ဖုန်းမကိုင်ပဲနေတဲ့နေ့ဆိုတာက လုံးဝကို မရှိသလောက်ဖြစ်သွားပါပြီ ။ တစ်နေ့တစ်နေ့ Facebook ၊ Emails ၊ ဗီဒီယိုတွေ ၊ သီချင်းတွေနားထောင်ဖို့အတွက် ဖုန်းကိုနေ့တိုင်းလိုလိုကိုင်ဆောင်အသုံးပြုနေကြရပါတယ်။
စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတွေကလည်း ဖုန်းတွေကို ပိုမိုအသုံးဝင်နိုင်စေဖို့အတွက် ဖန်ရှင်အသစ်အသစ်တွေထည့်သွင်းလေ့ရှိပါတယ် ။ ဒီတော့ ဖုန်းတွေမှာ အနက်ရောင် အစက်လေးတွေကဘာတွေလဲ ။
တကယ်တော့ အဲ့ဒီအနက်ရောင်အစက်လေးတွေဟာ မိုက်ခရိုဖုန်းတွေပါ ။အိုင်ဖုန်းမှာဆိုရင် ကင်မရာဘေးမှာ အနက်ရောင် အစက်လေးတစ်ခုပါလေ့ရှိပါတယ် ။
အထက်နဲ့ အောက် ဘောင်မှာရှိနေတဲ့အမဲရောင်အစက်နှစ်ခုကတော့ အသံဖမ်းတဲ့ မိုက်ခရိုဖုန်းတွေဖြစ်ပြီး ကင်မရာဘေးက အစက်လေးကတော့ ဆူညံသံတွေကို စစ်ထုတ်ပေးတဲ့ မိုက်ခရိုဖုန်းဖြစ်ပါတယ် ။
ဖုန်းပြောနေတဲ့အခါ သို့မဟုတ် ဗီဒီယိုကော ပြောနေတဲ့အချိန် မျိုးမှာ ဆူညံသံတွေကို စစ်ထုတ်ပေးတဲ့အတွက် တစ်ဖက်က အသံကိုကြည်ကြည်လင်လင်ကြားနိုင်တာပဲဖြစ်ပါတယ်။
ထို့အပြင် ဗီဒီယိုရိုက်ကူးတဲ့အခါမျိုးမှာလည်း ဆူညံသံတွေကိုစစ်ထုတ်ပေးတဲ့အတွက် စတူဒီယိုတစ်ခုမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုကွာလတီမျိုးရရှိနိုင်ပါတယ် ။
Writer – Min Thu (Daily Hot News )
Be the first to comment on "ဖုန်းမှာပါတဲ့ အနက်ရောင် အဝိုင်းလေးက ဘာအတွက်သုံးရတယ်ဆိုတာသင့်သိပါသလား?"