တချိန်က ခရီးစဥ်တစ်ခုမှာ သမ္မတ စီးတဲ့ဖိနပ်က မထင်မှတ်ပဲ ပြတ်သွားတယ်။တစ်ချို့သတိမထားမိလိုက်ပေမယ့်၊ဝန်ကြီးချုပ်က မြင်တယ်။
ဒါကြောင့် ဝန်ကြီးချုပ်က သူ့ဖော့ဖိနပ်ကိုချွတ်ပေးလိုက်တယ်။
သမ္မတကငြင်းတယ်၊ဝင်ကြီးချုပ်ကထပ်ပေးတယ်။
သမ္မတကလဲငြင်းတယ်၊နေပါစေ ဝန်ကြီးချုပ်စီးပါပြောတယ်။ဒီတော့
ဝန်ကြီး ချုပ်က အနားကပ်ပြောတယ်
“ဘာလဲ ဖေါ့ဖိနပ်မို့လို့လားဆိုတော့မှ”
သမ္မတလဲ ရယ်ကျဲကျဲမျက်နှာနဲ့
“ဖိနပ်ကိုကောက်စီးတယ်၊..စီးသာစီးရတယ်၊ဘိနပ်ကသေးလို့၊ ဖိနှောင့်ကထွက်နေတာတဲ့”
အဲဒီခရီးစဥ်မှာ ဖိနပ်မပါတဲ့ဝန်ကြီးချုပ်ကဖိနပ်တိုလေးစီးထားတဲ့၊သမ္မတနောက်ကို တစ်ကောက်ကောက်လိုက်တယ်။တစ်ချို့ကသတိထားမိပေမယ့်၊ဘာမှန်းမသိကြဘူး၊မေးဘို့လဲအားနာနေကြတယ်။
ကျနော်တို့ခေါင်းဆောင်တွေ၊အဲဒီလိုချစ်ဘို့ကောင်းတာပါဆို။သမ္မတဟောင်း ဦးထင်ကျော်နဲ့ ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီကို အစဉ်ထာဝရ လေးစားလျက်ပါ။
Be the first to comment on "ဒီလိုသမ္မတကြီးနဲ့ ဒီလိုဝန်ကြီးချုပ်ရဲ့အချိန်တေကိုလွမ်းရပါတယ်"