အမွေရတဲ့ ပိုက်ဆံ၊ တသက်လုံး ရှာလို့ရသမျှ ပိုက်ဆံ အကုန်လှူတဲ့ ရှားပါး ကုသိုလ်ရှင်ကြီး..
လူဆိုမှလူ..
စက်ရေတွင်း အငှားလိုက်တူးပေးပြီး ရေတွင်းတူးခများ ရတာကို ခြိုးခြံချွေတာ စားသောက်နေထိုင်ပြီး ခြစ်ခြစ်ကုပ်ကုပ် စုဆောင်းထားရှိပြီး စုဆောင်းရရှိငွေ ၄,၅၀၂,၀၀ဝိ/ လေးဆယ့်ငါးသိန်း နှစ်ထောင်ကျပ် ရရှိလာသောအခါ ၂၀၀ဝိ/ ကျပ်ကို သုံးစွဲရန် ချန်ထားပြီး လေးဆယ့်ငါးသိန်းကျပ်ကို စလင်းမြို့သံဃာတော်များ အရုဏ်ဆွမ်းမခက်ခဲစေရန် စလင်းမြို့ သာသနဟိတ နေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းကြီးသို့ ရာသက်ပန် ငွေပင်ငွေရင်း ပဒေသာပင်အဖြစ် စိုက်ထူလှူဒါန်းလိုက်ပါသော ကုသိုလ်ရှင်ကြီး ဖြစ်ပါတယ်..
ယခင်ကလည်း အမွေဆိုင် ဝိုင်းရောင်းရငွေမှ မိမိဝေစုရသော ၂,၁၀၀,၀၀ဝိ/ နှစ်ဆယ့်တစ်သိန်းကျပ်ကို ဘခင်ကြီးဦးရာဆယ်၊ မိခင်ကြီးဒေါ်နှင်း အမ ဒေါ်လှလေး တို့အား ရည်စူး၍ ရာသက်ပန် ငွေပင်ငွေရင်း ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းထားတာ အခုလှူတာနဲ့ဆိုရင် ပဒေသာပင်တန်ဖိုး ၆,၆၀၀,၀၀၀ိ/ ခြောက်ဆယ့်ခြောက်သိန်း စိုက်ထူထားတဲ့ ထာဝရအလှူရှင်ကြီးလည်း ဖြစ်သွားပါပြီ..
ဆွမ်းလောင်းသင်းကြီးကို လစဉ်အလှူငွေ ၁၀၀ဝိ/ ကျပ်နှုန်းနဲ့ တစ်နှစ်ပါတ်လုံး နှစ်စဉ်မပျက် လှူဒါန်းနေတဲ့ အာစိဏ္ဏကံ အလှူရှင်ကြီးလည်း ဖြစ်ပါတယ်.. စလင်းမြို့ သာသနဟိတ နေ့စဉ် အရုဏ်ဆွမ်းလောင်းအသင်းကြီးမှာ ရာသက်ပန်ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းထားကြတဲ့ အလှူငွေများကို ဘဏ်မှာ စနစ်တကျ အပ်နှံထားပြီး အရင်းကို မလျော့ပါးစေဘဲ ရရှိလာတဲ့ အတိုးအညွန့်များကိုသာ ဆွမ်းလောင်းလှူတဲ့ ကိစ္စများမှာသာ သုံးစွဲတာဖြစ်လို့ အလှူရှင်များ မရှိတော့သည့်တိုင်အောင် သားစဉ်မြေးဆက် အမြဲကုသိုလ်ရနေမယ့် အလှူ ဖြစ်ပါတယ်ခင်ဗျား..
ဆွမ်းပဒေသာပင်အလှူရှင်များ သေချာ နားလည် သဘောပေါက်နိုင်ကြစေရန် အလျှင်းသင့်လို့ တင်ပြရခြင်း ဖြစ်ပါတယ်ခင်ဗျား.. ကနေ့ ထူးထူးခြားခြား လှူဒါန်းသွားတဲ့ သဒ္ဓါတရား ကောင်းလွန်းလှပြီး စိတ်ဓာတ်ခိုင်မာ ပြတ်သားလှပါသော ဒါနသူရဲကောင်းကြီး ဦးသန်းစိန်ရဲ့ စေတနာသဒ္ဓါတရားကို လေးစားစွာ ချီးကျူးဂုဏ်ပြု သာဓုအနုမောဒနာ ခေါ်ဆို လိုက်ရကြောင်းပါ ခင်ဗျာ.. (UPho Thar)
Be the first to comment on "အမွေရတဲ့ ပိုက်ဆံ၊ တသက်လုံး ရှာလို့ရသမျှ ပိုက်ဆံ အကုန်လှူတဲ့ ရှားပါး ကုသိုလ်ရှင်ကြီး"