“အဂတိလိုက်စားမှု ပါတီရန်ပုံငွေအလွဲသုံးစားမှုဖြင့် နာမည်ကြီးသည့် USDP ဥက္ကဌဦးသန်းဌေးကိုပါတီရာထူးမှ တရားဝင်ရပ်ဆိုင်းပြီ။”

USDP ဥက္ကဌ ဦးသန်းဌေး ပါတီရာထူးမှ တရားဝင်ရပ်ဆိုင်းပြီ

ပါတီရန်ပုံငွေ အလွဲသုံးသည်၊ တစ်ဦးတည်းသဘောဖြင့် ပါတီစည်းမျဉ်းများ အပြောင်းအလဲ လုပ်သည်ဟု ဝေဖန်ခံနေရသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ လက်ရှိ ဥက္ကဋ္ဌ ဦးသန်းဌေး အနားယူတော့မည်ဖြစ်သည်။

နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ယနေ့စတင်သည့် USDP တတိယအကြိမ် ညီလာခံ အဖွင့်မိန့်ခွန်း တွင် ဝေဖန်မှုများကြောင့် ပါတီကို စွန့်ခွာခြင်း မဟုတ်ကြောင်း ဦးသန်းဌေးက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရအောင် မစွမ်းဆောင်နိုင်ခြင်း၊ ကျန်းမာရေးမကောင်းခြင်း၊ ပါတီဝင် များ သတ်ဖြတ်ခံနေရသည့် အခြေအနေကို မကူညီနိုင်ခြင်းတို့ကြောင့် နှုတ်ထွက်ခြင်းဖြစ်သည်ဟု အသက် ၆၈နှစ်အရွယ် ၎င်းက အကြောင်းပြသည်။

USDP ညီလာခံကို အောက်တိုဘာ ၄၊ ၅ နှစ်ရက်ကြာ ပြုလုပ်ရန်ရှိပြီး မကြာသေးမီကမှ စစ်ကောင်စီ လူဝင်မှုကြီးကြပ် ရေးဝန်ကြီး အဖြစ်မှ အနာယူကာ USDPသို့ ပြန်ရောက်လာသူ ဦးခင်ရီ ဥက္ကဌ ဖြစ်လာမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ၎င်းသည် လက်ရှိတွင် ပါတီယာယီဥက္ကဌ တာဝန်ကို ယူထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် နီးစပ်သည့် ရဲချုပ်ဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်း ခင်ရီသည် တပ် ထောက်ခံပွဲများကို စီစဉ်သူဟု နာမည်ကျော်သည်။

သတင်း – စထွန်းအောင်/Myanmar Now

Unicode

Be the first to comment on "“အဂတိလိုက်စားမှု ပါတီရန်ပုံငွေအလွဲသုံးစားမှုဖြင့် နာမည်ကြီးသည့် USDP ဥက္ကဌဦးသန်းဌေးကိုပါတီရာထူးမှ တရားဝင်ရပ်ဆိုင်းပြီ။”"

Leave a comment

Your email address will not be published.

*