ဂျင်းဘုန်းကြီးတွေ ပေါသည့် မြန်မာပြည်

ဂျင်းဘုန်းကြီးတွေ ပေါသည့် မြန်မာပြည် နှင့် ‌တချိန်က အဖြစ်အပျက်တခု..

အားလုံးမှတ်မိကြမှာ ဟိုတလောက သဘာ၀ရိပ်သာဘုန်းကြီးရှေ့မှာ သီလရှင်ဆရာလေးတပါးကို အခြားသီလရှင် ဆရာလေးတပါးက ထိုင်ခုံနဲ့ လုပ်လိုက်လို့ ခေါင်းပေါက်သွားတဲ့ အဖြစ်အပျက်ကို ဆရာလေးတပါးက ရေးတင်ပြထားတာကို အားလုံးလည်း ဖတ်ရှူကြရမှာပါ။

အဲဒီဆရာလေးကို ထိုင်ခုံနဲ့ ခေါင်းပေါက်အောင်လုပ်တဲ့ ဆရာလေးက အခြားဆရာလေးမဟုတ်ပါဘူး အခုအွန်လိုင်းပေါ်မှာ ပလူပျံနေတဲ့ သဘာ၀ရိပ်သာဘုန်းကြီးကို ၀က်ဝံရုပ်လှူတဲ့ ဆရာလေးပဲဖြစ်ပါတယ်။

သဘာ၀ရိပ်သာဘုန်းကြီးဟာ ခေါင်းကွဲအောင်လုပ်တဲ့ဆရာလေးကို နည်းနည်းလေးမှ မဆုံးမသည့်အပြင် အရိုက်ခံရသည့် ဆရာလေးကိုပင် ဝဋ်ကြွေးရှိလို့ခံရတာ ဝဋ်ကြွေးကို ကုန်အောင်ပေးဆပ်ရတယ်ဆိုပြီး ခုံနဲ့ ရိုက်တဲ့ ဆရာလေးဘက်ကနေ ကာဗာပေးပြီး ဂျင်းတရားဟောနေတာကို အားလုံးမှတ်မိမှာပါ။

တကယ်တော့ သဘာဝရိပ်သာဘုန်းကြီးဟာ သူ့ကိုအွန်လိုင်းပေါ်ကနေ လော်ဘီလုပ်ပေးနေတဲ့ သီလရှင်ဆရာလေးတွေ လူပုဂ္ဂိုလ်တွေ ဘုန်းကြီးတွေကို စပါယ်ရှယ် ပစားပေးလေ့ရှိပါတယ်။ အခုသီလရှင်ဆရာလေးဟာ သဘာ၀ရိပ်သာဘုန်းကြီးကို ၀က်ဝံရုပ်ပေးတာ အွန်လိုင်းပေါ်တက်လာတဲ့သတင်းတင် နှစ်ကြိမ်ရှိပါပြီ။ အခြားဘာတွေ လက်ဆောင်ပေးသေးလဲဆိုတာ ပေးသူနဲ့ယူသူကြားမှာပဲ သိရမှာဖြစ်ပါတယ်။

တကယ်သေချာတာကတော့ မြန်မာပြည်က ဂျင်းဘုန်းကြီးတွေဟာ သူတို့သဘောကျသူများဆိုရင် ကြိုက်သလောက်အပြစ်ကျူးလွန် အပြစ်ကင်းလွတ်ခွင့်ရှိနေပြီး သူတို့မကြိုက်တဲ့သူဆိုရင် နမ်းစေ့လောက်အပြစ်ဟာ အုန်းသီးလောက်ကြီးကို အပြစ်ကြီးပါတယ်။ ဒါ့ကြောင့်လည်း တိုင်းပြည်ကနေ မတရားခိုးယူထားတာတွေနဲ့ မိစ္ဆာတွေက လာဘ်ထိုးလှူဒါန်းသည့်အခါ

ဂျင်းဘုန်းကြီးများက သဘောအကျကြီးကျကာ ခိုးယူထားတာမရှိလို့ မိစ္ဆာတွေလောက် မလှူဒါန်းနိုင်တဲ့ NLD ပါတီကို သဘောမကျပဲ အပြစ်ပြောဖောင်းထုကြတာပဲဖြစ်ပါတယ်။ NLD ပါတီသာ ယခု မိစ္ဆာတွေတိုင်းသူပြည်သားအပေါ်မှာ အမှားကျူးလွန်သလိုကျူးလွန်ကြည့်ပါ ဂျင်းဘုန်းကြီးတွေအားလုံး လမ်းမကြီးတွေပေါ်မှာ သာသနာ့အလံတလူလူနဲ့ ဆန္ဒပြနေကြမှာပဲဖြစ်သလို သပိတ်မှောက်ကြမှာလည်း အသေအချာပဲဖြစ်ပါတယ်။

အခုသူတို့သဘောကျနေကြသည့် မိစ္ဆာများကျတော့ သူတို့ကြိုက်သလောက် ရဟန်းရှင်လူကျောင်းသားပြည်သူကို အခုလိုလုပ်ပြနေသော်လည်း နည်းနည်းလေးမှ မဖွင့်ဟသည့်အပြင် ထိုမိစ္ဆာများကိုပင်ကာကွယ်ပေးနေကြသည့် ဂျင်းဘုန်းကြီးတွေ အလွန်ပင်ပေါများပါကြောင်းကို အသိပေးရေးသားလိုက်ပါတယ်။

မင်းသုည (ဗုဒ္ဓတက္ကသိုလ်)

Be the first to comment on "ဂျင်းဘုန်းကြီးတွေ ပေါသည့် မြန်မာပြည်"

Leave a comment

Your email address will not be published.


*