ကေတီဗီမှာ အဖမ်းခံရတဲ့ကိစ္စ အရည်ကြို ကိုယ်တိုင် ဒဲ့ရှင်းပြီ၊ Weloveyangon အသင်းမှ အရည်ကြိုကို ထုတ်ပစ်

ကြၽန္ေတာ္ျဖစ္သြားတဲ့ မေန႔ညက ကိစၥ အားလုံးသိၾကမယ္ ထင္ပါတယ္။ ရင္းႏွီးတဲ့ မိတ္ေဆြတစ္ေယာက္ရဲ႕ ေမြးေန႔ပြဲဖိတ္ၾကားလို႔ ကြၽန္ေတာ္ သြားခဲ့ပါတယ္။ ဒီအမွားအယြင္းအတြက္ အေရးယူခံရတာကိုလည္း ေက်နပ္စြာ ခံယူပါ့မယ္။ အာမခံရတယ္ဆိုတာကလည္း ပုဒ္မ ၃၀ (က) ဟာ အာမခံရတဲ့ ပုဒ္မျဖစ္တဲ့အတြက္ အာမခံရခဲ့ျခင္း ျဖစ္ပါတယ္။ မည္သည့္ မေလ်ာ္ဩဇာကိုမွ သုံးစြဲခဲ့ျခင္း မရွိပါ။

အာမခံရတယ္ဆိုေပမယ့္ ဥပေဒအရ တရားစြဲဆိုခံရၿပီး ဆက္လက္ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ တရားစီရင္ခံရင္လည္း ၾကည္ျဖဴစြာ လက္ခံမွာ ျဖစ္ပါတယ္။ အာမခံရရွိခဲ့ျခင္းဟာ အရည္ႀကိဳမို႔ ထူးေထြ အာမခံရရွိခဲ့ျခင္းမဟုတ္ပါ။

ေရွ႕က အျဖစ္အပ်က္ေတြမွာလည္း တရားစြဲဆိုခံရေပမယ့္ အာမခံရရွိခဲ့ၾကပါတယ္။ ဒီကိစၥဟာ အရည္ႀကိဳ တာဝန္ယူမႈရွိစြာ ေျဖရွင္းရမည့္ တစ္ကိုယ္ရည္စာ အမွားအယြင္းသာျဖစ္ၿပီး တရားေသာနည္းလမ္းအားျဖင့္သာ ရင္ဆိုင္ေျဖရွင္းသြားမည္ ျဖစ္ပါတယ္။

အျခား မည္သည့္အဖြဲ႕အစည္း၊ မည္သည့္ပုဂၢိဳလ္တစ္ဦးတစ္ေယာက္၏ ဩဇာသက္ေရာက္မႈမ်ားမွ မပါဝင္ေၾကာင္း ကြၽန္ေတာ္ အသိေပးလိုပါတယ္။ အမ်ားျပည္သူအေထာက္အပံ့ျဖင့္ စည္းစနစ္တက် ဖြဲ႕စည္းေဆာင္႐ြက္ေနေသာ အသင္းအဖြဲ႕မ်ားအား ကြၽန္ေတာ့္ကို ဗဟိုျပဳၿပီး မဟုတ္မမွန္ေျပာဆိုျခင္းမ်ား မျပဳၾကပါရန္ အႏူးအၫႊန္႔ေမတၱာရပ္ခံအပ္ပါသည္။

ကပ္ေရာဂါကာလအတြင္း အတတ္ႏိုင္ဆုံး ကြၽန္ေတာ္လမ္းၫႊန္မႈေတြအတိုင္း ႀကိဳးစားေနထိုင္ခဲ့ပါတယ္။ စိတ္ပူပန္ေစခဲ့တဲ့ အတြက္ ကြၽန္ေတာ္အႏူးအၫႊတ္ေတာင္းပန္လိုပါတယ္ ။

WeloveYangon လူထုအေျချပဳပရဟိတအသင္းမွလဲ ကြၽန္ေတာ့္အား ထုတ္ပယ္လိုက္ပီ ျဖစ္ပါတယ္။ ဆက္လက္ၿပီး တာဝန္ခံမႈရွိစြာျဖင့္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ထပ္မံအသိေပးလိုပါတယ္။

ေလးစားစြာျဖင့္ – အရည္ႀကိဳ

———

ကျွန်တော်ဖြစ်သွားတဲ့ မနေ့ညက ကိစ္စ အားလုံးသိကြမယ် ထင်ပါတယ်။ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ မွေးနေ့ပွဲဖိတ်ကြားလို့ ကျွန်တော် သွားခဲ့ပါတယ်။ ဒီအမှားအယွင်းအတွက် အရေးယူခံရတာကိုလည်း ကျေနပ်စွာ ခံယူပါ့မယ်။ အာမခံရတယ်ဆိုတာကလည်း ပုဒ်မ ၃၀ (က) ဟာ အာမခံရတဲ့ ပုဒ်မဖြစ်တဲ့အတွက် အာမခံရခဲ့ခြင်း ဖြစ်ပါတယ်။ မည်သည့် မလျော်ဩဇာကိုမှ သုံးစွဲခဲ့ခြင်း မရှိပါ။

အာမခံရတယ်ဆိုပေမယ့် ဥပဒေအရ တရားစွဲဆိုခံရပြီး ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တရားစီရင်ခံရင်လည်း ကြည်ဖြူစွာ လက်ခံမှာ ဖြစ်ပါတယ်။ အာမခံရရှိခဲ့ခြင်းဟာ အရည်ကြိုမို့ ထူးထွေ အာမခံရရှိခဲ့ခြင်းမဟုတ်ပါ။

ရှေ့က အဖြစ်အပျက်တွေမှာလည်း တရားစွဲဆိုခံရပေမယ့် အာမခံရရှိခဲ့ကြပါတယ်။ ဒီကိစ္စဟာ အရည်ကြို တာဝန်ယူမှုရှိစွာ ဖြေရှင်းရမည့် တစ်ကိုယ်ရည်စာ အမှားအယွင်းသာဖြစ်ပြီး တရားသောနည်းလမ်းအားဖြင့်သာ ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ပါတယ်။

အခြား မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဩဇာသက်ရောက်မှုများမှ မပါဝင်ကြောင်း ကျွန်တော် အသိပေးလိုပါတယ်။ အများပြည်သူအထောက်အပံ့ဖြင့် စည်းစနစ်တကျ ဖွဲ့စည်းဆောင်ရွက်နေသော အသင်းအဖွဲ့များအား ကျွန်တော့်ကို ဗဟိုပြုပြီး မဟုတ်မမှန်ပြောဆိုခြင်းများ မပြုကြပါရန် အနူးအညွှန့်မေတ္တာရပ်ခံအပ်ပါသည်။

ကပ်ရောဂါကာလအတွင်း အတတ်နိုင်ဆုံး ကျွန်တော်လမ်းညွှန်မှုတွေအတိုင်း ကြိုးစားနေထိုင်ခဲ့ပါတယ်။ စိတ်ပူပန်စေခဲ့တဲ့ အတွက် ကျွန်တော်အနူးအညွှတ်တောင်းပန်လိုပါတယ် ။

WeloveYangon လူထုအခြေပြုပရဟိတအသင်းမှလဲ ကျွန်တော့်အား ထုတ်ပယ်လိုက်ပီ ဖြစ်ပါတယ်။ ဆက်လက်ပြီး တာဝန်ခံမှုရှိစွာဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးလိုပါတယ်။

လေးစားစွာဖြင့် – အရည်ကြို

Be the first to comment on "ကေတီဗီမှာ အဖမ်းခံရတဲ့ကိစ္စ အရည်ကြို ကိုယ်တိုင် ဒဲ့ရှင်းပြီ၊ Weloveyangon အသင်းမှ အရည်ကြိုကို ထုတ်ပစ်"

Leave a comment

Your email address will not be published.


*