————
သူရဲကောင်းတစ်ဦးကြွေလွင့်သွားပြန်ပြီ
အထူး ဝမ်းနည်း ကြေကွဲ ခြင်း…… လှိုင်မြို့နယ် မှ သူရဲကောင်း တစ်ဦး ကြွေလွင့်ခြင်း….. ဆရာကြီး ဒေါက်တာညီညီသျှင် Hlaing Fever Clinic နှင့် Hlaing Online Clinic တွင် Volunteer အဖြစ် ဆေးကုသပေးနေသော ဆရာကြီး ဒေါက်တာညီညီသျှင် သည် မင်္ဂလာဒုံ စစ်ဆေးရုံတွင် Covid-19 ဖြင့် 3-1-2021
ယနေ့ နံနက်ပိုင်းတွင်…ဘဝ တစ်ပါးသို့ ပြောင်းသွားခဲ့ပါသဖြင့်….လှိုင်မြို့နယ် အတွက် ကြီးမားသော ဆုံးရှုံးမှု့ကြီးဖြစ်ပါသည်၊မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြေ ကွဲ ရပါသည်၊
မြို့နယ် COVID-19ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အတွက် ရှေ့တန်းမှ တာဝန်ကျေစွာ၊ရဲရင့်စွာ တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးခဲ့ပါသည်၊
မြို့နယ်ပြည်သူများ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါသည်၊
ဆရာကြီး ကောင်းရာသုဂတိလားပါစေ…..
credit to U Kyaw Kyaw Tun
Be the first to comment on "သူရဲကောင်းတစ်ဦးကြွေလွင့်သွားရပြန်ပြီ (ကိုဗစ် ကပ်ဆိုးကြီးရေ မြန်မြန်ထွက်သွားပါတော့ကွာ)"