အလုပ်အကိုင် လေးထောင်ကျော်ဖန်တီးပေးနိုင်မယ့် လုပ်ငန်းတွေကို ကော်မရှင်ခွင့်ပြု

အလုပ္အကိုင္အခြင့္အလမ္း ေလးေထာင္ေက်ာ္ဖန္တီးေပးႏိုင္မယ့္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ဒီဇင္ဘာလ (၃၀) ရက္ေန႔မွာ ခြင့္ျပဳေပးခဲ့ပါတယ္။

ေဆာင္႐ြက္ဆဲ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေလးခုရဲ႕ မတည္ေငြတိုးျမႇင့္တာအပါအဝင္
ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္က႑၊ ေမြးျမဴေရးက႑၊

ဟိုတယ္က႑နဲ႔ တျခားဝန္ေဆာင္မႈက႑အလိုက္ လုပ္ငန္းသစ္ငါးခုကို ခြင့္ျပဳခဲ့တာျဖစ္ၿပီး
အလုပ္အကိုင္အခြင့္အလမ္း (၄၄၇၅)ေနရာ ဖန္တီးေပးႏိုင္မွာပါ။

အဲဒီလုပ္ငန္းေတြရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏဟာ အေမရိကန္ေဒၚလာ (၁၃၈.၁၇၈) သန္းနဲ႔
က်ပ္ေငြသန္းေပါင္း (၁၀၉၂၀၄) သန္း ရွိတယ္လို႔ သိရပါတယ္။

အဲဒီထဲက ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္က႑ကေတာ့ စစ္ကိုင္းတိုင္းေဒသႀကီးမွာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ဖက္စပ္ေဆာင္႐ြက္မွာျဖစ္ၿပီး (၃၀) မဂၢါဝပ္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်တဲ့ လုပ္ငန္းႏွစ္ခုလို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာလနဲ႔ ႏိုဝင္ဘာလေတြတုန္းကလည္း
ရင္းႏွီးျမႇဳပ္ႏွံမႈ တိုးျမႇင့္တာ အပါအဝင္ အလုပ္အကိုင္အခြင့္လမ္း (၁၀၀၀၀) နီးပါးဖန္းတီးေပးႏိုင္မယ့္

ႏိုင္ငံျခားသားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ သန္း (၂၀၀) ေက်ာ္နဲ႔ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ
က်ပ္ေငြ သန္းေပါင္း (၇၀၀၀၀) နီးပါးရွိတဲ့ လုပ္ငန္းေတြကို ခြင့္ျပဳေပးခဲ့ပါတယ္။

O Media

—————

အလုပ်အကိုင်အခွင့်အလမ်း လေးထောင်ကျော်ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဒီဇင်ဘာလ (၃၀) ရက်နေ့မှာ ခွင့်ပြုပေးခဲ့ပါတယ်။

ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလေးခုရဲ့ မတည်ငွေတိုးမြှင့်တာအပါအဝင်
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊

ဟိုတယ်ကဏ္ဍနဲ့ တခြားဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းသစ်ငါးခုကို ခွင့်ပြုခဲ့တာဖြစ်ပြီး
အလုပ်အကိုင်အခွင့်အလမ်း (၄၄၇၅)နေရာ ဖန်တီးပေးနိုင်မှာပါ။

အဲဒီလုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ (၁၃၈.၁၇၈) သန်းနဲ့
ကျပ်ငွေသန်းပေါင်း (၁၀၉၂၀၄) သန်း ရှိတယ်လို့ သိရပါတယ်။

အဲဒီထဲက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကဏ္ဍကတော့ စစ်ကိုင်းတိုင်းဒေသကြီးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဖက်စပ်ဆောင်ရွက်မှာဖြစ်ပြီး (၃၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းနှစ်ခုလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေတုန်းကလည်း
ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်တာ အပါအဝင် အလုပ်အကိုင်အခွင့်လမ်း (၁၀၀၀၀) နီးပါးဖန်းတီးပေးနိုင်မယ့်

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း (၂၀၀) ကျော်နဲ့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ
ကျပ်ငွေ သန်းပေါင်း (၇၀၀၀၀) နီးပါးရှိတဲ့ လုပ်ငန်းတွေကို ခွင့်ပြုပေးခဲ့ပါတယ်။

O Media

Be the first to comment on "အလုပ်အကိုင် လေးထောင်ကျော်ဖန်တီးပေးနိုင်မယ့် လုပ်ငန်းတွေကို ကော်မရှင်ခွင့်ပြု"

Leave a comment

Your email address will not be published.


*