ဈေးကွက်ထဲက ကင်ဆာကုန်သည် အမှတ်တံဆိပ်တွေကို FDA ထပ်မံကြေညာ

ေဈးကြက္မ်ားအတြင္း ေရာင္းခ်ေနေသာ အစားအေသာက္နမူနာ ၁၈ ခုကို စားသုံးရန္မသင့္ေၾကာင္း အစားေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) က ဒီဇင္ဘာ ၂၁ ရက္တြင္ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

ႏိုဝင္ဘာအတြင္းက ေဈးကြက္ထဲရွိ စားေသာက္ကုန္မ်ားကို စစ္ေဆးခဲ့ရာတြင္ အမွတ္တံဆိပ္ ပါရွိေသာ အစားအေသာက္နမူနာခုနစ္ခုႏွင့္ အမွတ္တံဆိပ္မပါရွိ ေသာ နမူနာ ၁၁ ခုတို႔၌ က်န္းမာေရးကို ထိခိုက္ေစေသာ ခြင့္မျပဳထားသည့္ ၾကာရွည္ခံဓာတုပစၥည္းမ်ားႏွင့္ ဆိုးေဆးမ်ား ပါဝင္ေနျခင္း၊ ခြင့္ျပဳထားသည့္အစားအ ေသာက္ ထပ္ျဖည့္ပစၥည္းမ်ားကို လည္း သတ္မွတ္ပမာဏထက္ ပိုမိုေက်ာ္လြန္စြာ သုံးစြဲထားသည္ ကို ေတြ႕ရွိရသျဖင့္ ထိုသို႔ အသိ ေပးခ်က္ထုတ္ျပန္ျခင္းျဖစ္ပါတယ္။

အမွတ္တံဆိပ္ေဖာ္ျပထားေသာ ခုနစ္မ်ိဳးသည္ Hito တံဆိပ္ ေတာ္ဖီဆီးျပား၊ ASA တံဆိပ္ စေတာ္ဘယ္ရီအရသာ ဒိန္ခ်ဥ္၊ ခ်စ္သူေလးတံဆိပ္ မက္မန္းသီး၊ ဦးဒိုင္ႀကီးတံဆိပ္ င႐ုတ္အႏုမႈန္႔၊ Sunny Boy တံဆိပ္ အခ်ိဳရည္၊ Thailand စာသားပါအခ်ိဳရည္ႏွင့္ လုံမေလးတံဆိပ္ မလိုင္ခဲတို႔ ျဖစ္ပါတယ္။

က်န္အစားအေသာက္ ၁၁ မ်ိဳးမွာမူ အမွတ္တံဆိပ္ေဖာ္ျပထားျခင္းမရွိဘဲ ၎တို႔မွာ ပလတ္စတစ္ ျဖင့္ ထုပ္ပိုးထားေသာ မွ်စ္နီထုပ္ မ်ား၊ အေရာင္တင္မႈန္႔၊ မန္က်ည္းထန္းလ်က္အခ်ိဳရည္ဘူးမ်ားျဖစ္ပါတယ္။

ယင္းတို႔ကို ေရရွည္စားသုံး မိပါက အစာအိမ္၊ အသည္း၊ ေက်ာက္ကပ္မ်ား ပ်က္စီးႏိုင္ျခင္း၊ ကင္ဆာေရာဂါ မ်ားျဖစ္ပြားေစႏိုင္၍ စားသုံးသူမ်ားအေနျဖင့္ ေနာက္ထပ္ ေၾကညာခ်က္ထုတ္ျပန္ျခင္း မျပဳမီအထိ စားသုံးျခင္းမျပဳရန္ အသိေပးထားပါတယ္။

ထို႔အျပင္ အစားအေသာက္ထုတ္လုပ္ျဖန္႔ျဖဴးေရာင္းခ်သူမ်ား အေနျဖင့္ အစားအေသာက္တြင္ သုံးစြဲရန္ ခြင့္မျပဳေသာဆိုးေဆး မ်ား၊ ခြင့္မျပဳတာရွည္ခံဓာတု ပစၥည္းမ်ားကို လုံးဝအသုံးမျပဳရန္၊ ခြင့္ျပဳထားသည့္ အစားအေသာက္ ထပ္ျဖည့္ ဓာတုပစၥည္းမ်ားကိုလည္း သတ္မွတ္ပမာဏအတြင္း သာ အသုံးျပဳရန္ႏွင့္ လိုက္နာ ေဆာင္႐ြက္ျခင္းမရွိပါက အမ်ိဳးသားအစားအေသာက္ ဥပေဒပုဒ္မ၂၈ (က) အရ အေရးယူမည္ျဖစ္ ေၾကာင္း သတိေပးထားပါတယ္။

———–

ဈေးကွက်များအတွင်း ရောင်းချနေသော အစားအသောက်နမူနာ ၁၈ ခုကို စားသုံးရန်မသင့်ကြောင်း အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုဝင်ဘာအတွင်းက ဈေးကွက်ထဲရှိ စားသောက်ကုန်များကို စစ်ဆေးခဲ့ရာတွင် အမှတ်တံဆိပ် ပါရှိသော အစားအသောက်နမူနာခုနစ်ခုနှင့် အမှတ်တံဆိပ်မပါရှိ သော နမူနာ ၁၁ ခုတို့၌ ကျန်းမာရေးကို ထိခိုက်စေသော ခွင့်မပြုထားသည့် ကြာရှည်ခံဓာတုပစ္စည်းများနှင့် ဆိုးဆေးများ ပါဝင်နေခြင်း၊ ခွင့်ပြုထားသည့်အစားအ သောက် ထပ်ဖြည့်ပစ္စည်းများကို လည်း သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်စွာ သုံးစွဲထားသည် ကို တွေ့ရှိရသဖြင့် ထိုသို့ အသိ ပေးချက်ထုတ်ပြန်ခြင်းဖြစ်ပါတယ်။

အမှတ်တံဆိပ်ဖော်ပြထားသော ခုနစ်မျိုးသည် Hito တံဆိပ် တော်ဖီဆီးပြား၊ ASA တံဆိပ် စတော်ဘယ်ရီအရသာ ဒိန်ချဉ်၊ ချစ်သူလေးတံဆိပ် မက်မန်းသီး၊ ဦးဒိုင်ကြီးတံဆိပ် ငရုတ်အနုမှုန့်၊ Sunny Boy တံဆိပ် အချိုရည်၊ Thailand စာသားပါအချိုရည်နှင့် လုံမလေးတံဆိပ် မလိုင်ခဲတို့ ဖြစ်ပါတယ်။

ကျန်အစားအသောက် ၁၁ မျိုးမှာမူ အမှတ်တံဆိပ်ဖော်ပြထားခြင်းမရှိဘဲ ၎င်းတို့မှာ ပလတ်စတစ် ဖြင့် ထုပ်ပိုးထားသော မျှစ်နီထုပ် များ၊ အရောင်တင်မှုန့်၊ မန်ကျည်းထန်းလျက်အချိုရည်ဘူးများဖြစ်ပါတယ်။

ယင်းတို့ကို ရေရှည်စားသုံး မိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ခြင်း၊ ကင်ဆာရောဂါ များဖြစ်ပွားစေနိုင်၍ စားသုံးသူများအနေဖြင့် နောက်ထပ် ကြေညာချက်ထုတ်ပြန်ခြင်း မပြုမီအထိ စားသုံးခြင်းမပြုရန် အသိပေးထားပါတယ်။

ထို့အပြင် အစားအသောက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ အနေဖြင့် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသောဆိုးဆေး များ၊ ခွင့်မပြုတာရှည်ခံဓာတု ပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ ခွင့်ပြုထားသည့် အစားအသောက် ထပ်ဖြည့် ဓာတုပစ္စည်းများကိုလည်း သတ်မှတ်ပမာဏအတွင်း သာ အသုံးပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ၂၈ (က) အရ အရေးယူမည်ဖြစ် ကြောင်း သတိပေးထားပါတယ်။

Be the first to comment on "ဈေးကွက်ထဲက ကင်ဆာကုန်သည် အမှတ်တံဆိပ်တွေကို FDA ထပ်မံကြေညာ"

Leave a comment

Your email address will not be published.


*