စစ်တပ်ရဲ့ကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူး
မင်းတို့မှာ ချမ်းသာကြွယ်ဝတဲ့ ပါတီကြီးတွေ ရှိတာတောင် ရွေးကောက်ပွဲ မနိုင်လို့ အာဏာတက်သိမ်းတယ် ။
မင်းတို့မှာ အမာခံ လော်ဘီတွေ ရှိတာတောင်
လိုင်းပေါ်က အမှန်တရားတွေကို မနိုင်လို့ အင်တာနက်ပိတ်တယ် ။
မင်းတို့မှာ ခိုင်မာတဲ့ တရားစီရင်ရေးတွေ ရှိတာတောင် တရားမျှတမှု မပြနိုင်လို့ အမှုပေါင်းစုံ ဆင်တယ် ။
မင်တို့မှာ အသံလွှင့်စက်ရုံတွေ ရုပ်မြင်သံကြား ဌာနကြီးတွေ ရှိတာတောင် မီဒီယာကို မနိုင်လို့ ပိတ်ပင်တားဆီး ဖမ်းဝရမ်းထုတ်တယ် ။
မင်းတို့မှာ ခိုင်မာတောင့်တင်းတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ ရှိတာတောင် ပြည်တွင်း အလှုရှင်တွေ ကို မနိုင်လို့ ပရဟိတတွေကို တက်သိမ်းတယ် ။
မင်းတို့မှာ ခေတ်မီလက်နက်မျိုးစုံရှိတာတောင် လက်နက်ကိုင် အချင်းချင်း မပြောနဲ့ပြည်တွင်းဖြစ် လေးခွ ကို မနိုင်လို့ သရေကြိုး မရောင်းဖို့ ပိတ်တယ် ။
မင်းတို့မှာ လူအင်အားတွေ ရှိတာတောင် ဘယ်ကပေါ်လာမှန်းမသိတဲ့ လူငယ်တွေကို မနိုင်လို့ ညဖက် စစ်ဆေး သောင်းကျန်းတယ် ။
မင်တို့မှာ အင်အားကြီး နှစ်နိုင်ငံ ရှိတာတောင်ဘယ်ဆီဘယ်မှာ နေမှန်း မသိတဲ့ လေလှိုင်းပေါ်က အစိုးရကို မနိုင်လို့ အနောက်အုပ်စုဆိုတာကြီးကို ကြောက်နေရတယ် ။
တကယ်တမ်း ကြောက်ခေတ်မှာ နေနေရတာ မင်းတို့ အုပ်စုလေးပဲ ။မင်းတို့ရဲ့ နေဝင်ချိန် နီးသထက် နီးလာနေပြီ ။
မင်းတို့ နိုင်တာဆိုလို့ အသိဥာဏ် နည်းတဲ့ နောက်လိုက်တွေနဲ့ သခင်အားရ ကျွန်ပါးဝ သူခိုး ဓားရိုးကမ်းချင်တဲ့လူ အနည်းစုပဲ ရှိမယ်။
စစ်တပ်ကကောင် ဘောင်းဘီချွတ်၊ပုဆိုးတိုက်ပုံဝတ်လိုက်တော့ “ကြံ့ဖွတ်” ဖြစ်သွားတယ်။
အဲ့ဒါကို ခေါင်းပေါင်းဆောင်းလိုက်တော့ “လွှတ်တော်အမတ်”တဲ့။
အဲ့ဒါကိုပဲရွှေစလွယ်သိုင်းလိုက်တော့”သမ္မတဖြစ်”ရော။
စစ်ယူနီဖောင်းမချွတ်ပဲ ပိတ်စအဖြူစလွယ်သိုင်းတော့”ဘုရားဒကာ”။
တိုက်ပုံအဝါဝတ်တော့ “YMBA”။
အခု စစ်တပ်က မာဖီ(အရပ်ဝတ်တွေနဲ့)လက်နက်ကိုင်ထားတာ “ပျူစောထီး”။
အဲ့ဒါကို လက်ပတ်အဝါပတ်တော့ “NLDဆန့်ကျင်သူ”။
ကားပြာကြီးနဲ့ နဲ့လက်နက်ကိုင် လူလိုက်သ၊တ်တော့”သွေးသောက်”အဖွဲ့တဲ့။
အချုပ်ပြောရရင် “စစ်တပ်ဟာဘယ်တုန်းကမှ”ပြည်သူမဖြစ်ခဲ့ဘူး”။
ဒါကြောင့်ပြောပါတယ်
စစ်တပ်နဲ့ပြည်သူကတသီးတသန့်ပါဆို။
စစ်တပ်ရဲ့ကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူး ။
Be the first to comment on "စစ်တပ်ရဲ့ကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူး"