မြန်မာ ၁၁ ဦး ပါဝင်သည့် တောင်ကိုရီးယား ကုန်သင်္ဘောကို အီရန်ဖမ်းဆီး






———-

အီရန်နိုင်ငံက ပါရှန်ပင်လယ်ကွေ့ထဲမှာ တောင်ကိုရီးယား ဓာတုပစ္စည်း ကုန်တင် သင်္ဘောတစ်စင်းကို မနေ့ကပဲ ဖမ်းဆီးလိုက်ပါ တယ်။ ဆော်ဒီအာရေဗျကနေ အာရပ်စော်ဘွားများ ပြည်ထောင်စုကို ဓာတုကုန်စည်တွေ ပို့နေရင် ဖမ်းဆီးခံခဲ့ရ တာဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ သင်္ဘောသား စုစုပေါင်း အယောက် ၂၀ ရှိနေတာဖြစ်ပြီး ကိုရီးယားနိုင်ငံသား ငါးယောက်၊ မြန်မာနိုင်ငံသား ၁၁ ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား နှစ်ယောက်၊ ဗီယက်နမ် နိုင်ငံသား နှစ်ယောက် ပါဝင်ပါတယ်။

အီရန်အစိုးရကတော့ ဒီ ဓာတု ကုန်တင်သင်္ဘာဟာ ပါရှန်ပင်လယ်ကွေ့မှာ ဓာတုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတာကြောင့် အခုလို ဖမ်းဆီးရတာလို့ဆိုပါတယ်။ အီရန်နိုင်ငံရဲ့ အဆိုအရ ဓာတု ပစ္စည်း အဆီ တန်ချိန် ၇၂၀၀ သယ်ဆောင်လာတယ်လို့ ဆိုပါတယ်။

ပင်လယ်ကွေ့ ဒေသအတွင်း အီရန်နဲ့ အနောက်နိုင်ငံတွေ တင်းမာမှု မြင့်တက်နေချိန်မှာ အီရန်ဘက်က အခုလို ကုန်တင် သင်္ဘောတစ်စင်းကို ဖမ်းဆီးလိုက်တာလည်းဖြစ် ပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက သင်္ဘောကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားပြီး အစိုးရကလည်း ဟော်မုဇ် ရေလက်ကြားကို စစ်သင်္ဘောတွေ စေလွှတ်လိုက်ပြီလို့ ထုတ်ပြန်ကြေညာထားပါတယ်။

Be the first to comment on "မြန်မာ ၁၁ ဦး ပါဝင်သည့် တောင်ကိုရီးယား ကုန်သင်္ဘောကို အီရန်ဖမ်းဆီး"

Leave a comment

Your email address will not be published.


*