ရန်ကုန်မြို့ရဲ့ လက်ရှိ ဖြစ်နေတဲ့ အနေအထားနှင့် ကိုဗစ် ခရီးကြမ်းကို ဖြတ်သန်းခြင်း (၂၀၂၁)..

ရန္ကုန္ၿမိဳ႕ရဲ႕ လက္ရွိ ျဖစ္ေနတဲ့ အေနအထားႏွင့္ ကိုဗစ္ ခရီးၾကမ္းကို ျဖတ္သန္းျခင္း (၂၀၂၁)..

ရန္ကုန္ကေတာ့ New Normal နဲ႔ ေနသားၾက ေနပုံရတယ္.. ဟိုတယ္ေတြလဲ အကုန္နီးပါး ဖြင့္တယ္.. စားေသာက္ဆိုင္ေတြမွာဆိုလဲ ေရွ႕မွာ “ပါဆယ္သာေရာင္းမည္” လို႔ ဆိုင္းဘုတ္ ခ်ိတ္ထားေပမယ့္ ေတာ္ေတာ္မ်ားမ်ားက ဆိုင္မွာ ထိုင္စားလို႔ရေနၿပီ.. မႏၲေလးမွာလို ကားေပၚမွာ လက္ဖက္ရည္ကို ဆိုင္ကဝယ္ၿပီး မသိေအာင္ ေသာက္တာမ်ိဳး.. ဆိုင္ေဘးမွာ ေခြးေျခခုံေလးခ်ၿပီး ကုန္းကုန္းကြကြနဲ႔ မ႐ိုးမ႐ြ စားရတာမ်ိဳး မဟုတ္ဘူး.. စားေသာက္ဆိုင္ေတြ ဆိုင္ထဲမွာ မိန႔္မိန႔္ႀကီးထိုင္စားလို႔ရတဲ့ဆိုင္ေတြ ရွိသလို တခ်ိဳ႕ကလဲ အကာအရံေလး ေနာက္ကြယ္မွာ အသာအယာေလးစား႐ုံပဲ..

ဒီအခ်ိန္ ေငြရွာရခက္သလို ေငြရွာတိုင္းလဲ ေငြရဖို႔ မေသခ်ာဘူးေလ.. လက္ရွိလုပ္ငန္းေလး အသက္ဆက္ႏိုင္ေအာင္ ဒါမွ လုပ္ငန္းရွင္ေတြလဲ အဆင္ေျပေစသလို ဝန္ထမ္းေတြလဲ အလုပ္မျပဳတ္ေတာ့ဘူး.. ဘယ္ေလာက္ အဆင္ေျပလဲ.. လုပ္ငန္းေတြအကုန္ ဘုန္းဘုန္းလဲလို႔ မျဖစ္ေသးဘူးေလ.. ဟိုတယ္ေတြဆိုလဲ New Year Eve လိုညမ်ိဳး အခန္းရဖို႔ေတာင္ ေတာ္ေတာ္ခက္တယ္.. ဘယ္ကလူေတြ လာတည္းၾကလို႔ ဟိုတယ္ေတြ ဒီေလာက္ျပည့္ေနတာလဲလို႔ စပ္စုၾကည့္ေတာ့ ရန္ကုန္ကလူေတြ စေတးေကးရွင္းၾကတာတဲ့ေလ.. ထူးဆန္းပါေပ့..

ၿပီးေတာ့ ရန္ကုန္ၿမိဳ႕ အဝင္/အထြက္လဲ တျခားၿမိဳ႕ေတြလို ဘာဆိုဘာမွ အစစ္အေဆး အေမးအျမန္း မရွိတာကေတာ့ အရမ္းစိတ္ခ်မ္းသာဖို႔ ေကာင္းတယ္.. အားလုံးကို လာထား အာဘြား ပဲ.. က်န္တဲ့ က်န္းမာေရးအပိုင္းကေတာ့ ကိုယ့္အႏၲရာယ္ကိုယ္ၾကည့္ေရွာင္႐ုံေပါ့.. ဒီအခ်ိန္ အလုပ္ကိစၥ အေရးႀကီးလို႔ တစ္ၿမိဳ႕နဲ႔ တစ္ၿမိဳ႕ သြားခ်င္ရင္ေတာင္ အရင္လို ေကာက္ခါငင္ခါ ထသြားဖို႔ မလြယ္ဘူး.. ဂိတ္ေတြကလဲ တစ္ဂိတ္တစ္မ်ိဳး တကယ့္ကို မ႐ိုးရေအာင္ပဲ.. ေနထိုင္ေၾကာင္း ေထာက္ခံစာေပါင္းစုံ ယူတဲ့သူက ယူထားရ.. တခါတေလ ဂိတ္မွာ လူမရွိတဲ့အခ်ိန္ အိပ္ေရးပ်က္ခံၿပီး အေစာႀကီး ထ ဒိုးၾကရ.. ဂိတ္မရွိတဲ့ လမ္းကေန ဝါစနာယြန္းရနဲ႔ တက္ေပါင္းစုံနဲ႔ ကစ္ေနၾကတာေတြ႕ရတယ္..

ရန္ကုန္မွာ ခုခ်ိန္အထိ Stay At Home ဆိုတာ ရွိ/မရွိ သတိမထားမိေပမယ့္ က်န္းမာေရးနဲ႔ စီးပြားေရး ၿပိဳင္တူသြားဖို႔ ဟ ထားေပးတာေလးကိုေတာ့ သေဘာက်မိတယ္.. ရန္ကုန္၊ မႏၲေလးၿမိဳ႕ေတြမွာ Stay At Home ရွိေနေသးတယ္ဆိုရင္လဲ ျပန္လည္ေလ့လာ သုံးသပ္ၿပီး ပါယ္ဖ်က္သင့္ပါတယ္.. လမ္းေပၚမွာ လူေတြလဲ ဘယ္ေတြသြားလို႔ ဘယ္ေတြ လာၾကမွန္း မသိေပမယ့္ ၿမိဳ႕ထဲတင္ ကားၾကပ္တာ မဟုတ္ဘူး.. အျမန္လမ္းတိုးဂိတ္မွာေတာင္ Traffic ျဖစ္ေနေသးရဲ႕.. ဒီခရီးကို ဒီလိုပဲ ျဖတ္သန္းရမွာပါ..

(Zin Min Swe)

———–

ရန်ကုန်မြို့ရဲ့ လက်ရှိ ဖြစ်နေတဲ့ အနေအထားနှင့် ကိုဗစ် ခရီးကြမ်းကို ဖြတ်သန်းခြင်း (၂၀၂၁)..

ရန်ကုန်ကတော့ New Normal နဲ့ နေသားကြ နေပုံရတယ်.. ဟိုတယ်တွေလဲ အကုန်နီးပါး ဖွင့်တယ်.. စားသောက်ဆိုင်တွေမှာဆိုလဲ ရှေ့မှာ “ပါဆယ်သာရောင်းမည်” လို့ ဆိုင်းဘုတ် ချိတ်ထားပေမယ့် တော်တော်များများက ဆိုင်မှာ ထိုင်စားလို့ရနေပြီ.. မန္တလေးမှာလို ကားပေါ်မှာ လက်ဖက်ရည်ကို ဆိုင်ကဝယ်ပြီး မသိအောင် သောက်တာမျိုး.. ဆိုင်ဘေးမှာ ခွေးခြေခုံလေးချပြီး ကုန်းကုန်းကွကွနဲ့ မရိုးမရွ စားရတာမျိုး မဟုတ်ဘူး.. စားသောက်ဆိုင်တွေ ဆိုင်ထဲမှာ မိန့်မိန့်ကြီးထိုင်စားလို့ရတဲ့ဆိုင်တွေ ရှိသလို တချို့ကလဲ အကာအရံလေး နောက်ကွယ်မှာ အသာအယာလေးစားရုံပဲ..

ဒီအချိန် ငွေရှာရခက်သလို ငွေရှာတိုင်းလဲ ငွေရဖို့ မသေချာဘူးလေ.. လက်ရှိလုပ်ငန်းလေး အသက်ဆက်နိုင်အောင် ဒါမှ လုပ်ငန်းရှင်တွေလဲ အဆင်ပြေစေသလို ဝန်ထမ်းတွေလဲ အလုပ်မပြုတ်တော့ဘူး.. ဘယ်လောက် အဆင်ပြေလဲ.. လုပ်ငန်းတွေအကုန် ဘုန်းဘုန်းလဲလို့ မဖြစ်သေးဘူးလေ.. ဟိုတယ်တွေဆိုလဲ New Year Eve လိုညမျိုး အခန်းရဖို့တောင် တော်တော်ခက်တယ်.. ဘယ်ကလူတွေ လာတည်းကြလို့ ဟိုတယ်တွေ ဒီလောက်ပြည့်နေတာလဲလို့ စပ်စုကြည့်တော့ ရန်ကုန်ကလူတွေ စတေးကေးရှင်းကြတာတဲ့လေ.. ထူးဆန်းပါပေ့..

ပြီးတော့ ရန်ကုန်မြို့ အဝင်/အထွက်လဲ တခြားမြို့တွေလို ဘာဆိုဘာမှ အစစ်အဆေး အမေးအမြန်း မရှိတာကတော့ အရမ်းစိတ်ချမ်းသာဖို့ ကောင်းတယ်.. အားလုံးကို လာထား အာဘွား ပဲ.. ကျန်တဲ့ ကျန်းမာရေးအပိုင်းကတော့ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ရှောင်ရုံပေါ့.. ဒီအချိန် အလုပ်ကိစ္စ အရေးကြီးလို့ တစ်မြို့နဲ့ တစ်မြို့ သွားချင်ရင်တောင် အရင်လို ကောက်ခါငင်ခါ ထသွားဖို့ မလွယ်ဘူး.. ဂိတ်တွေကလဲ တစ်ဂိတ်တစ်မျိုး တကယ့်ကို မရိုးရအောင်ပဲ.. နေထိုင်ကြောင်း ထောက်ခံစာပေါင်းစုံ ယူတဲ့သူက ယူထားရ.. တခါတလေ ဂိတ်မှာ လူမရှိတဲ့အချိန် အိပ်ရေးပျက်ခံပြီး အစောကြီး ထ ဒိုးကြရ.. ဂိတ်မရှိတဲ့ လမ်းကနေ ဝါစနာယွန်းရနဲ့ တက်ပေါင်းစုံနဲ့ ကစ်နေကြတာတွေ့ရတယ်..

ရန်ကုန်မှာ ခုချိန်အထိ Stay At Home ဆိုတာ ရှိ/မရှိ သတိမထားမိပေမယ့် ကျန်းမာရေးနဲ့ စီးပွားရေး ပြိုင်တူသွားဖို့ ဟ ထားပေးတာလေးကိုတော့ သဘောကျမိတယ်.. ရန်ကုန်၊ မန္တလေးမြို့တွေမှာ Stay At Home ရှိနေသေးတယ်ဆိုရင်လဲ ပြန်လည်လေ့လာ သုံးသပ်ပြီး ပါယ်ဖျက်သင့်ပါတယ်.. လမ်းပေါ်မှာ လူတွေလဲ ဘယ်တွေသွားလို့ ဘယ်တွေ လာကြမှန်း မသိပေမယ့် မြို့ထဲတင် ကားကြပ်တာ မဟုတ်ဘူး.. အမြန်လမ်းတိုးဂိတ်မှာတောင် Traffic ဖြစ်နေသေးရဲ့.. ဒီခရီးကို ဒီလိုပဲ ဖြတ်သန်းရမှာပါ..

(Zin Min Swe)

Be the first to comment on "ရန်ကုန်မြို့ရဲ့ လက်ရှိ ဖြစ်နေတဲ့ အနေအထားနှင့် ကိုဗစ် ခရီးကြမ်းကို ဖြတ်သန်းခြင်း (၂၀၂၁).."

Leave a comment

Your email address will not be published.


*