မြန်မာပြည်တွင် အလှဆုံးဖြစ်လာမည့် သန်လျင်တံတားအမှတ် (၃) တည်ဆောက်မှု လုပ်ငန်း ထက်ဝက်ကျော်ပြီးစီး

ရန္ကုန္တိုင္းေဒသႀကီးရွိ သန္လ်င္တံတားအမွတ္ (၃)တည္ေဆာက္မႈလုပ္ငန္းထက္၀က္ေက်ာ္ၿပီးစီးၿပီျဖစ္ေၾကာင္းသိရသည္။

သန္လ်င္ၿမိဳ႕နယ္ႏွင့္ သာေကတၿမိဳ႕နယ္တို႔ကို ပဲခူးျမစ္အား ျဖတ္သန္းကာ ဆက္သြယ္တည္ေဆာက္ေနသည့္ ပဲခူးျမစ္ကူးတံတား၊ သန္လ်င္တံတားအမွတ္ (၃) ကို ၂၀၁၉ ခုႏွစ္ ဇြန္လတြင္ စတင္ တည္ေဆာက္ ခဲ့ရာ ယခုအခ်ိန္တြင္

အဆိုပါစီမံကိန္း၏ အပိုင္း (၁) ၊အပိုင္း (၂) မွာ (၅၀) ရာခိုင္ႏႈန္းေက်ာ္၊ အပိုင္း (၃) မွာ (၈၆) ရာခိုင္ႏႈန္း ၿပီးစီးေနၿပီျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာမွသိရသည္။

ပဲခူးျမစ္ကူးတံတား(သန္လ်င္-ရန္ကုန္-အမွတ္၃တံတား) စီမံကိန္းကို JICA ေခ်းေငြ ယန္း ၃၁ ဘီလီယံႏွင့္ တည္ေဆာက္ေနျခင္းျဖစ္သည္။

Nippon Koei၊ Oriental Consultant Golbal၊ Chodai၊ Nippon Engineering၊ Metropolitan Express Way၊ Myanmar Koei စသည့္ကုမၸဏီ ခုႏွစ္က အႀကံေပးကုမၸဏီမ်ားအျဖစ္တာဝန္ယူထားၿပီး

အပိုင္း (၁)ႏွင့္(၂)ကို Sumitomo Mitsui Construction ႏွင့္ Yokogawa Bridge တို႔ကပူးေပါင္းတည္ ေဆာက္ၿပီး အပိုင္း(၃)ကို Tokyu Construction ကတည္ေဆာက္ေနျခင္းျဖစ္ေၾကာင္းသိရသည္။

ပဲခူးျမစ္ကူးတံတား (သန္လ်င္တံတား-အမွတ္၃) စီမံကိန္းတည္ေဆာက္ရန္အတြက္ ဂ်ပန္ႏိုင္ငံမွ ေခ်းေငြအေမရိကန္ ၂၈၂ ဒသမ ၅၄၀ သန္းႏွင့္ ျမန္မာႏိုင္ငံဘက္မွ ထည့္ဝင္ေငြ

ေဒၚလာ ၄၀ ဒသမ ၆၆၆ သန္း စုစုေပါင္း ေဒၚလာ ၃၂၃ ဒသမ ၂၀၆ သန္းျဖင့္ ၂၀၂၃ ခုႏွစ္တြင္ လုပ္ငန္းၿပီးစီးရန္ လ်ာထားေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ သိရသည္။

ပဲခူးျမစ္ကူးတံတား(သန္လ်င္တံတား အမွတ္-၃) အား ေလးလမ္းသြား Cable Stayed တံတားအျဖစ္ အဆင့္သုံးဆင့္ခြဲျခားကာ ဂ်ပန္တည္ေဆာက္ေရးကုမၸဏီမ်ားက တစ္ၿပိဳင္နက္ တည္ေဆာက္ေနျခင္းျဖစ္သည္။

သာေကတႏွင့္ သန္လ်င္ၿမိဳ႕ကို ဆက္သြယ္မည့္ ယင္းတံတားအရွည္မွာ ၁၉၂၈ မီတာရွိၿပီး ပင္မတံတားအရွည္မွာ ၁၂၂၄ မီတာရွည္လ်ားသည္။

———

ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်တံတားအမှတ် (၃)တည်ဆောက်မှုလုပ်ငန်းထက်ဝက်ကျော်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

သန်လျင်မြို့နယ်နှင့် သာကေတမြို့နယ်တို့ကို ပဲခူးမြစ်အား ဖြတ်သန်းကာ ဆက်သွယ်တည်ဆောက်နေသည့် ပဲခူးမြစ်ကူးတံတား၊ သန်လျင်တံတားအမှတ် (၃) ကို ၂၀၁၉ ခုနှစ် ဇွန်လတွင် စတင် တည်ဆောက် ခဲ့ရာ ယခုအချိန်တွင်

အဆိုပါစီမံကိန်း၏ အပိုင်း (၁) ၊အပိုင်း (၂) မှာ (၅၀) ရာခိုင်နှုန်းကျော်၊ အပိုင်း (၃) မှာ (၈၆) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာမှသိရသည်။

ပဲခူးမြစ်ကူးတံတား(သန်လျင်-ရန်ကုန်-အမှတ်၃တံတား) စီမံကိန်းကို JICA ချေးငွေ ယန်း ၃၁ ဘီလီယံနှင့် တည်ဆောက်နေခြင်းဖြစ်သည်။

Nippon Koei၊ Oriental Consultant Golbal၊ Chodai၊ Nippon Engineering၊ Metropolitan Express Way၊ Myanmar Koei စသည့်ကုမ္ပဏီ ခုနှစ်က အကြံပေးကုမ္ပဏီများအဖြစ်တာဝန်ယူထားပြီး

အပိုင်း (၁)နှင့်(၂)ကို Sumitomo Mitsui Construction နှင့် Yokogawa Bridge တို့ကပူးပေါင်းတည် ဆောက်ပြီး အပိုင်း(၃)ကို Tokyu Construction ကတည်ဆောက်နေခြင်းဖြစ်ကြောင်းသိရသည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား-အမှတ်၃) စီမံကိန်းတည်ဆောက်ရန်အတွက် ဂျပန်နိုင်ငံမှ ချေးငွေအမေရိကန် ၂၈၂ ဒသမ ၅၄၀ သန်းနှင့် မြန်မာနိုင်ငံဘက်မှ ထည့်ဝင်ငွေ

ဒေါ်လာ ၄၀ ဒသမ ၆၆၆ သန်း စုစုပေါင်း ဒေါ်လာ ၃၂၃ ဒသမ ၂၀၆ သန်းဖြင့် ၂၀၂၃ ခုနှစ်တွင် လုပ်ငန်းပြီးစီးရန် လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပဲခူးမြစ်ကူးတံတား(သန်လျင်တံတား အမှတ်-၃) အား လေးလမ်းသွား Cable Stayed တံတားအဖြစ် အဆင့်သုံးဆင့်ခွဲခြားကာ ဂျပန်တည်ဆောက်ရေးကုမ္ပဏီများက တစ်ပြိုင်နက် တည်ဆောက်နေခြင်းဖြစ်သည်။

သာကေတနှင့် သန်လျင်မြို့ကို ဆက်သွယ်မည့် ယင်းတံတားအရှည်မှာ ၁၉၂၈ မီတာရှိပြီး ပင်မတံတားအရှည်မှာ ၁၂၂၄ မီတာရှည်လျားသည်။

Be the first to comment on "မြန်မာပြည်တွင် အလှဆုံးဖြစ်လာမည့် သန်လျင်တံတားအမှတ် (၃) တည်ဆောက်မှု လုပ်ငန်း ထက်ဝက်ကျော်ပြီးစီး"

Leave a comment

Your email address will not be published.


*