ဖားကန႔္မွာ တၿမိဳ႕လုံး ကိုဗစ္ ျဖစ္ေနၿပီေလာ၊ ပိုးေတြ႕လူနာ (၃၀၀) ေက်ာ္တြင္ (၂၅၀) မွာ ခရီးသြားရာဇဝင္ မရွိ
ဖားကန္႔ၿမိဳ႕နယ္အတြင္း ေတြ႕ရွိခဲ့သည့္ ကိုဗစ္ပိုးေတြ႕ လူနာ ၃၀၀ ေက်ာ္တြင္ ခရီးသြား ရာဇဝင္မရွိသူ ၂၅၀ ခန္႔ ပါဝင္ေနေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံမွ တာ၀န္ရွိသူ တစ္ဦးထံက သိရသည္။
ဖားကန္႔ၿမိဳ႕နယ္အတြင္း ၂၀၂၀ ျပည့္ႏွစ္၊ ႏို၀င္ဘာလ (၂၁) ရက္ေန႔ ေနာက္ပိုင္း စတင္ကာ ကိုဗစ္ပိုးေတြ႕ လူနာမ်ား ျပန္လည္ေတြ႕ရွိေနရၿပီး ၄င္းတို႔အနက္ ယေန႔အခ်ိန္အထိ ခရီးသြား ရာဇဝင္မရွိဘဲ ကူးစက္ခံရသည့္ လူနာေပါင္း (၂၅၀) ခန္႔ရွိေနေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ ျပည္သူေဆး႐ုံမွ ဆရာဝန္ႀကီး ေဒါက္တာ မင္းလြင္က ေျပာပါသည္။
၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလ (၂၇) ရက္ေန႔ မနက္ (၈) နာရီမွ စတင္ကာ ႏိုင္ငံေတာ္အဆင့္ အေနျဖင့္ ကိုဗစ္ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ ကုသမႈ ပိုမိုလုပ္ေဆာင္ရန္လိုအပ္သည့္ ဖားကန္႔ၿမိဳ႕နယ္အတြင္းမွ ရပ္ကြက္ ေက်း႐ြာမ်ားမွလြဲ၍ က်န္ရပ္ကြက္ေက်း႐ြာမ်ားကို Stay at Home အစီအစဥ္တြင္ အက်ဳံးဝင္ျခင္းမွ ပယ္ဖ်က္ေၾကာင္း ေၾကညာခဲ့ၿပီး ျဖစ္သည္။
ဖားကန္႔တစ္ၿမိဳ႕နယ္လုံးအေနျဖင့္ ရပ္ကြက္ေက်း႐ြာ စုစုေပါင္း (၂၁) ခုရွိသည့္ အနက္ ေရာဂါျဖစ္ပြားေနသည့္ ရပ္ကြက္ေက်း႐ြာ (၈) ခုမွာ Stay at Home ျပဳလုပ္ထားဆဲ ျဖစ္ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ ဒုတိယ အုပ္ခ်ဳပ္ေရးမႉး ဦးဖုန္ဂရိန္မွ ေျပာသည္။
“Stay at home ခ်မွတ္ထားတာကို ဒီဇင္ဘာလ (၂၇) ရက္က ျပည္ေထာင္စုကေန ပယ္ဖ်က္ခဲ့တယ္။ အဲ့ဒီထဲက ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ ကုသမႈ ပိုမိုလုပ္ေဆာင္ရန္လိုအပ္တဲ့ ရပ္ကြက္ေက်း႐ြာ (၈)ခုက ေတာ့ မပါေသးဘူး” ဟု ၎က ေျပာသည္။
ကခ်င္ျပည္နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန၏ ဒီဇင္ဘာလ ၃၁ ရက္ေန႔ ထုတ္ျပန္ခ်က္အရ ဖားကန္ၿမိဳ႕နယ္တြင္ ကုသမႈ ခံယူေနတဲ့ ကိုဗစ္လူနာ ၅၀ ေက်ာ္ရွိေနေသးေၾကာင္း သိရသည္။ ဖားကန္႔ၿမိဳ႕နယ္သည္ ကိုဗစ္ပိုးေတြ႕ လူနာ (၃၉၈) ဦးအထိ ေတြ႕ရွိထားၿပီး ကခ်င္ျပည္နယ္အတြင္း ကိုဗစ္ပိုး ကူးစက္မႈ အျမင့္ဆုံး ၿမိဳ႕နယ္ တစ္ခုျဖစ္သည္။
——-
ဖားကန့်မှာ တမြို့လုံး ကိုဗစ် ဖြစ်နေပြီလော၊ ပိုးတွေ့လူနာ (၃၀၀) ကျော်တွင် (၂၅၀) မှာ ခရီးသွားရာဇဝင် မရှိ
ဖားကန့်မြို့နယ်အတွင်း တွေ့ရှိခဲ့သည့် ကိုဗစ်ပိုးတွေ့ လူနာ ၃၀၀ ကျော်တွင် ခရီးသွား ရာဇဝင်မရှိသူ ၂၅၀ ခန့် ပါဝင်နေကြောင်း ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။
ဖားကန့်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့ နောက်ပိုင်း စတင်ကာ ကိုဗစ်ပိုးတွေ့ လူနာများ ပြန်လည်တွေ့ရှိနေရပြီး ၎င်းတို့အနက် ယနေ့အချိန်အထိ ခရီးသွား ရာဇဝင်မရှိဘဲ ကူးစက်ခံရသည့် လူနာပေါင်း (၂၅၀) ခန့်ရှိနေကြောင်း ဖားကန့်မြို့နယ် ပြည်သူဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာ မင်းလွင်က ပြောပါသည်။
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့ မနက် (၈) နာရီမှ စတင်ကာ နိုင်ငံတော်အဆင့် အနေဖြင့် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသမှု ပိုမိုလုပ်ဆောင်ရန်လိုအပ်သည့် ဖားကန့်မြို့နယ်အတွင်းမှ ရပ်ကွက် ကျေးရွာများမှလွဲ၍ ကျန်ရပ်ကွက်ကျေးရွာများကို Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်။
ဖားကန့်တစ်မြို့နယ်လုံးအနေဖြင့် ရပ်ကွက်ကျေးရွာ စုစုပေါင်း (၂၁) ခုရှိသည့် အနက် ရောဂါဖြစ်ပွားနေသည့် ရပ်ကွက်ကျေးရွာ (၈) ခုမှာ Stay at Home ပြုလုပ်ထားဆဲ ဖြစ်ကြောင်း ဖားကန့်မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်မှ ပြောသည်။
“Stay at home ချမှတ်ထားတာကို ဒီဇင်ဘာလ (၂၇) ရက်က ပြည်ထောင်စုကနေ ပယ်ဖျက်ခဲ့တယ်။ အဲ့ဒီထဲက ရောဂါ ကာကွယ် ထိန်းချုပ် ကုသမှု ပိုမိုလုပ်ဆောင်ရန်လိုအပ်တဲ့ ရပ်ကွက်ကျေးရွာ (၈)ခုက တော့ မပါသေးဘူး” ဟု ၎င်းက ပြောသည်။
ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ဒီဇင်ဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ ဖားကန်မြို့နယ်တွင် ကုသမှု ခံယူနေတဲ့ ကိုဗစ်လူနာ ၅၀ ကျော်ရှိနေသေးကြောင်း သိရသည်။ ဖားကန့်မြို့နယ်သည် ကိုဗစ်ပိုးတွေ့ လူနာ (၃၉၈) ဦးအထိ တွေ့ရှိထားပြီး ကချင်ပြည်နယ်အတွင်း ကိုဗစ်ပိုး ကူးစက်မှု အမြင့်ဆုံး မြို့နယ် တစ်ခုဖြစ်သည်။
Be the first to comment on "ဖားကန့်မှာ တမြို့လုံး ကိုဗစ် ဖြစ်နေပြီလော၊ ပိုးတွေ့လူနာ (၃၀၀) ကျော်တွင် (၂၅၀)မှာ ခရီးသွားရာဇဝင် မရှိ"