ေဒၚသိန္းျမင့္ဆိုသူအမ်ိဳးသမီးကသူ႔ရဲ႕စီးပြားၿပိဳင္ဘက္အမ်ိဳးသမီးကိုေက်း႐ြာမွထြက္ေျပးေအာင္သိန္းငါးဆယ္အထိေပးမယ္ေျပာၿပီးၿခိမ္းေျခာက္ခိုင္းတဲ့—-စိတ္ဝင္စားဘြယ္သတင္းေလးကိုဖတ္ၾကည့္ပါ။
လပြတၱာၿမိဳ႕နယ္၊သေျပေခ်ာင္းအုပ္စု၊ေခ်ာင္းႀကီးေက်း႐ြာတြင္ ဦးျမင့္စိုး+ေဒၚလွေဌးႏွင့္သမီးမ်ားျဖစ္ေသာ-မစုေဝခိုင္(၁၃)ႏွစ္၊မဝိုင္းခ်စ္(၄)ႏွစ္တို႔သည္ လယ္ယာလုပ္ငန္းလုပ္ကိုင္ရင္းအတူတကြေနထိုင္ၾကပါသည္။၁၃.၁၂.၂၀၂၀)ေန႔တြင္ခင္ပြန္းျဖစ္သူဦးျမင့္စိုးသည္ လပြတၱာၿမိဳ႕သို႔ စပါးသြားေရာက္ေရာင္းခ်ေနေသာေၾကာင့္ဇနီးျဖစ္သူေဒၚလွေဌးမွာသမီးႏွစ္ဦးႏွင့္အတူ ညေန(၆)နာရီႏွင့္မိနစ္(၃၀)အခ်ိန္ခန႔္တြင္တစ္ေနကုန္ပင္ပမ္းသျဖင့္ျခင္ေထာင္အတြင္းလွဲေနစဥ္
အမည္မသိ(လူျမင္လွ်င္မွတ္မိ) လူ(၄)ဦးတို႔မွာေနအိမ္ေပၚသို႔တက္လာၾကၿပီးတစ္ဦးမွ ေဒၚလွေဌး၏အမည္အားေခၚေသာေၾကာင့္ထူးလိုက္ရာတြင္ယင္းလူမွပင္ျခင္ေထာင္ကိုဖြင့္၍ေဒၚလွေဌးကိုယ္ေပၚသို႔တက္ခြၿပီးမ်က္လုံးအားလက္ျဖင့္အုပ္ကာအသင့္ပါလာေသာဓါးေျမႇာင္ျဖင့္ထိုးရင္း”မိမိမွာေထာင္ထြက္တစ္ဦးျဖစ္ေၾကာင္း၊ခင္ဗ်ားကိုေသေအာင္သတ္မွ ခင္ဗ်ားပိုင္ဆိုင္ေသာေ႐ႊ၊ေငြမ်ားရမည္”ဟုေျပာဆိုၿပီး၊တစ္ဦးႏွင့္တစ္ဦးလုံးေထြးေနစဥ္ အျခားတစ္ဦးမွလည္း
သမီးအႀကီး၏မ်က္လုံးအား လက္ျဖင့္ပိတ္၍ေနာက္မွဓါးျဖင့္ေထာက္ထားသည္။လုံးေထြးေနရာမွေဒၚလွေဌး ႐ုံးကန္လြတ္ေျမာက္သြားစဥ္”ကြၽန္မအားဓါးျမတိုက္ေနတယ္၊ကယ္ၾကပါအုန္း”ဟု ေအာ္ဟစ္အကူညီေတာင္းခံရာေခါင္းရင္းဘက္အိမ္မွအမ်ိဳးသမီးတစ္ဦးမွာေတြ႕သြားၿပီးယင္းအမ်ိဳးသမီးမွပင္ ေက်း႐ြာလမ္းမေပၚသို႔ေျပးထြက္၍”ေဒၚလွေဌးအား ဓါးျမတိုက္ေနတယ္၊လာၾကပါအုံး”ဟု ေအာ္ဟစ္ရာ
တစ္႐ြာတည္းေနအမ်ိဳးသားႏွစ္ဦးကေနအိမ္အတြင္းေျပးတက္လာၾကေသာေၾကာင့္ အမည္မသိ(လူျမင္မွတ္မိ)လူ(၄)ဦးတို႔မွာ ေဒၚလွေဌး၏ေနအိမ္ေပၚမွ ဆင္းေျပးသြားခဲ့ၾကသည္။ေျပးဆင္းသြားသူတစ္ဦးျဖစ္သူခင္ေထြး(ခ)ဟားေလးမွာ ေဒၚလွေဌး၏ေနအိမ္ေနာက္ဖက္ရွိစပါးက်ီေအာက္တြင္ဝင္ေရာက္ပုန္းလွ်ိဳေနစဥ္ ေက်း႐ြာသားႏွစ္ဦးမွဖမ္းဆီးကာ ရာအိမ္မႉးဦးစိန္ျမင့္ထံသို႔အပ္ႏွံၿပီးရာအိမ္မႉးမွတဆင့္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးဦးစိုးႏိုင္အားအေၾကာင္းၾကားခဲ့သည္။
ထိုမွတဆင့္ ျပင္စလူနယ္ေျမရဲတပ္ဖြဲ႕စခန္းသို႔ဆက္လက္အေၾကာင္းၾကားရာ ျပင္စလူရဲတပ္ဖြဲ႕စခန္းမႉးရဲအုပ္ၾကည္စိုးႏိုင္ႏွင့္အဖြဲ႕က ၾကားသိရလွ်င္ခ်က္ျခင္းလာေရာက္၍ ခင္ေထြး(ခ)ဟားေလးအားဖမ္းဆီးေမးျမန္းေခၚေဆာင္ၿပီး က်န္ရွိေနေသာျပစ္မႈက်ဴးလြန္သူမ်ားကိုလည္း ဖမ္းဆီးရမိေရးကိုခ်က္ျခင္းေဆာင္႐ြက္ၾကသည္။စခန္းမႉးရဲအုပ္ၾကည္စိုးႏိုင္ႏွင့္အဖြဲ႕ဝင္မ်ားသည္ထြက္ေျပးတိမ္ေရွာင္ေနေသာ က်န္ရွိျပစ္မႈက်ဴးလြန္သူမ်ားအားဖမ္းဆီးႏိုင္ေရးကို ညတြင္းျခင္းစဥ္ဆက္မျပတ္လိုက္လံရွာေဖြၾကရာမွ
(၁၄.၁၂.၂၀၂၀)ေန႔နံနက္ပိုင္းတြင္ဉာဏ္ကြင္းေက်း႐ြာရွိ ရန္ႏိုင္(ခ)ငဖား၏ေနအိမ္တြင္ရန္ႏိုင္(ခ)ငဖားႏွင့္ခ်စ္ေကာင္း(ခ)စိုးမင္းႏိုင္တို႔(၂)ဦးအားဖမ္းဆီးရမိကာ က်န္ရွိထြက္ေျပးတိမ္ေရွာင္ေနသူကုလား(ကိုယ္ေရးအခ်က္အလက္စုံစမ္းဆဲ)ဆိုသူအား ဖမ္းဆီးအေရးယူႏႈိင္ေရးကိုေဆာင္႐ြက္လ်က္ရွိသည္။ဖမ္းဆီးရမိသူမ်ား၏ဝန္ခံထြက္ဆိုခ်က္မ်ားအရေဒၚလွေဌးစီးပြားၿပိဳင္ဘက္ျဖစ္ေသာတစ္႐ြာတည္းေနသူ ေဒၚသိန္းျမင့္၏အခေငြေပးေစခိုင္းမႈေၾကာင့္ ျပစ္မႈက်ဳးလြန္ၾကေၾကာင္းဝန္ခံထြက္ဆိုၾကရာ
အခေငြေပးေစခိုင္းသူေဒၚသိန္းျမင့္-အသက္၅၂-ႏွစ္(ဘ)ဦးသာရင္၊ ႏွင့္ဆက္စပ္ေပးသူလွေက်ာ္(ခ)မင္းေခြအသက္၅၅ႏွစ္-(ဘ)ဦးခ်စ္ေမာင္တို႔(၂)ဦးအားထပ်မံဖမ်းဆီးကာ ျပင္စလူရဲတပ္ဖြဲစခန္းမွ ၎တို႔(၅)ဦးအား(ပ)၁၅၉/၂၀၂၀၊ရာဇသတ္ႀကီးပုဒ္မ-၃၉၃/၄၅၈ /၁၁၄ /၁၀၉အရ တရားဆြဲအျပစ္ေပးအေရးယူႏႈိင္ေရး ေဆာင္႐ြက္လွ်က္ရွိသည္။
ဝန္ခံထြက္ဆိုခ်က္မ်ားအရသိရွိရသည္မွာလပြတၱာၿမိဳ႕နယ္အတြင္းရွိသေျပေခ်ာင္းအုပ္စု၊ဆိတ္ကေလးေက်း႐ြာေနလွေက်ာ္(ခ)မင္းေခြမွာေက်ာက္တန္းႀကီးအုပ္စု၊ေနရာပ်ံခ်ီေက်း႐ြာေနခ်စ္ေကာင္း(ခ)စိုးမင္းပိုင္၏ေလွကိုဝယ္ယူရန္အတြက္လယ္ပိုင္ရွင္ျဖစ္သူေဒၚသိန္းျမင့္ထံမွ၃၀.၁၁.၂၀၂၀ေန႔တြင္လယ္(၄)ကြက္ခေကာက္ရိတ္သိမ္းေပးရန္အတြက္ႀကိဳတင္ေငြ(၂၀၀၀၀၀/-)သိန္းက်ပ္ကို ရယူခဲ့သည္။
၁.၁၂.၂၀၂၀ေန႔တြင္ လွေက်ာ္(ခ)မင္းေခြမွာေကာက္ရိတ္ေပးရန္သြားစဥ္ လယ္ပိုင္ရွင္ေဒၚသိန္းျမင့္မွ”မင္း ေလွဝယ္ျဖစ္သလား”ဟုေမးရာဝယ္ျဖစ္ခဲ့ေၾကာင္း၊ ေလွေရာင္းခ်သူခ်စ္ေကာင္း(ခ)စိုးမင္းပိုင္မွာ ေထာင္ထြက္တစ္ဦးျဖစ္ၿပီးလူတစ္ဦးအားထိုးခုတ္၊သတ္ျဖတ္ရဲသူျဖစ္ေၾကာင္းကိုေျပာျပရာသူႏွင့္ေတြ႕ဆုံလိုေၾကာင္းကိုေဒၚသိန္းျမင့္မွေျပာၾကားခဲ့သည္။
၂.၁၂.၂၀၂၀ေန႔တြင္လွေက်ာ္(ခ)မင္းေခြမွခ်စ္ေကာင္း(ခ)စိုးမင္းပိုင္ကိုေခၚယူ၍အတူတကြ ေဒၚသိန္းျမင့္အိမ္သို႔သြားေရာက္ေတြ႕ဆုံခဲ့ၾကသည္။ေဒၚသိန္းျမင့္မွ’တစ္႐ြာတည္းေန ေဒၚလွေဌးဆိုသူမွာစီးပြားၿပိဳင္ဘက္ျဖစ္ေၾကာင္း၊ ၂၀၁၄-ခုႏွစ္ကတမံကိစၥျဖင့္တရား႐ုံးတြင္(၂)ႀကိမ္တိတိရႈံးနိမ့္ခဲ့ေၾကာင္း၊ေက်း႐ြာတြင္ေနထိုင္ျခင္းမရွိ ထြက္ေျပးသြားရန္အတြက္ေျခာက္လွန႔္ေပးရန္ျဖင့္အကူအညီေတာင္းခံခဲ့သည္။ေဒၚလွေဌး၏ေနအိမ္အားလည္း လက္ညႇိဴးထိုးျပသၿပီး ေငြက်ပ္၂၀၀၀၀၀/ကိုစရံအျဖစ္ေပးအပ္၍ ေအာင္ျမင္ခဲ့လွ်ငေငြက်ပ္သိန္း(၃၀)မွက်ပ္သိန္း(၅၀)ေပးမည္ဟုေျပာၿပီး လာရမည့္ရက္ကိုလည္းဖုန္းျဖင့္ဆက္သြယ္မည္ဟုေျပာခဲ့သည္။
၁၃.၁၂.၂၀၂၀ေန႔လည္(၁၁)နာရီခန႔္တြင္ေဒၚသိန္းျမင့္မွလွေက်ာ္(ခ)မင္းေခြအားဆက္သြယ္လာမႈေၾကာင့္ ခ်စ္ေကာင္း(ခ)စိုးမင္းပိုင္ထံသို႔ဖုံးဆက္သြယ္လိုက္ရာ ရန္ႏိုင္(ခ)ငဖား၊ခင္ေထြး(ခ)ဟားေလး၊ကုလားတို႔ႏွင္အတူ လာမည္ျဖစ္ေၾကာင္းသိရိၿပီး’နင္တို႔လာခ်ိန္တြင္ ေဘးပတ္ဝန္းက်င္မွလူမ်ားမၾကားမသိေအာင္ေဆာင္းေဘာက္အားအသံကုန္ဖြင့္ထားမည္’ဟုေျပာကာစီစဥ္ေဆာင္႐ြက္ၾကၿပီးအထက္ပါအတိုင္းျပစ္မႈက်ဴးလြန္ၾကေၾကာင္းကိုသတင္းရရွိပါသည္။
ထိုကဲ့သို႔ ျပစ္မႈက်ဴးလြန္သူမ်ားႏွင့္အခေၾကးေငြေပးေစခိုင္းသူႏွင့္အတူ၊ပါဝင္ပတ္သက္သူမ်ားျဖစ္ေသာခင္ေထြး(ခ)ဟားေလး၊ခ်စ္ေကာင္း(ခ)စိုးမင္းပိုင္၊ရန္ႏိုင္(ခ)ငဖား၊လွေက်ာ္(ခ)မင္းေခြ၊ေဒၚသိန္းျမင့္တို႔အားျပင္စလူနယ္ေျမရဲတပ္ဖြဲ႕စခန္းမွ(ပ)၁၅၉/၂၀၂၀၊ရာဇသတ္ႀကီးပုဒ္မ-၃၉၃/၄၅၈ /၁၁၄ /၁၀၉ အရအမႈဖြင့္အျပစ္ေပးတရားစြဲဆိုႏႈိင္ေရးကို ေဆာင္႐ြက္လွ်က္ရွိေၾကာင္းသတင္းရရွိပါသည္။
Mg bo(ေ႐ႊသေျပ)SH
SH ရႈေထာင့္မႈခင္းႏွင့္သတင္းဂ်ာနယ္
————-
ဒေါ်သိန်းမြင့်ဆိုသူအမျိုးသမီးကသူ့ရဲ့စီးပွားပြိုင်ဘက်အမျိုးသမီးကိုကျေးရွာမှထွက်ပြေးအောင်သိန်းငါးဆယ်အထိပေးမယ်ပြောပြီးခြိမ်းခြောက်ခိုင်းတဲ့—-စိတ်ဝင်စားဘွယ်သတင်းလေးကိုဖတ်ကြည့်ပါ။
လပွတ္တာမြို့နယ်၊သပြေချောင်းအုပ်စု၊ချောင်းကြီးကျေးရွာတွင် ဦးမြင့်စိုး+ဒေါ်လှဌေးနှင့်သမီးများဖြစ်သော-မစုဝေခိုင်(၁၃)နှစ်၊မဝိုင်းချစ်(၄)နှစ်တို့သည် လယ်ယာလုပ်ငန်းလုပ်ကိုင်ရင်းအတူတကွနေထိုင်ကြပါသည်။၁၃.၁၂.၂၀၂၀)နေ့တွင်ခင်ပွန်းဖြစ်သူဦးမြင့်စိုးသည် လပွတ္တာမြို့သို့ စပါးသွားရောက်ရောင်းချနေသောကြောင့်ဇနီးဖြစ်သူဒေါ်လှဌေးမှာသမီးနှစ်ဦးနှင့်အတူ ညနေ(၆)နာရီနှင့်မိနစ်(၃၀)အချိန်ခန့်တွင်တစ်နေကုန်ပင်ပမ်းသဖြင့်ခြင်ထောင်အတွင်းလှဲနေစဉ်
အမည်မသိ(လူမြင်လျှင်မှတ်မိ) လူ(၄)ဦးတို့မှာနေအိမ်ပေါ်သို့တက်လာကြပြီးတစ်ဦးမှ ဒေါ်လှဌေး၏အမည်အားခေါ်သောကြောင့်ထူးလိုက်ရာတွင်ယင်းလူမှပင်ခြင်ထောင်ကိုဖွင့်၍ဒေါ်လှဌေးကိုယ်ပေါ်သို့တက်ခွပြီးမျက်လုံးအားလက်ဖြင့်အုပ်ကာအသင့်ပါလာသောဓါးမြှောင်ဖြင့်ထိုးရင်း”မိမိမှာထောင်ထွက်တစ်ဦးဖြစ်ကြောင်း၊ခင်ဗျားကိုသေအောင်သတ်မှ ခင်ဗျားပိုင်ဆိုင်သောရွှေ၊ငွေများရမည်”ဟုပြောဆိုပြီး၊တစ်ဦးနှင့်တစ်ဦးလုံးထွေးနေစဉ် အခြားတစ်ဦးမှလည်း
သမီးအကြီး၏မျက်လုံးအား လက်ဖြင့်ပိတ်၍နောက်မှဓါးဖြင့်ထောက်ထားသည်။လုံးထွေးနေရာမှဒေါ်လှဌေး ရုံးကန်လွတ်မြောက်သွားစဉ်”ကျွန်မအားဓါးမြတိုက်နေတယ်၊ကယ်ကြပါအုန်း”ဟု အော်ဟစ်အကူညီတောင်းခံရာခေါင်းရင်းဘက်အိမ်မှအမျိုးသမီးတစ်ဦးမှာတွေ့သွားပြီးယင်းအမျိုးသမီးမှပင် ကျေးရွာလမ်းမပေါ်သို့ပြေးထွက်၍”ဒေါ်လှဌေးအား ဓါးမြတိုက်နေတယ်၊လာကြပါအုံး”ဟု အော်ဟစ်ရာ
တစ်ရွာတည်းနေအမျိုးသားနှစ်ဦးကနေအိမ်အတွင်းပြေးတက်လာကြသောကြောင့် အမည်မသိ(လူမြင်မှတ်မိ)လူ(၄)ဦးတို့မှာ ဒေါ်လှဌေး၏နေအိမ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြသည်။ပြေးဆင်းသွားသူတစ်ဦးဖြစ်သူခင်ထွေး(ခ)ဟားလေးမှာ ဒေါ်လှဌေး၏နေအိမ်နောက်ဖက်ရှိစပါးကျီအောက်တွင်ဝင်ရောက်ပုန်းလျှိုနေစဉ် ကျေးရွာသားနှစ်ဦးမှဖမ်းဆီးကာ ရာအိမ်မှူးဦးစိန်မြင့်ထံသို့အပ်နှံပြီးရာအိမ်မှူးမှတဆင့်ကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးနိုင်အားအကြောင်းကြားခဲ့သည်။
ထိုမှတဆင့် ပြင်စလူနယ်မြေရဲတပ်ဖွဲ့စခန်းသို့ဆက်လက်အကြောင်းကြားရာ ပြင်စလူရဲတပ်ဖွဲ့စခန်းမှူးရဲအုပ်ကြည်စိုးနိုင်နှင့်အဖွဲ့က ကြားသိရလျှင်ချက်ခြင်းလာရောက်၍ ခင်ထွေး(ခ)ဟားလေးအားဖမ်းဆီးမေးမြန်းခေါ်ဆောင်ပြီး ကျန်ရှိနေသောပြစ်မှုကျူးလွန်သူများကိုလည်း ဖမ်းဆီးရမိရေးကိုချက်ခြင်းဆောင်ရွက်ကြသည်။စခန်းမှူးရဲအုပ်ကြည်စိုးနိုင်နှင့်အဖွဲ့ဝင်များသည်ထွက်ပြေးတိမ်ရှောင်နေသော ကျန်ရှိပြစ်မှုကျူးလွန်သူများအားဖမ်းဆီးနိုင်ရေးကို ညတွင်းခြင်းစဉ်ဆက်မပြတ်လိုက်လံရှာဖွေကြရာမှ
(၁၄.၁၂.၂၀၂၀)နေ့နံနက်ပိုင်းတွင်ဉာဏ်ကွင်းကျေးရွာရှိ ရန်နိုင်(ခ)ငဖား၏နေအိမ်တွင်ရန်နိုင်(ခ)ငဖားနှင့်ချစ်ကောင်း(ခ)စိုးမင်းနိုင်တို့(၂)ဦးအားဖမ်းဆီးရမိကာ ကျန်ရှိထွက်ပြေးတိမ်ရှောင်နေသူကုလား(ကိုယ်ရေးအချက်အလက်စုံစမ်းဆဲ)ဆိုသူအား ဖမ်းဆီးအရေးယူနှိုင်ရေးကိုဆောင်ရွက်လျက်ရှိသည်။ဖမ်းဆီးရမိသူများ၏ဝန်ခံထွက်ဆိုချက်များအရဒေါ်လှဌေးစီးပွားပြိုင်ဘက်ဖြစ်သောတစ်ရွာတည်းနေသူ ဒေါ်သိန်းမြင့်၏အခငွေပေးစေခိုင်းမှုကြောင့် ပြစ်မှုကျုးလွန်ကြကြောင်းဝန်ခံထွက်ဆိုကြရာ
အခငွေပေးစေခိုင်းသူဒေါ်သိန်းမြင့်-အသက်၅၂-နှစ်(ဘ)ဦးသာရင်၊ နှင့်ဆက်စပ်ပေးသူလှကျော်(ခ)မင်းခွေအသက်၅၅နှစ်-(ဘ)ဦးချစ်မောင်တို့(၂)ဦးအားထပျမံဖမျးဆီးကာ ပြင်စလူရဲတပ်ဖွဲစခန်းမှ ၎င်းတို့(၅)ဦးအား(ပ)၁၅၉/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ-၃၉၃/၄၅၈ /၁၁၄ /၁၀၉အရ တရားဆွဲအပြစ်ပေးအရေးယူနှိုင်ရေး ဆောင်ရွက်လျှက်ရှိသည်။
ဝန်ခံထွက်ဆိုချက်များအရသိရှိရသည်မှာလပွတ္တာမြို့နယ်အတွင်းရှိသပြေချောင်းအုပ်စု၊ဆိတ်ကလေးကျေးရွာနေလှကျော်(ခ)မင်းခွေမှာကျောက်တန်းကြီးအုပ်စု၊နေရာပျံချီကျေးရွာနေချစ်ကောင်း(ခ)စိုးမင်းပိုင်၏လှေကိုဝယ်ယူရန်အတွက်လယ်ပိုင်ရှင်ဖြစ်သူဒေါ်သိန်းမြင့်ထံမှ၃၀.၁၁.၂၀၂၀နေ့တွင်လယ်(၄)ကွက်ခကောက်ရိတ်သိမ်းပေးရန်အတွက်ကြိုတင်ငွေ(၂၀၀၀၀၀/-)သိန်းကျပ်ကို ရယူခဲ့သည်။
၁.၁၂.၂၀၂၀နေ့တွင် လှကျော်(ခ)မင်းခွေမှာကောက်ရိတ်ပေးရန်သွားစဉ် လယ်ပိုင်ရှင်ဒေါ်သိန်းမြင့်မှ”မင်း လှေဝယ်ဖြစ်သလား”ဟုမေးရာဝယ်ဖြစ်ခဲ့ကြောင်း၊ လှေရောင်းချသူချစ်ကောင်း(ခ)စိုးမင်းပိုင်မှာ ထောင်ထွက်တစ်ဦးဖြစ်ပြီးလူတစ်ဦးအားထိုးခုတ်၊သတ်ဖြတ်ရဲသူဖြစ်ကြောင်းကိုပြောပြရာသူနှင့်တွေ့ဆုံလိုကြောင်းကိုဒေါ်သိန်းမြင့်မှပြောကြားခဲ့သည်။
၂.၁၂.၂၀၂၀နေ့တွင်လှကျော်(ခ)မင်းခွေမှချစ်ကောင်း(ခ)စိုးမင်းပိုင်ကိုခေါ်ယူ၍အတူတကွ ဒေါ်သိန်းမြင့်အိမ်သို့သွားရောက်တွေ့ဆုံခဲ့ကြသည်။ဒေါ်သိန်းမြင့်မှ’တစ်ရွာတည်းနေ ဒေါ်လှဌေးဆိုသူမှာစီးပွားပြိုင်ဘက်ဖြစ်ကြောင်း၊ ၂၀၁၄-ခုနှစ်ကတမံကိစ္စဖြင့်တရားရုံးတွင်(၂)ကြိမ်တိတိရှုံးနိမ့်ခဲ့ကြောင်း၊ကျေးရွာတွင်နေထိုင်ခြင်းမရှိ ထွက်ပြေးသွားရန်အတွက်ခြောက်လှန့်ပေးရန်ဖြင့်အကူအညီတောင်းခံခဲ့သည်။ဒေါ်လှဌေး၏နေအိမ်အားလည်း လက်ညှိူးထိုးပြသပြီး ငွေကျပ်၂၀၀၀၀၀/ကိုစရံအဖြစ်ပေးအပ်၍ အောင်မြင်ခဲ့လျှငငွေကျပ်သိန်း(၃၀)မှကျပ်သိန်း(၅၀)ပေးမည်ဟုပြောပြီး လာရမည့်ရက်ကိုလည်းဖုန်းဖြင့်ဆက်သွယ်မည်ဟုပြောခဲ့သည်။
၁၃.၁၂.၂၀၂၀နေ့လည်(၁၁)နာရီခန့်တွင်ဒေါ်သိန်းမြင့်မှလှကျော်(ခ)မင်းခွေအားဆက်သွယ်လာမှုကြောင့် ချစ်ကောင်း(ခ)စိုးမင်းပိုင်ထံသို့ဖုံးဆက်သွယ်လိုက်ရာ ရန်နိုင်(ခ)ငဖား၊ခင်ထွေး(ခ)ဟားလေး၊ကုလားတို့နှင်အတူ လာမည်ဖြစ်ကြောင်းသိရိပြီး’နင်တို့လာချိန်တွင် ဘေးပတ်ဝန်းကျင်မှလူများမကြားမသိအောင်ဆောင်းဘောက်အားအသံကုန်ဖွင့်ထားမည်’ဟုပြောကာစီစဉ်ဆောင်ရွက်ကြပြီးအထက်ပါအတိုင်းပြစ်မှုကျူးလွန်ကြကြောင်းကိုသတင်းရရှိပါသည်။
ထိုကဲ့သို့ ပြစ်မှုကျူးလွန်သူများနှင့်အခကြေးငွေပေးစေခိုင်းသူနှင့်အတူ၊ပါဝင်ပတ်သက်သူများဖြစ်သောခင်ထွေး(ခ)ဟားလေး၊ချစ်ကောင်း(ခ)စိုးမင်းပိုင်၊ရန်နိုင်(ခ)ငဖား၊လှကျော်(ခ)မင်းခွေ၊ဒေါ်သိန်းမြင့်တို့အားပြင်စလူနယ်မြေရဲတပ်ဖွဲ့စခန်းမှ(ပ)၁၅၉/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ-၃၉၃/၄၅၈ /၁၁၄ /၁၀၉ အရအမှုဖွင့်အပြစ်ပေးတရားစွဲဆိုနှိုင်ရေးကို ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိပါသည်။
Mg bo(ရွှေသပြေ)SH
SH ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်
Be the first to comment on "စီးပွားပြိုင်ဘက်အမျိုးသမီးကို ရွာမှထွက်ပြေးအောင်သိန်းငါးဆယ်အထိပေးမယ်ပြောပြီး —-စိတ်ဝင်စားဖွယ်သတင်း"