သိန်း ၃၇၀၀ တန် ဖြူးဘူတာသစ်တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးတော့မယ်





———

သိန်း ၃၇၀၀ တန် ဖြူးဘူတာသစ်တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးတော့မယ် (ရှက်တတ်ကြပါစေ)

လေဆိပ်တခုနဲ့ တူအောင်တည်ဆောက်ထားတဲ့ ဖြူးဘူတာသစ် တည်ဆောက်မှုက ၉၉ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ တာဝန်ယူဆောက်လုပ်နေတဲ့ ကုမ္ပဏီဘက်က သိရပါတယ်။

ဒီဘူတာက ဟာ လက်တလော မြန်မာနိုင်ငံကရှိသမျှ ဘူတာတွေ အကုန်လုံးထက် ခေတ်မှီဆန်းသစ်နေတာကို မြင်ရပြီး ဒေသခံတချို့ကလည်း ဘူတာ မဖွင့်လှစ်ခင်ကတည်းက လာရောက် လေ့လာကြတာတွေရှိပါတယ်။

ဒီရထားဘူတာအသစ်ကို ကျပ်သိန်း ၃၇၀၀ အကုန်အကျခံပြီး အခုနှစ် နှစ်ဆန်းပိုင်းက စတင်တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့လည်း ဒီစီမံကိန်းကို တည်ဆောက်ခဲ့တဲ့ကုမ္ပဏီ တာဝန်ခံကပြောပါတယ်။

Be the first to comment on "သိန်း ၃၇၀၀ တန် ဖြူးဘူတာသစ်တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးတော့မယ်"

Leave a comment

Your email address will not be published.


*