိထက် သိက္ခာဝါတော်ငယ်သည့် သီတင်းငယ်ရဟန်း၊

၁၇။ လူ သာမဏေ၊

၁၈။ အဓမ္မဝါဒီဖြစ်နေသည့်ရဟန်း {အဓမ္မဝါဒီရဟန်းကို မိမိထက် သိက္ခာဝါတော်ကြီးလည်း ရှိမခိုးထိုက်}၊

၁၉။ မာတုဂါမ၊

၂၀။ နပုံး ပဏ္ဍုက်၊

၂၁။ ပရိဝါသ်ဆောက်တည်နေသောရဟန်း၊

၂၂။ အရင်းသို့ ငင်ထိုက်သောရဟန်း၊

၂၃။ မာနတ်ကျင့်ထိုက်သောရဟန်း၊

၂၄။ မာနတ်ကျင့်ဆဲသော ရဟန်း၊

၂၅။ အဗ္ဘာန်သွင်းထိုက်သော ရဟန်းဟူ၍ သံဃာတော်များ ရှိမခိုးကောင်းသည့် “အဝန္ဒိယပုဂ္ဂိုလ်” (၂၅)ဦး ရှိပါတယ်။

ထိုရှိမခိုးကောင်းသည့်

“အဝန္ဒိယပုဂ္ဂိုလ်” (၂၅) ဦးတွင် အမှတ်စဉ် (၁၅)မှ (၂၅)အထိ ပုဂ္ဂိုလ်တို့ကို ရှိခိုးရင် “အာပတ်” သင့်ပါတယ်။

မိဘ ဆရာသမားတို့ဟာ ရှိမခိုးကောင်းတဲ့ စာရင်းထဲမှာ ပါနေတဲ့အတွက် လုံးဝရှိမခိုးကောင်း ရှိမခိုးထိုက်ပါဘူး။

ရဟန်းတော်များ မိဘကို လုပ်ကျွေးပြုစုထိုက်ပါသည်။ ပြုစုလုပ်ကျွေးကောင်းပါတယ်။

ဖော်ပြပါ ရှိမခိုးကောင်းတဲ့ပုဂ္ဂိုလ် (၂၅) ဦးဟာ ရဟန်းအချင်းချင်း ရှိမခိုးကောင်းတဲ့ ပုဂ္ဂိုလ်များသာဖြစ်ပြီး “လူပုဂ္ဂိုလ်များ ဒကာ ဒကာမများနှင့် မသက်ဆိုင်ပါ”။

ကျမ်းညွှန်း။ ။

စူဠဝါပါဠိတော်မြန်မာပြန် (စာမျက်နှာ၊၃၁၆၊ ၃၁၇။)

ပရိဝါပါဠိတော်မြန်မာပြန် (စာမျက်နှာ၊ ၄၇၃၊၄၇၄။)တို့ကို ကြည့်ရှုတော်မူကြပါဘုရား။

Unicode

Be the first to comment on "ရဟန်းတော်တို့ မိဘကို ရှိခိုးကောင်းပါသလား?"

Leave a comment

Your email address will not be published.

*