NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ထံ ကတိအတိုင်း လက်နက်တပ်ဆင်ပေးရန် ဗိုလ်နဂါးတောင်းဆို

သို့

ဦးရည်မွန်

ပြည်ထောင်စုဝန်ကြီး

ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

အကြောင်းအရာ။ ။ တပ်ရင်းတရင်းစာလက်နက်တပ်ဆင်ပေးပါရန်တင်ပြခြင်းကိစ္စ။

ကျွန်ုပ်တို့နိုင်ငံနှင့်ပြည်သူလူထုဘဝအား အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မလွှမ်းမိုးအုပ်ချုပ်မှုအောက်မှလွတ်မြောက်ရေးအတွက် (NUG) အစိုးရမဖွဲ့မှီ ၂၀၂၁-ဧပြီနှောင်းပိုင်းမှစ၍ ရရာလက်နက်ဆွဲကိုင်ကာ ယနေ့ထိတိုင် တပ်ဖွဲ့ဝင်ရဲဘော်များ၏ အသက်နှင့် ခန္ဓာကိုယ် ခြေ၊ လက်အဂ်ါများဆုံးရှုံးလိုက်ရသည်အထိ ကြိုးစားပြီးတိုက်ပွဲဝင်တော်လှန်နေခဲ့သည်ကို ပြည်တွင်းပြည်ပရှိမြန်မာတိုင်းရင်းသားပြည်သူအားလုံး သိရှိကြပြီးဖြစ်ပါသည်။

(NUG) အစိုးရဖွဲ့စည်းပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန (MOD) တွင်လည်းတပ်ရင်းတပ်ဖွဲ့များစနစ်တကျပေးသွင်း၍ အသိအမှတ်ပြုပူးပေါင်းပါဝင်ခဲ့ပြီးလည်း ဖြစ်ပါသည်။

ယခုအချိန်တွင် စစ်ကောင်စီဘက်မှ ကျွန်ုပ်တို့ဒေသအား ဦးတည်၍ ချေမှုန်းနိုင်ရေးထိုးစစ်ပြင်ဆင်စတင်နေသည့်အနေအထားတခုအား ရင်ဆိုင်နေရချိန်လည်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ( 13.3.2022 ) ရက်နေ့ ဝန်းကြီးဦးရည်မွန်နှင့် ကျွန်ုပ်တို့တွေ့ဆုံဆွေးနွေးစဉ်က ( MRDA ) ၏စာရင်းသွင်းတပ်ရင်းများအားလုံးတပ်ဆင်ဖို့ရန်မဖြစ်နိုင်သော်လည်း တရင်းစာတပ်ဆင်ခြင်းကိုမူ ထိုနေ့မှစ၍တလအတွင်း တပ်ဆင်ပေးမည်ဟုကတိပေးထားသည့်အတိုင်း အမြန်ဆုံးတာဝန်ယူတပ်ဆင်ပေးပါရန် လေးစားစွာတင်ပြတောင်းဆိုအပ်ပါသည်။

Be the first to comment on "NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ထံ ကတိအတိုင်း လက်နက်တပ်ဆင်ပေးရန် ဗိုလ်နဂါးတောင်းဆို"

Leave a comment

Your email address will not be published.


*