မိုးလေဝသပညာရှင် မစုစုစံရဲ့ တစ်ပတ်တာအတွင်း မိုးခန့်မှန်းချက်

မိုးလေဝသပညာရှင် မစုစုစံရဲ့ တပတ်တာအတွင်း မိုးခန့်မှန်းချက်

နွေရာသီပျောက်ဆုံးနိုင်တဲ့ ကချင်ပြည်နယ် Nor wester weather ဟိမန္တာတောင်တန်းတွေပေါ်မှ အနောက်မှအရှေကိုတိုက်ခတ်လေများကို Nor wester ဟုခေါ်ပါတယ်

၂၀၂၂ မတ်လနောက်ဆုံးပတ်မှ ဧပြီလနောက်ဆုံးပတ်အထိတိုက်ခတ်လေ့ရှိပြီး အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါ ဘင်္ဂလားဒေ့ချ် မှတဆင့် မီဇိုရမ်ပြည်နယ်ကနေ ကချင်ပြည်နယ်အထိရောက်ရှိလေ့ရှိပါတယ်

အနောက်ဘင်ဂေါနှင့် ဘင်္ဂလားဒေ့ချ်ပင်လယ်ကမ်းခြေဒေသတွေမှာ Cape j/kg K index များ မြင့်တက်နိုင်တဲ့အတွက် လျှပ်စီးမိုးကြိုးမုန်တိုင်းနှင့်

အချိန်မဟုတ်မိုး ၂၀၂၁ဒီဇင်ဘာလ ၂၃ရက်နေ့တွင် ကျောက်ဆည်ခရိုင် မန္တလေးခရိုင် ရွှေဘိုခရိုင်တို့တွင် မိုးအနည်းငယ်မှ အသင်အတင့်ရွာသွန်းနိုင်ပြီး

မိုးသတိ ၂၀၂၁ဒီဇင်ဘာလ ၂၃ရက်နေ့တွင် ဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်း မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တွေမှာမိုးအသင့်အတင့်ရွာသွန်းနိုင်ပြီးရှမ်းပြည်နယ်မြောက်ပိုင်းတွင် အသင့်အတင့်မှ မိုးပိုမိုနိုင်ပါတယ် ခန့်မှန်းချိန် 20/12/2021

ပြင်ဦးလွင်ခရိုင် မတ္တရာ မိုကုတ် သပိတ်ကျင်း ကန့်ဘလူခရိုင် ထီးချိုင့် ကောလင်းခရိုင် ကသာခရိုင် အင်းတော် မန်လည် မဲဇာရွှေကူ ဗန်းမော်ခရိုင် မိုးမိတ်

မံစီ မိုးမောက် မိုးညှင်းခရိုင် မြစ်ကြီးနားခရိုင် မိုးကောင်း ကာမိုင်း ဖားကန့် ကျောက်မဲခရိုင် လားရှိူးခရိုင် မူဆယ်ခရိုင်လောက်ကိုင်ခရိုင် ဒေသတွေမှာ မိုးအသင့်အတင့်မှ မိုးပိုနိုင်ပါတယ် ခန့်မှန်းချိန် 20/12/2021

Merry christmas to you ၂၀၂၁ ဒီဇင်ဘာလ ၂၄ရက်နေ့ ၂၅ရက်နေ့ ၂၆ရက်နေ့ ခရစ်စမတ် အခါသမယတွင် မြန်မာတစ်နိုင်ငံလုံးမှာ အအေးပိုလာမည်ဖြစ်ပြီး ပျော်ရွင်ကြည်နူးဖွယ် ခရစ္စမတ်ပွဲတော်ကို ကျင်းပနိုင်ကြပါစေ

အချိန်အခါမဟုတ်မိုး၊ ၂၀၂၁ဒီဇင်ဘာလ ၂၂ရက်နေ့ ၂၃ရက်နေ့တွေမှာ မန္တလေးတိုင်း မိတ္ထီလာခရိုင် ကျောရ်ဆည်ခရိုင် မန္တလေးခရိုင် ပြင်ဦးလွင်ခရိုင်တွေမှာ အချိန်အခါမဟုတ် ဆောင်းမိုးများ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်

ကောက်ပဲသီးနှံရိတ်သိမ်းနေကြသူများ အုတ်လုပ်ငန်း ရေထိမခံနိုင်သောလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသူများ ပျက်စီးမှုမရှိစေဖို့ဆောင်ရွက်နိုင်ကြစေရန် ခန့်မှန်းပေးလိုက်ပါတယ်

၂၀၂၁ ဒီဇင်ဘာလ ၂၂ရက်နေ့မှ ၂၃ရက်နေ့အတွင်း မူဆယ်ခရိုင် လောက်ကိုင်ခရိုင် လားရှိုးခရိုင် ကျောက်မဲခရိုင် နောင်ချို ပြင်ဦးလွင် နှင့် မိုးကုတ်မြို့ မိုးမိတ်မြို့ မဘိမ်းမြို့တွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်

မိုးရွာပြီးအအေးပိုမယ်၊ ၂၀၂၁ဒီဇင်ဘာလ ၂၂ရက် ၂၃ရက်နေ့တို့တွင် စစ်ကိုင်းတိုင်း ကချင်ပြည်နယ် ရှမ်းပြည်နယ်တွေမှာ မိုးရွာနိုင်ပြီး

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုးကြီးနိုင်ပါတယ် ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း နေပြည်တော် မကွေးတိုင်းနှင့် မန္တလေးတိုင်းတွေမှာလည်း နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ပါတယ်

ဖော်ပြထားတဲ့ဒေသရှိတောင်သူလယ်သမားများ မိုးကြောင့်ပျက်စီးမှု မရှိကြစေရန် ၂၁ ရက်နေ့တွင် မိမိတိုရဲ့ကောက်ပဲသီးနှံများကို လုံခြုံတဲ့အမိုးအကာအောက်ကိုရောက်ရှိအောင် ဆောင်ရွက်ထားကြဖို့လိုပါလိမ့်မယ် ခန့်မှန်းချိန်19/12/2021

မူဆယ်ရွေလီ ကျယ်ဂေါင် တာမိုးညဲ ကွတ်ခိုင် သိန်းနီ လားရှိုး သိပေါ တန့်ယန်း ချမ်းလို့ရယ် ခိုက်ခိုက်တုန် စောင်ခြုံမနွေးသည်

ရိတ်ကြမယ်သိမ်းကြမယ်၊ ၂၀၂၁ ဒီဇင်ဘာလ ၁၉ရက်နေ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း အီကွေတာအနီးမှာ 94Bလေဖိအားနည်းလေဝဲ တစ်ခုဖြစ်ပေါ်နေပါတယ်

မြန်မာနိုင်ငံမှာတော့ မိုးရွာသွန်းနိုင်ဖွယ်မရှိပါဘူး ၂၂ရက်နေ့မှ ၂၄ရက်နေ့အတွင်းမှာသာ အထက်လေစီးတွေရောက်ရှိလာပြီးမိုးရွာနိုင်ပါတယ်

ဒါကြောင့်မို့ ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း နေပြည်တော် မန္တလေးတိုင်း ရှမ်းပြည်နယ် စစ်ကိုင်းတိုင်း ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ

တောင်သူလယ်သမားများအနေနဲ့ ၂၁ရက်နေ့မတိုင်မှိ ရင့်မှည့်သီးနှံများကို အမြန်ရိတ်သိမ်းပြီး လုံခြုံတဲ့အမိုးအကာအောက် ရောက်ရှိအောင် ဆောင်ရွက်ကြဖို့လိုပါလိမ့်မယ်

၂၃ရက်နေ့မှာ မူဆယ်ခရိုင် လောက်ကိုင်ခရိုင် လားရှိုးခရိုင်နှင့် ကျောက်မဲခရိုင် ကချင်ပြည်နယ်မှ ဗန်းမော်ခရိုင် မိုးညှင်းခရိုင်စစ်ကိုင်းတိုင်းမှ ကသာခရိုင် ကောလင်းခရိုင်တွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ် ကြိုတင်သိရှိ ကြိုတင် ပြင်ဆင်နိုင်ကြပါစေ။

Be the first to comment on "မိုးလေဝသပညာရှင် မစုစုစံရဲ့ တစ်ပတ်တာအတွင်း မိုးခန့်မှန်းချက်"

Leave a comment

Your email address will not be published.


*