မေလ ၈ ရက်မှ နောက်၂၄နာရီအတွင်း Tropical Storm TWO မုန်တိုင်းမိုးတွေ ရွာလာမယ့်ဒေသများ

ဘင်္ဂလားပင်လယ်အော်မှလေဖိအားနည်းလေဝဲသည် 45kts ဖြင့် မုန်တိုင်းဖြစ်သွားပါပြီ မြန်မာမိုးတွေလာပါတော့မယ်။

Tropical Storm TWO 60 kt =70 (မိုင်) မုန်တိုင်းက အိန္ဒိယကိုသွားမယ် မိုးတိမ်တွေက မြန်မာနိုင်ငံဆီ လာနေပါတယ်။ မိုးတွေရွာပါမယ် ။ Issued date 08/05/2022

08/05/2022 အချိန်မှ နောက်၂၄နာရီအတွင်း မုတ္တမပင်လယ်ကွေ့ ဒေသများနှင့် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ဒေသတွေမှာ (Tropical Storm TWO) မုန်တိုင်းမိုးတွေရွာလာနိုင်ပါတယ် ။ ခန့်မှန်းချိန် 08/05/2022

မော်တင် ဟိုင်းကြီးကျွန်း ချောင်းဝ လပွတ္တာ လေမိုး လျှပ်စီးမိုးကြိုး မိုး ⛈⛈⛈ Lightning: Cloud to ground, Power: 230kA , Date: 08/05/2022, Time: 09:12:57am

မေလ ၈ရက်နေ့မှ ၁ဝရက်နေ့အထိ ပုသိမ်ခရိုင် မြောင်းမြခရိုင် လပွတ္တာခရိုင် ဖျာပုံခရိုင် မအူပင်ခရိုင် ဟင်္သာတခရိုင် ဒေသတွေမှာ မိုးတွေရွာနိုင်ပါတယ်။ခန့်မှန်းချိန် 08/05/2022

၂၀၂၂ မေလ ၈ရက်နေ့မှ ၁၁ရက်နေ့အတွင်း ရခိုင်ပြည်နယ် မကွေးတိုင်းမန္တလေးတိုင်း နေပြည်တော်ဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ်။Issused date 08/05/2022

အိန္ဒိယမိုးလေဝသဌာနဲ့ကြီးရဲ့ အိန္ဒယနိုင်ငံအရှေ့ပိုင်းကို မုန်တိုင်းဦးတည် သွားရောက်မှာဖြစ်လို့ မြန်မာမုန်တိုင်းအန္တရာယ်မရှိပဲ မိုးတော့ရွာပါလိမ့်မယ်။ Issued date 08/05/2022

မိုးတွေရွာမယ် 🌧🌧🌧🌧

၂၀၂၂ မေလ ၈ရက်နေ့မှ ၁၅ရက်နေ့အတွင်း ရခိုင်ပြည်နယ် မကွေးတိုင်း မန္တလေးတိုင်း နေပြည်တော် ရှမ်းပြည်နယ် စစ်ကိုင်းတိုင်း ချင်းပြည်နယ် ကချင်ပြည်နယ်တွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ်။ မေလ၁၄ရက်နေ့ ၁၅ရက်နေ့တွေမှာ ကချင်ပြည်နယ်ကြီးတွင်မိုးကြီးနိုင်ပြီး ဧရာဝတီမြစ်ရေများစွာတိုးလာနိုင်ပါတယ်။

၂၀၂၂ မေလ ၈ရက်နေ့ ၉ရက်နေ့ ၁၀ ရက်နေ့ မိုး 🌧🌧

မွန်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်းပဲခူးတိုင်း နေပြည်တော်ကယားပြည်နယ် ရှမ်းပြည်နယ်မန္တလေးတိုင်း မကွေးတိုင်း ရခိုင်ပြည်နယ်

ချင်းပြည်နယ် စစ်ကိုင်းတိုင်းကချင်ပြည်နယ်တွေမှာမိုးရွာနိုင်ပြီး ရခိုင်ပြည်နယ် မကွေးတိုင်းအနောက်ပိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်း စစ်ကိုင်းတိုင်းအလယ်ပိုင်းဒေသတွေမှာမိုးကြီးနိုင်ပါတယ်။

မိုးနည်းရပ်ဝန်းအတွက်ကဆုန်မိုး ၂၀၂၂ မေလ ၁ဝရက်နေ့တွင် သရက်ခရိုင် မင်းဘူးခရိုင် မကွေးခရိုင် မိတ္ထီလာခရိုင် ညောင်ဦးခရိုင် မြင်းခြံခရိုင် ပခုက္ကူခရိုင် မုံရွာခရိုင် ရွှေဘိုခရိုင် ပြင်ဦးလွင်ခရိုင် စစ်ကိုင်းခရိုင် ဒေသတွေမှာမိုးများစွာရွာသွန်းနိုင်ပါတယ် တောင်ကျရေများသတိပြုပါ ။

Source – Su Su San

Be the first to comment on "မေလ ၈ ရက်မှ နောက်၂၄နာရီအတွင်း Tropical Storm TWO မုန်တိုင်းမိုးတွေ ရွာလာမယ့်ဒေသများ"

Leave a comment

Your email address will not be published.


*