ရန်ကုန် သိမ်ကြီးဈေးကို အောက်ချင်းငှက်အုပ်ကြီး လာနားတဲ့အဖြစ်(အတိတ်ကောင်း နိမိတ်ကောင်းလား)

အောက်ချင်းငှက်ဆိုတာ မြန်မာပြည်ရဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာသာ နေထိုင် ကျက်စားတဲ့ ငှက်မျိုး ဖြစ်ပါတယ်။

အဓိက အားဖြင့် ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာပဲ အဓိက မြင်တွေ့ရတဲ့ ငှက်အမျိုးအစား ဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့မှာတော့ ထူးထူးခြားခြား ရန်ကုန်မြို့လယ်ခေါင် သိမ်ကြီးဈေး ခေါင်မိုးပေါ်မှာ အောက်ချင်းငှက် အုပ်လိုက်ကို တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

တချို့ကလည်း ဆောင်းခိုတဲ့အနေနဲ့ အေးမြတဲ့ ဒေသကနေ ရန်ကုန်မြို့ကို လာတာလို့ ပြောပေမယ့် အောက်ချင်းငှက်ဟာ ဆောင်းခိုတဲ့ ငှက်အမျိုးအစား မဟုတ်ပါဘူး။ ပြီးတော့ အောက်ချင်းငှက် သဘာဝအရ ယခုလို ဇန်နဝါရီလဆိုတာ သစ်ပင်အမြင့်တွေရဲ့ ထိပ်ဖျားမှာ အသိုက်လုပ်ပြီး ဥဝပ်နေတဲ့ အချိန် ဖြစ်ပါတယ်။

အဲဒါကြောင့် ရန်ကုန်မြို့ သိမ်ကြီးဈေး အပေါ်မှာ အောက်ချင်းငှက်တွေ ရောက်နေတာဟာ ထူးခြားတဲ့ အတိတ်နိမိတ်လို့ပဲ ယူဆ သုံးသပ်နိုင်တယ်လို့ နိမိတ်ပညာရှင်များက ခန့်မှန်း ကြပါတယ်။

အတိတ်နိမိတ်ပြခြင်း ဆိုတာ မြန်မာလူ့အဖွဲ့အစည်းမှာ ရှေးကတည်းက တည်ရှိခဲ့ပြီး အယူတော် မင်္ဂလာ ဦးနိုးတို့လို နိမိတ်ကောက် ပညာရှင်တွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း မြန်မာပြည်မှာ အတိတ်နိမိတ်နဲ့ တဘောင်များ အများအပြား ပေါ်ထွက်နေပြီး “နဂါးတပ်မင်း ပြည်တော်ဆင်းမှ မိစ္ဆာမင်းဆက်ပျက်လိမ့်မယ်” ဆိုတဲ့ တဘောင်ကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒါကြောင့် ယခု သိမ်ကြီးဈေးကို အောက်ချင်းငှက် ဆင်းတာကလည်း တမူထူးခြားတဲ့ ဖြစ်ရပ်ရဲ့ ရှေ့ပြေး ဖြစ်တဲ့ အတိတ်နိမိတ် ဆိုတာကတော့….စဉ်းစားစရာပါပဲ

Original by Blacker

Be the first to comment on "ရန်ကုန် သိမ်ကြီးဈေးကို အောက်ချင်းငှက်အုပ်ကြီး လာနားတဲ့အဖြစ်(အတိတ်ကောင်း နိမိတ်ကောင်းလား)"

Leave a comment

Your email address will not be published.


*