အချည်ပေါင်းဈေးသည်ကို ငွေပေးမယ်ဆိုပြီး စစ်တပ်ထဲ ဆွဲသွင်းခံရာက စစ် သားဖြစ်လာသူ တပ်သားမျိုးဝင်းကိုယ်တိုင် ဖွင့်ဟဝန်ခံချက်များ

အချည်ပေါင်းစျေးသည်ကို ငွေပေးမယ်ဆိုပြီး စစ်တပ်ထဲ ဆွဲသွင်းခံရာက စစ် သားဖြစ်လာသူ တပ်သားမျိုးဝင်းကိုယ်တိုင် စစ်တပ်၏ မူးယစ်ဆေးဝါးသုံးစွဲမှု၊ လူသ တ်မှု၊ ပစ္စည်းခိုးလုယက်မှုများ ကျူးလွန်မှုများကို ကြုံရဟု ဖွင့်ဟဝန်ခံ

(ရုပ်သံဗီဒီယိုကို အောက်တွင်ဖော်ပြပေးထားပါသည်)

ကယားပြည်နယ်၊ ဖရူဆိုမြို့ရှိ ဖရူဆိုမြို့မရဲစခန်းတွင် တာဝန်ထမ်း​ဆောင်​​နေသော ခမရ(၄၂၈)တပ်၊ တပ်သား မျိုးဝင်း အသက်(၂၅)နှစ်သည် တပ်မှထွက်​ပြေးရင်း ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို(DMO- PDF)တပ်ဖွဲ့ ဗျူဟာ ၃ မှ C၊ D၊ E တပ်ရင်းတပ်ခွဲအချို့နှင့် အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်းတို့ပူး​ပေါင်းကာ နယ်​မြေရှင်းလင်း​​ရေးပြုလုပ်​နေစဥ် ​၂၀၂၂ခုနှစ်၊ မေလ(၁)​နေ့တွင် ဖမ်းဆီးရမိခဲ့သည်။

တပ်သား မျိုးဝင်းသည်တပ်ထဲတွင် (၁)နှစ် ​ကျော်ထိတာဝန်ထမ်း​ဆောင်ခဲ့​ပြီး အရာရှိညှဥ်းပန်းနှိပ်စက်ဒဏ်မခံနိုင်မှု​ကြောင့် ၂၀၂၂ခုနှစ်၊ဧပြီလ(၃၀)ရက်​နေ့တွင် ထွက်​ပြေးလာ၍ တစ်ညအိပ်ကာ ​မေလ(၁)ရက်​ နေ့လည်အချိန်တွင် ဖမ်းဆီးရမိခဲ့ရာ စစ်တပ်အတွင်း ၎င်း ကြုံတွေ့ရသည့် အခြေအနေများကို ပြည်သူများသို့ ထုတ်ဖော်ပြောဆိုသည်။

အချည်ပေါင်းစျေးသည်ကို ငွေပေးမယ်ဆိုပြီး စစ်တပ်ထဲ ဆွဲသွင်းခံရာက စစ်သားဖြစ်လာသူ တပ်သားမျိုးဝင်း စစ်တပ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု၊ လူသ တ်မှု၊ ပစ္စည်းခိုးလုယက်မှုများ ကျူးလွန်မှုများကို ကိုယ်တိုင်ကြုံရဟု ဖွင့်ဟဝန်ခံသည်။

တပ်သားမျိုးဝင်း၏ ဖွင့်ဟဝန်ခံချက်များ
=================================

ကျနော် ကျေးရွာသား တစ်ဦးပါ၊ မျိုးဝင်းပါ။ ကျနော် အချဥ်ပေါင်းရောင်းပါတယ်။ ရန်ကုန်ထဲမှာ ရွှေပြည်သာထဲမှာ အချဥ်ပေါင်းရောင်းရင်းနဲ့ ဗိုလ်ကြီးတစ်ယောက်နဲ့တွေ့ပါတယ်။ ဗိုလ်ကြီး ဝေဖြိုးအောင်က ပိုက်ဆံအများကြီး မင်းရတဲ့ နေရာလိုချင်တာ မင်းလိုက်ခဲ့ ငါပိုက်ဆံအများကြီးပေးမယ်ဆိုလို့ ကျနော် လိုက်ခဲ့ပါတယ်။

ဗိုလ်ကြီးနဲ့ လိုက်ခဲ့တော့ ဗိုလ်ကြီးက အိမ်ကို ပိုက်ဆံ ၁ သိန်းပေးပါတယ်။ ၁ သိန်းပေးလား မပေးလားတော့ ကျနော်လည်း မသိပါဘူး။ ပေးတယ်လို့တော့ အသံကြားပါတယ်။ ပြီးတော့ သူနဲ့ အတူတူနေပါတယ်။ နောက်နေ့ကျတော့ တစ်လပြည့်တော့ စုဆောင်းရေး ၁ ကို ပို့ပါတယ်။ ရန်ကုန် စုဆောင်းရေးမှာ ကျနော် ၁ လ နေခဲ့ပါတယ်။ နေခဲ့ပြီးတော့ ကျနော် ပင်လောင်းကို ရောက်ပါတယ်။ ပင်လောင်းမှာ သင်တန်း တက်ရမယ်ဆိုပြီး ဆေးအောင်တဲ့လည်း အောင်ကော ကျနော် ၆ လ သင်တန်းတက်ပါတယ်။

၆ လသင်တန်းတက်ပြီးတော့ ၇ လပိုင်း ၂ ရက်နေ့မှာ ကျောင်းဆင်းပြီးတော့ ကျနော် ဖားဆောင်း ဘောလခဲ ဆိုတဲ့ ၁၂၇ ဆိုတဲ့ တပ်ကို ရောက်ပါတယ်။ ရောက်လည်း ရောက်ကော ကျနော့်ကို ဗိုလ်တဲမှာထားပါတယ်။ ၁၀ ရက်လောက် ကျနော့်ကို ထားပါတယ်။ ထားလည်းထားပြီးရော ၁၀ ရက်လည်း ပြည့်ကော မင်းတို့ ရဲစခန်း change ဖို့ပါတယ်။ အသင့်ပြင်ထားလို့ ကျနော်တို့ကို ပြောပါတယ်။ ကျနော်တို့ ရဲစခန်းသွားရမယ်။ ဒီမော့ဆို ရဲစခန်းကို သွားရမယ်လို့ပြောပါတယ်။

သွားပြီးတော့ ရဲစခန်းမှာနေရမယ် လို့ပြောပါတယ်။ ရဲစခန်းမှာ နေပါတယ်။ ကျနော်က ထမင်းချက် တာဝန်နဲ့နေပါတယ်။ ဘယ်မှလည်း မလိုက်ရပါဘူး။ ခေါ်လည်း မခေါ်ပါဘူး။ ထမင်းချက်နဲ့ တာဝန်နဲ့ပဲ နေနေရပါတယ်။ တကယ်လို့ တိုက်ပွဲတွေ ဘာတွေ ဖြစ်ရင်တောင်မှ ဘန်ကာထဲမှာ ပုန်းနေရပါတယ်။ ကျနော့်ကို ဘာမှလည်း မလုပ်ခိုင်းပါဘူး။ ပြီးတော့ ယူနီဖောင်းတွေလည်း ကျနော့်ကို လျှော်ခိုင်းပါတယ်။

ကျနော့်ကို ထုလည်း ထုပါတယ်။ ရိုက်လည်း ရိုက်ပါတယ်။ နှိပ်လည်း နှိပ်စက်ပါတယ်။ ကျနော့်ကို အဲလို နှိပ်စက်လို့ ထွက်​ပြေးလာပါတယ်။ ထွက်ပြေးလာပြီးတော့ လမ်းမှာ တစ်ည အိပ်ခဲ့ပါတယ်။ ပြီးလည်းပြီးရော အစ်ကိုတို့နဲ့ တွေ့ပါတယ်။ အစ်ကိုတို့နဲ့ တွေ့ပြီးတော့ ဘယ်သွားမလို့လဲ ဘာညာမေးပြီးတော့ ကျနော်လည်း သူတို့နဲ့ လိုက်ခဲ့ပါတယ်။ သူတို့က ကျနော့်ကို ဖမ်းထားတာ မဟုတ်ပါဘူး။ ကျနော့်ကို ထိန်းထားတာပါ၊ ကျနော့်ကို ခေါ်လာတာပါ။ ခေါ်လည်း ခေါ်လာကော ကျနော့်ကို ဒီစခန်းကို ပို့ပါတယ်။

ဒီစခန်းမှာ ကျနော်တို့ ညီအစ်ကိုလိုပဲ နေကြပါတယ်။ ကောင်း​ကောင်းမွန်မွန်နဲ့ နေကြပါတယ်။ ထမင်းလည်းစားရပါတယ်။ ထမင်းလည်း ကောင်းကောင်းမွန်မွန် ကျွေးပါတယ်။ ကျနော်တို့ ထမင်းငတ်တဲ့နေ့ မရှိဘူး။ ထမင်းပုံမှန်ကျွေးပါတယ်။ ကောင်းကောင်းမွန်မွန်နဲ့ ညီအစ်ကိုလို ဆက်ဆံပါတယ်။ ကျနော် ရဲစခန်းမှာနေရတဲ့ အတိုင်းအတာနဲ့ ဒီကဟာကို ယှဥ်ကြည့်ရင် ကွာပါတယ် အများကြီး။ ကျနော် ရဲစခန်းမှာကျတော့ ထမင်းစားဖို့ အရေး အရိုက်ခံရတယ် အဆူခံရတယ်။ အထိုးခံရတယ်။

ဒီမှာတော့ ကျနော့်ကို ညီလို အစ်ကိုလိုထားတာ ညီအစ်ကို စိတ်ဓာတ်လိုပဲထားတယ်။ မရိုက်လည်း မရိုက်ပါဘူး။ ထိုးလည်း မထိုးပါဘူး။ ကောင်းကောင်း မွန်မွန်နဲ့ပဲ ကျနော်တို့ကို ဆက်ဆံပါတယ်။ ညီအစ်ကို မောင်နှမလိုပဲ သဘောထားပြီးတော့ စစ်တပ်မှာကျတော့ အချိန်မရွေး လက်နက်ကြီးတွေ ပစ်တယ်။ ပြီးရင် ကြက်တွေပစ်တယ်။ ပြီးရင် အဲဒီက တွေ့တဲ့ ပစ္စည်းတွေ ယူလာတယ်။ ပြီးရင် ခွဲယူကြတယ်၊ သူတို့တွေ ကျွန်တော့်ကိုကျတော့ သူတို့ မလိုချင်တဲ့ဟာမှ ပေးတယ်။ သူတို့ လိုချင်တဲ့ဟာဆို ကျနော့်ဆို မပေးဘူး။

အဲ့ပစ္စည်းတွေလည်း ကျနော် တစ်ခုမှ မယူလာပါဘူး။ ရဲစခန်းမှာပဲ ထားခဲ့တာပါ အကုန်လုံး ဘာမှ မယူပါဘူး။ ၆၆ အဖွဲ့တို့ ကျနော် သတင်းမှာကြားတာ မဟုတ်ဘူး။ ကျွန်တော် လက်တွေ့တွေ့တာပါ။ မီးရှို့တယ်။ အိမ်တွေကို မီးရှို့တယ် ကားထဲမှာ အလုံပိတ်ပြီး မီးရှို့သတ်တယ်ဆိုတာလည်း ကျနော် ကြားပါတယ်။ ကျနော်တို့ တပ်ထဲမှာလည်း မူးယစ်ဆေးဝါးတွေ သုံးစွဲပါတယ်။ သုံးတာလည်း တွေ့ပါတယ်။ အဲလိုမျိုးတွေ့ပါတယ်။ တွေ့လည်းတွေ့ကော ကျနော် ဒီကိုရောက်တဲ့အထိ ကောင်းကောင်းမွန်မွန် အစ်ကိုတွေက ကျနော့်ကို ခေါ်ထားပါတယ်။

ဘာမှလည်း မခိုင်းပါဘူး။ ကျနော့်ကို ဒီအတိုင်း အေးအေးဆေးဆေးပဲ နေခိုင်းပါတယ်။ ထမင်းလည်း ကျွေးထားပါတယ်။ ဒီမှာ ကျနော့်အဖွဲ့ရဲ့ အားလုံးပေါင်း ၅ ယောက်ရှိပါတယ်။ ကောင်းကောင်း မွန်မွန်ပဲ ညီအစ်ကို မောင်နှမလို ပြုစုစောင့်ရှောက်ထားပါတယ်။ ညီအစ်ကို မောင်နှမလို့ပဲထားပါတယ်။ ဒီပစ္စည်းတွေ လမ်းမှာတွေ့လို့ဆိုပြီး အိမ်တွေကနေ ကျနော် ယူခဲ့ပါတယ်။ တစ်ည အိပ်ခဲ့တဲ့ အိမ်ကရော ရဲစခန်းဘေးက အိမ်ကကော ကျနော် ယူခဲ့ပါတယ် ဒီပစ္စည်းတွေ မှန်ပါတယ် ကျနော် ယူခဲ့ပါတယ်။

ကျနော် ယူခဲ့တာ ခိုးတာနဲ့ တူတူပါပဲ၊ မှန်ပါတယ် ကျနော် ခိုးခဲ့ပါတယ်။ ကျနော် ဝန်ခံပါတယ်။ အဲပစ္စည်းတွေ အတွက်ကို အကုန်လုံးကိုရော ပြည်သူလာထုကိုရော ကျနော့်ကို ထမင်းကျွေးထားတဲ့ ထမင်းရှင်ရော ပြည်သူလူထုကိုရောအကုန်လုံးတောင်းပန်းပါတယ်လို့ ကျနော့်ကို ခွင့်လွှတ်ပေးကျပါလို့ လက်ဆယ်ဖြာ ထိပ်မှာမိုးပြီးတော့ အကုန်လုံးကို ရှိခိုးတောင်းပန်ပါတယ်။ ကျနော့်ကို တတ်နိုင်သလောက် ခွင့်လွှတ်ပေးပါလို့ ကျနော် တောင်းပန်ပါတယ်။

ရုပ်သံကြည့်ရန်👇

Be the first to comment on "အချည်ပေါင်းဈေးသည်ကို ငွေပေးမယ်ဆိုပြီး စစ်တပ်ထဲ ဆွဲသွင်းခံရာက စစ် သားဖြစ်လာသူ တပ်သားမျိုးဝင်းကိုယ်တိုင် ဖွင့်ဟဝန်ခံချက်များ"

Leave a comment

Your email address will not be published.


*