အိႏၵိယအစိုးရက ကိုဗစ္ကာကြယ္ေဆး ျပည္ပတင္ပို႔ျခင္းအား ယာယီပိတ္ပင္၊ ျမန္မာျပည္အတြက္ ေနာက္က်ပါၿပီ..
အိႏၵိယအစိုးရဟာ Serum Institute of India မွ ထုတ္လုပ္ေနတဲ့ Oxford-AstraZeneca ကိုဗစ္ကာကြယ္ေဆးကို ျပည္ပႏိုင္ငံမ်ားအား ေရာင္းခ်ျခင္းကို အိႏၵိယအစိုးရမွ ယာယီပိတ္ပင္လိုက္ပါတယ္။
Serum Institute of India ဟာ အဲ့ဒီကာကြယ္ေဆးေပါင္း dose သန္း ၁၀၀၀ ကို ဖြံၿဖိဳးစဲႏိုင္ငံေတြအတြက္ ေရာင္းခ်ေပးဖို႔ စာခ်ဳပ္ခ်ဳပ္ထားတာျဖစ္ပါတယ္။ ခ်မ္းသာတဲ့ႏိုင္ငံေတြက Moderna နဲ႔ Pfizer ကာကြယ္ေဆးေတြကို အၿပိဳင္အဆိုင္ဝယ္ယူထားၾကခ်ိန္မွာ ဖြံၿဖိဳးဆဲႏိုင္ငံေတြအတြက္ Oxford-AstraZeneca ကာကြယ္ေဆးကိုေမွ်ာ္လင့္ထားၾကတာျဖစ္ပါတယ္။ ျပည္ပကိုယာယီတင္ပို႔ခြင့္မရတဲ့အျပင္ ပုဂၢလိကေဈးကြက္ကိုပါ ယာယီေရာင္းခ်ခြင့္ျပဳမွာ မဟုတ္ပါဘူး။
အိႏၵိယအစိုးရအေနနဲ႔လည္း သူ႔ျပည္တြင္းကို အရင္ လုံလုံေလာက္ေလာက္ ေပးႏိုင္ဖို႔ႀကိဳးပမ္းမွာ ဓမၼတာပါ။ အဲ့ဒီအတြက္ ဖြံၿဖိဳးဆဲႏိုင္ငံေတြအေနနဲ႔ ေဆးရရွိမႈ လပိုင္းေလာက္ေနာက္က်သြားပါလိမ့္မယ္။ COVAX ကာကြယ္ေဆးပူးေပါင္းေဆာင္႐ြက္မႈအစီအစဥ္ရဲ႕ ကာကြယ္ေဆး ျဖန႔္ျဖဴးမႈဟာလည္း မတ္လ-ဧၿပီလအထိ စႏိုင္ဖြယ္မျမင္ေတာ့ပါ။
Serum Institute of India အေနနဲ႔ ပထမဆုံးကာကြယ္ေဆး dose သန္း ၁၀၀ ကို 🇮🇳 အိႏၵိယအစိုးရထံ “အထူးေဈးႏႈန္း” အျဖစ္အေမရိကန္ေဒၚလာ 2.74 (ျမန္မာေငြ ၃၆၀၀ ေက်ာ္) နဲ႔ လူတစ္ေယာက္တစ္ခါထိုးစာကို ေရာင္းခ်ေပးမွာျဖစ္ပါတယ္။ (dose = လူတစ္ေယာက္ တစ္ခါထိုးစာ ေဆးပမာဏ) ပုဂၢလိကေဈးကြက္မွာေတာ့ အေမရိကန္ေဒၚလာ 13.68 (ျမန္မာေငြ ၁၈၀၀၀ ေက်ာ္) နဲ႔ ေရာင္းခ်မွာျဖစ္ပါတယ္။
Serum Institute of India အေနနဲ႔ COVAX အစီအစဥ္ကို ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာအတြင္းမွာ ေဆး dose ေပါင္း သန္း ၂၀၀ ကေန ၃၀၀ အထိပဲေပးႏိုင္မယ္လို႔ဆိုပါတယ္။
Serum Institute of India ေျပာသြားတဲ့အထဲမွာ အဲ့ဒီအခ်က္ကိုက်ေနာ္စိတ္အပူဆုံးပါပဲ။ ဒါဟာအလြန္နည္းတဲ့ပမာဏပါ။ ကမာၻ႔ဖြံၿဖိဳးဆဲႏိုင္ငံေတြရဲ႕ လူဦးေရရဲ႕လိုအပ္ခ်က္နဲ႔ဆိုရင္ ဆင္ပါးစပ္ႏွမ္းပက္သေလာက္သာ ရွိပါတယ္။ က်ေနာ့္အေနနဲ႔ ကိုဗစ္ ကာကြယ္ေဆးရရွိမႈကို ၂၀၂၁ ခုႏွစ္ထဲမွာ လုံေလာက္စြာရလာမယ္လို႔ မေမွ်ာ္လင့္ထားပါ။
ျမန္မာတႏိုင္ငံလုံးကို ၂၀၂၁ ခုႏွစ္ထဲမွာ ႏိုင္ငံတကာအသိအမွတ္ျပဳကာကြယ္ေဆးတစ္ခုခုကို လူအားလုံးကို ထိုးေပးဖို႔ဆိုတာ လုံးဝမျဖစ္ႏိုင္ပါ။ အမ်ားဆုံးထိုးေပးႏိုင္မွ ျမန္မာႏိုင္ငံလူဦးေရရဲ႕ ၄၀ ရာႏႈန္းေလာက္ပဲထိုးႏိုင္ပါလိမ့္မယ္။ ကာကြယ္ေဆးေကာင္းရဖို႔ဆိုတာက ေငြ၊ အစိုးရျခင္းရင္ႏွီးမႈ၊ အပူတျပင္းက်ားကုတ္က်ားခဲလုံးပမ္းမႈေတြနဲ႔ ဘက္စုံႀကိဳးပမ္းျပဳလုပ္မွရမွာပါ။
၂၀၂၁ သၾကၤန္၊ သီတင္းကြၽတ္၊ တန္ေဆာင္တိုင္စတဲ့ လူစုလူေဝးပြဲအားလုံးကို က်င္းပႏိုင္မယ္မထင္ပါ။ ကာကြယ္ေဆးေကာင္းကို ဒီႏွစ္ထဲမွာ လုံေလာက္စြာရႏိုင္ေျခ မရွိေသးတဲ့အတြက္ ကိုယ့္အားကိုယ္ကိုး Mask တပ္ျခင္း၊ လက္ေသခ်ာေဆးျခင္း၊ social distancing ကိုေသခ်ာလိုက္နာျခင္းတို႔ျဖင့္ စည္းကမ္းရွိစြာ ပူးေပါင္းကာကြယ္ရပါမယ္။
အာဏာပိုင္ေတြအေနနဲ႔လည္း စည္းကမ္းအမိန႔္ေတြကို တေလးတစားလိုက္နာေနတဲ့ျပည္သူေတြကို ငေပါေတြလို႔သေဘာမထားပဲ စည္းကမ္းမလိုက္နာသူေတြကို ေသခ်ာအေရးယူေဆာင္႐ြက္မႈေတြ ျပဳလုပ္ရပါေတာ့မယ္။
ကမာၻ႔အသိအမွတ္ျပဳ မရေသးတဲ့ ကာကြယ္ေဆးေရာင္းသူေတြကေတာ့ မ်က္ျဖဴဆိုက္ေလ ဆရာႀကိဳက္ေလေပါ့ခင္ဗ်ာ။ က်ေနာ္တို႔လည္း တိန္ကနဲဆို အားလုံးအသင့္ျဖစ္မယ္လို႔ ယုံခဲ့မိတာပဲ။ ထမင္းခ်က္ဖို႔ရာဆန္မေျပာနဲ႔ စပါးကိုအခုမွ လိုက္ရွာေနရတုန္းလို႔ ဘယ္သိခဲ့ပါ့မလဲ။
အိႏၵိယအေနနဲ႔ ျမန္မာႏိုင္ငံကို အစိုးရျခင္းကူညီမႈအရ ဘယ္ေလာက္ကူညီေရာင္းေပးမလဲ မသိပါ။ မ်ားမ်ားေရာင္းေပးပါေစလို႔ ဆုေတာင္းပါတယ္။
Richard Myo Thant (4-1-2021)
———
အိန္ဒိယအစိုးရက ကိုဗစ်ကာကွယ်ဆေး ပြည်ပတင်ပို့ခြင်းအား ယာယီပိတ်ပင်၊ မြန်မာပြည်အတွက် နောက်ကျပါပြီ..
အိန္ဒိယအစိုးရဟာ Serum Institute of India မှ ထုတ်လုပ်နေတဲ့ Oxford-AstraZeneca ကိုဗစ်ကာကွယ်ဆေးကို ပြည်ပနိုင်ငံများအား ရောင်းချခြင်းကို အိန္ဒိယအစိုးရမှ ယာယီပိတ်ပင်လိုက်ပါတယ်။
Serum Institute of India ဟာ အဲ့ဒီကာကွယ်ဆေးပေါင်း dose သန်း ၁၀၀၀ ကို ဖွံဖြိုးစဲနိုင်ငံတွေအတွက် ရောင်းချပေးဖို့ စာချုပ်ချုပ်ထားတာဖြစ်ပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေက Moderna နဲ့ Pfizer ကာကွယ်ဆေးတွေကို အပြိုင်အဆိုင်ဝယ်ယူထားကြချိန်မှာ ဖွံဖြိုးဆဲနိုင်ငံတွေအတွက် Oxford-AstraZeneca ကာကွယ်ဆေးကိုမျှော်လင့်ထားကြတာဖြစ်ပါတယ်။ ပြည်ပကိုယာယီတင်ပို့ခွင့်မရတဲ့အပြင် ပုဂ္ဂလိကဈေးကွက်ကိုပါ ယာယီရောင်းချခွင့်ပြုမှာ မဟုတ်ပါဘူး။
အိန္ဒိယအစိုးရအနေနဲ့လည်း သူ့ပြည်တွင်းကို အရင် လုံလုံလောက်လောက် ပေးနိုင်ဖို့ကြိုးပမ်းမှာ ဓမ္မတာပါ။ အဲ့ဒီအတွက် ဖွံဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဆေးရရှိမှု လပိုင်းလောက်နောက်ကျသွားပါလိမ့်မယ်။ COVAX ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ရဲ့ ကာကွယ်ဆေး ဖြန့်ဖြူးမှုဟာလည်း မတ်လ-ဧပြီလအထိ စနိုင်ဖွယ်မမြင်တော့ပါ။
Serum Institute of India အနေနဲ့ ပထမဆုံးကာကွယ်ဆေး dose သန်း ၁၀၀ ကို 🇮🇳 အိန္ဒိယအစိုးရထံ “အထူးဈေးနှုန်း” အဖြစ်အမေရိကန်ဒေါ်လာ 2.74 (မြန်မာငွေ ၃၆၀၀ ကျော်) နဲ့ လူတစ်ယောက်တစ်ခါထိုးစာကို ရောင်းချပေးမှာဖြစ်ပါတယ်။ (dose = လူတစ်ယောက် တစ်ခါထိုးစာ ဆေးပမာဏ) ပုဂ္ဂလိကဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာ 13.68 (မြန်မာငွေ ၁၈၀၀၀ ကျော်) နဲ့ ရောင်းချမှာဖြစ်ပါတယ်။
Serum Institute of India အနေနဲ့ COVAX အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာအတွင်းမှာ ဆေး dose ပေါင်း သန်း ၂၀၀ ကနေ ၃၀၀ အထိပဲပေးနိုင်မယ်လို့ဆိုပါတယ်။
Serum Institute of India ပြောသွားတဲ့အထဲမှာ အဲ့ဒီအချက်ကိုကျနော်စိတ်အပူဆုံးပါပဲ။ ဒါဟာအလွန်နည်းတဲ့ပမာဏပါ။ ကမ္ဘာ့ဖွံဖြိုးဆဲနိုင်ငံတွေရဲ့ လူဦးရေရဲ့လိုအပ်ချက်နဲ့ဆိုရင် ဆင်ပါးစပ်နှမ်းပက်သလောက်သာ ရှိပါတယ်။ ကျနော့်အနေနဲ့ ကိုဗစ် ကာကွယ်ဆေးရရှိမှုကို ၂၀၂၁ ခုနှစ်ထဲမှာ လုံလောက်စွာရလာမယ်လို့ မမျှော်လင့်ထားပါ။
မြန်မာတနိုင်ငံလုံးကို ၂၀၂၁ ခုနှစ်ထဲမှာ နိုင်ငံတကာအသိအမှတ်ပြုကာကွယ်ဆေးတစ်ခုခုကို လူအားလုံးကို ထိုးပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါ။ အများဆုံးထိုးပေးနိုင်မှ မြန်မာနိုင်ငံလူဦးရေရဲ့ ၄၀ ရာနှုန်းလောက်ပဲထိုးနိုင်ပါလိမ့်မယ်။ ကာကွယ်ဆေးကောင်းရဖို့ဆိုတာက ငွေ၊ အစိုးရခြင်းရင်နှီးမှု၊ အပူတပြင်းကျားကုတ်ကျားခဲလုံးပမ်းမှုတွေနဲ့ ဘက်စုံကြိုးပမ်းပြုလုပ်မှရမှာပါ။
၂၀၂၁ သင်္ကြန်၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်စတဲ့ လူစုလူဝေးပွဲအားလုံးကို ကျင်းပနိုင်မယ်မထင်ပါ။ ကာကွယ်ဆေးကောင်းကို ဒီနှစ်ထဲမှာ လုံလောက်စွာရနိုင်ခြေ မရှိသေးတဲ့အတွက် ကိုယ့်အားကိုယ်ကိုး Mask တပ်ခြင်း၊ လက်သေချာဆေးခြင်း၊ social distancing ကိုသေချာလိုက်နာခြင်းတို့ဖြင့် စည်းကမ်းရှိစွာ ပူးပေါင်းကာကွယ်ရပါမယ်။
အာဏာပိုင်တွေအနေနဲ့လည်း စည်းကမ်းအမိန့်တွေကို တလေးတစားလိုက်နာနေတဲ့ပြည်သူတွေကို ငပေါတွေလို့သဘောမထားပဲ စည်းကမ်းမလိုက်နာသူတွေကို သေချာအရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ရပါတော့မယ်။
ကမ္ဘာ့အသိအမှတ်ပြု မရသေးတဲ့ ကာကွယ်ဆေးရောင်းသူတွေကတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပေါ့ခင်ဗျာ။ ကျနော်တို့လည်း တိန်ကနဲဆို အားလုံးအသင့်ဖြစ်မယ်လို့ ယုံခဲ့မိတာပဲ။ ထမင်းချက်ဖို့ရာဆန်မပြောနဲ့ စပါးကိုအခုမှ လိုက်ရှာနေရတုန်းလို့ ဘယ်သိခဲ့ပါ့မလဲ။
အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကို အစိုးရခြင်းကူညီမှုအရ ဘယ်လောက်ကူညီရောင်းပေးမလဲ မသိပါ။ များများရောင်းပေးပါစေလို့ ဆုတောင်းပါတယ်။
Richard Myo Thant (4-1-2021)
Be the first to comment on "အိန္ဒိယအစိုးရက ကိုဗစ်ကာကွယ်ဆေး ပြည်ပတင်ပို့ခြင်းအား ယာယီပိတ်ပင်၊ မြန်မာပြည်အတွက် နောက်ကျပါပြီ"