မေကြးမွာ ေႁမြဖမ္းေပးသည့္ မီးသတ္တပ္ဖြဲ႕ဝင္၁ဦး မ်က္လုံးထဲေႁမြဆိပ္ဝင္သြား၍….
ဒီဇင္ဘာ ၂၇
မေကြးမွ အိမ္တစ္လုံးအတြင္း ေႁမြဝင္ေနလို႔ သြားဖမ္းေပးသည့္ မီးသတ္တပ္ဖြဲ႕ဝင္ ၁ ဦး မ်က္လုံးထဲ ေႁမြဆိပ္ဝင္သြားလို႔
ေဆး႐ုံကို အေရးေပၚတင္လိုက္ရတယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရပါတယ္။
ျဖစ္စဥ္မွာ ဒီဇင္ဘာ ၂၆ ရက္ေန႔ ညပိုင္းက မေကြးတိုင္းေဒသႀကီး ပခုကၠဴၿမိဳ႕နယ္ ကြၽဲတဲေက်း႐ြာအုပ္စု
ေအာင္ခ်မ္းသာကြက္သစ္ အတြင္းရွိ လူေန အိမ္အတြင္းေႁမြေဟာက္ တစ္ေကာင္ ဝင္ေရာက္ေနျခင္းေၾကာင့္
ပခုကၠဴနယ္ေျမ မီးတပ္တပ္ဖြဲ႕မွ သြားေရာက္ဖမ္းဆီးၿပီး ပီနံအိတ္အတြင္း ထည့္ေနစဥ္ေႁမြမွ အဆိပ္ျဖင့္
ျပန္လည္မႈတ္ထုတ္သျဖင့္ တပ္ဖြဲ႕ဝင္တစ္ဦး မ်က္လုံးအတြင္း ေႁမြဆိပ္မ်ား ဝင္သြားျခင္းျဖစ္ပါတယ္။
ယင္းေၾကာင့္ အဆိုပါ တပ္ဖြဲ႕ဝင္ကို ပခုကၠဴျပည္သူ႔ေဆး႐ုံႀကီးသို႔ ခ်က္ခ်င္းပို႔ေဆာင္ၿပီး ျပသရာ
မ်က္စိအထူးကုဆရာဝန္မွ ေဆး႐ုံတက္ေရာက္ ႏွင့္ လူနာအေျခအေနမွာ မ်က္လုံး ေအာင့္ေနသည့္
ေဝဒနာခံစားရျခင္းမွအ ပ အျခားလကၡဏာမ်ားမျဖစ္ပြားဘဲ မ်က္စိကုသေဆာင္တြင္ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သိရပါတယ္။
MyanmarPlatform
———–
မကွေးမှာ မြွေဖမ်းပေးသည့် မီးသတ်တပ်ဖွဲ့ဝင်၁ဦး မျက်လုံးထဲမြွေဆိပ်ဝင်သွား၍….
ဒီဇင်ဘာ ၂၇
မကွေးမှ အိမ်တစ်လုံးအတွင်း မြွေဝင်နေလို့ သွားဖမ်းပေးသည့် မီးသတ်တပ်ဖွဲ့ဝင် ၁ ဦး မျက်လုံးထဲ မြွေဆိပ်ဝင်သွားလို့
ဆေးရုံကို အရေးပေါ်တင်လိုက်ရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၆ ရက်နေ့ ညပိုင်းက မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကျွဲတဲကျေးရွာအုပ်စု
အောင်ချမ်းသာကွက်သစ် အတွင်းရှိ လူနေ အိမ်အတွင်းမြွေဟောက် တစ်ကောင် ဝင်ရောက်နေခြင်းကြောင့်
ပခုက္ကူနယ်မြေ မီးတပ်တပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးပြီး ပီနံအိတ်အတွင်း ထည့်နေစဉ်မြွေမှ အဆိပ်ဖြင့်
ပြန်လည်မှုတ်ထုတ်သဖြင့် တပ်ဖွဲ့ဝင်တစ်ဦး မျက်လုံးအတွင်း မြွေဆိပ်များ ဝင်သွားခြင်းဖြစ်ပါတယ်။
ယင်းကြောင့် အဆိုပါ တပ်ဖွဲ့ဝင်ကို ပခုက္ကူပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်ပြီး ပြသရာ
မျက်စိအထူးကုဆရာဝန်မှ ဆေးရုံတက်ရောက် နှင့် လူနာအခြေအနေမှာ မျက်လုံး အောင့်နေသည့်
ဝေဒနာခံစားရခြင်းမှအ ပ အခြားလက္ခဏာများမဖြစ်ပွားဘဲ မျက်စိကုသဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရပါတယ်။
MyanmarPlatform
Be the first to comment on "မကွေးမှာ မြွေဖမ်းပေးသည့် မီးသတ်တပ်ဖွဲ့ဝင်၁ဦး မျက်လုံးထဲမြွေဆိပ်ဝင်သွား၍…"