ဘာလဲဟဲ့ စစ်မိစ္ဆာဆိုတာ

စစ်မိစ္ဆာကောင် မအလအုပ်စုက သူ့ကိုသာထောက်ခံအားပေးပေါင်းသင်းနေရင် ဝိနည်းနဲ့ညီညီမညီညီ လောင်းကစားလုပ်လုပ်မိန်းမရှုပ်ရှုပ်ကြိုက်တာလုပ် ဘာမှမဖြစ်ပါဘူး။

သူ့ကိုမထောက်ခံဘူး သူ့ကိုဆန့်ကျင်တယ်ဆိုရင် တိပိဋကဓရကောဝိဒဘွဲ့ရဆရာတော်ကြီးတွေ စာချအကျော်အမော်အဘိဝံသဘွဲရဆရာတော်ကြီးတွေဓမ္မကထိကဆရာတော်ကြီးတွေ ကျောင်းထိုင်ဆရာတော်ကြီးတွေသာသနာမှာ တကယ်ထင်ရှားကျော်ကြားတဲ့ဆရာတော်ကြီးတွေ စသည့်သီလသမာဓိပညာနဲ့ပြည့်စုံသည့် ဆရာတော်ကြီးတွေကို ထောင်သွင်းအကျဥ်းချနှိပ်စက်သတ်ဖြတ်ခဲ့တဲ့သမိုင်းတွေအများကြီးပဲရှိပါတယ်။

စစ်မိစ္ဆာကောင်မအလဟာ သူအာဏာသိမ်းသည့်နေ့မှာပဲ သာသနာမှာနာမည်ကျော်ကြားထင်ရှားတဲ့ နှစ်ပေါင်းတရာမှာမှ ၁၁ ပါးသာရသည့်အထဲ့ပါဝင်သည့် သ.စ.အ ဓမ္မာစရိယ ဝဋံသကာဘွဲ့ရ ဦးအရိယာဝံသာဘိဝံသ မြဝတီမင်းကြီးဆရာတော်ကို စစ်အင်အားရဲအင်အားအလုံးအရင်းနဲ့ကျောင်းထဲဝင်ဖမ်းကာ မတရားပုဒ်မတွေတပ်ကာဖမ်းဆီးထောင်ချလူဝတ်လဲခဲ့တယ်။

စစ်အာဏာရှင်တွေရဲ့လက်အောက်မှာ ဓမ္မဘက်တော်သားရဟန်းတော်တွေဟာဘာမှလုံခြုံမှုမရှိပါဘူး။ ကိုယ့်ကျောင်းကိုယ်နေလို့မရကြပါဘူး။ရွှေညဝါဆရာတော်ကြီး ဦးပညာသီဟဆိုရင်လည်း သူတို့အာဏာသိမ်းသည့်နေ့မှာပဲ ကျောင်းတိုက်ထဲကို စစ်တပ်အင်အားရဲအင်အားအလုံးအရင်းနဲ ဝင်ဖမ်းကာ ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။

ဘာပုဒ်မနဲ့မှတရားစွဲလို့မရသည့်အတွက် ၁၁ လတိုင်တိုင်ထောင်ထဲမှာ ဒီအတိုင်းပဲဆက်နေရပါတယ်။ နောက်ဆုံးကျမှတပ်ချင်သည့်ပုဒ်မ အတင်းအဓမ္မတပ်ကာ ထောင် ၂ နှစ်ချမှတ်လိုက်ပါတယ်။

ဆရာတော်ဦးသောဘိတ အလင်္ကါကြယ် ဆရာတော်ဆိုရင်လည်း သူတို့အာဏာသိမ်းသည့်နေ့မှာပင် ကျောင်းခြံတံခါးများကို ရိုက်ဖျက်ချိုးကာ ဆရာတော်ကို မတရားရိုက်နက်ထိုးကြိတ်ကန်ကျောက်ကာလက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ မတရားပုဒ်မတွေနဲ့ ထောင်သွင်းအကျဥ်းချထားခြင်းဖြစ်ပါတယ်။

စစ်မိစ္ဆာစစ်တပ် စစ်ဗိုလ်ယုတ်ကြီးများရဲ့ စနစ်မှား အလုပ်မှားများကို အချက်အလက်အထောက်အထားများဖြင့်ဝေဖန်ထောက်ပြရေးသားပြနေတဲ့ ဦးတေဇနိယ မန်းတောင်ခြေဆိုရင်လည်း သူတို့အာဏာသိမ်းသည့်နေ့မှာပင် ဘာမှလည်းအပြစ်တစုံတရာမရှိပဲ အမှန်တရားတွေရေးပြထောက်ပြတာကို မခံမရပ်နိုင်ဖြစ်ပြီး ဖမ်းဆီးထောင်ချလူဝတ်လဲ ထားကြခြင်းဖြစ်ပါတယ်။

ထိုနည်းတူစွာ ဘာမှအပြစ်မရှိပဲ မတရားဖမ်းဆီးခံထားကြရတဲ့ ဓမ္မဘက်တော်သား ရဟန်းသံဃာတော်အများအပြား စစ်အာဏာရှင်ကြီးများရဲ့ အကျဥ်းထောင်တွေထဲမှာ လူဝတ်လဲကာ မတရားပုဒ်မတွေနဲ့ထောင်တွေချထားကြပါတယ်။

ဒါကို ရဟန်းသံဃာတော်ပေါင်း သုံးသိန်းကျော်အသိဖြစ်ပါတယ်။ မသိမဟုတ်ပါဘူး။ဘာမှအပြစ်တစုံတရာမရှိပဲ ဓမ္မအမှန်တရားဘက် ကျေးဇူးရှင် ပြည်သူပြည်သားများဘက်ကို ရပ်တည်ပေးကြလို့ ထောင်ချခံထားကြရတယ်ဆိုတာကို ဆရာတော်ကြီးများနှင့်တကွ ရဟန်းသံဃာတော်များအားလုံးအသိဖြစ်ကြပါတယ်။

သို့သော်လည်း ကိုယ့်သံဃာအချင်းချင်း သမဂ္ဂစိတ်ဓာတ်နည်းနည်းလေးမှမရှိကြပဲ ရေငုံနှုတ်ပိတ်နေကြတာများပါတယ်။

စစ်မိစ္ဆာနဲ့ပေါင်းစားနေကြတဲ့ လူယုတ်မာဘုန်းကြီးများက ဝမ်းတောင်သာနေကြလို့ တချို့ဆို သူတို့ရဲ့ FBမှာရေးတောင်တင်နေကြတာကိုတွေ့နေရပါတယ်။

တချို့စစ်မိစ္ဆာနဲ့ပေါင်းစားတဲ့လူယုတ်မာဘုန်းကြီးတွေဆိုရင် ဓမ္မဘက်တော်သားများဖြစ်ကြတဲ့ ဦးဇင်းတို့ရဲ့မိတ်ဆွေရဟန်းတော်များနှင့်ဦးဇင်းကို ဖမ်းလို့မမိသေးသည့်အတွက် ရအောင်မိအောင်ဖမ်းဖို့ဆိုပြီး live လွင့်ကာ သတင်းပေးနေကြသည့် လူယုတ်မာဘုန်းကြီးယုတ်တွေတောင်ရှိနေပါသေးတယ်။

ပြောချင်တာကတော့ စစ်မိစ္ဆာစစ်အာဏာရှင်များသည် သူတို့ကိုထောက်ခံအားပေးရင် ကြိုက်သည့်အမှားလုပ်ပါ မသိချင်ယောင်ခွင့်လွတ်ပါလိမ့်မည်။

သူတို့ရဲ့အမှားများကိုထောက်ပြဝေဖန်သူ ဓမ္မဘက်တော်သားများဆိုပါလျှင် ရဟန်းသံဃာဖြစ်စေ လူပုဂ္ဂိုလ်ဖြစ်စေ မတရားပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးထောင်ချနှိပ်စက်ညှင်းပန်းသတ်ဖြတ်မည်ဖြစ်ပါကြောင်းကို အသိပေးရေးသားလိုက်ပါတယ်။

မင်းသုည (ဗုဒ္ဓတက္ကသိုလ်)

Be the first to comment on "ဘာလဲဟဲ့ စစ်မိစ္ဆာဆိုတာ"

Leave a comment

Your email address will not be published.


*