ျမန္မာေတြကို ကုသေပးမည့္ ေဆး႐ုံေဆာက္စဥ္ ထိုင္းလူမ်ိဳးမ်ားက ကန႔္ကြက္ဆႏၵျပ၍ ေဆး႐ုံ ေဆာက္ခြင့္မရ
ထိုင္းႏိုင္ငံ မဟာခ်ိဳင္မွာရွိတဲ့ အမ်ိဳးသားအားကစားကြင္းမွာ COVID-19 ကူးစက္ခံရတဲ့ ျမန္မာေတြကို အေသးစား ေဆး႐ုံေဆာက္လုပ္ၿပီး ကုသမႈေပးဖို႔ ဒီေန႔ ေန႔လယ္ပိုင္းက ပစၥည္းေတြ သယ္ေဆာင္လာစဥ္ ထိုင္းလူမ်ိဳးေတြက ကန႔္ကြက္ဆႏၵျပခဲ့တာေၾကာင့္ ေဆး႐ုံေဆာက္ခြင့္ မရခဲ့ဘူးလို႔ သိရပါတယ္။
အဲ့ဒီ ေဆး႐ုံေဆာက္မယ့္ ပတ္ဝန္းက်င္မွာ သက္ႀကီး႐ြယ္အိုေတြ နဲ႔ ကေလးငယ္ေတြ ရွိေနတာေၾကာင့္ စိုးရိမ္ပူပန္ၿပီး ကန႔္ကြက္ဆႏၵျပခဲ့တာလို႔ ထိုင္းအေျခစိုက္ အလုပ္သမားကူညီေစာင့္ေရွာက္ေရး AAC မဟာမိတ္အဖြဲ႕၊ ေျပာေရးဆိုခြင့္ရွိသူ ကိုရဲမင္းက ေျပာပါတယ္။
အမ်ိဳးသားအားကစားကြင္းအနီး ေနထိုင္တဲ့ ရပ္ကြက္ေန ထိုင္းလူမ်ိဳး (၁၀၀) ေက်ာ္ေလာက္က ပစၥည္းေတြ သယ္ယူလာတဲ့ ကားေတြကို အားကစားကြင္းထဲ ေပးမဝင္ပဲ ျပန္လွည့္ခိုင္းၿပီး ကန႔္ကြက္ ဆႏၵျပခဲ့ၾကတာလို႔ ကိုရဲမင္းက ေျပာပါတယ္။
အခုေတာ့ Lockdown ခ်ထားတဲ့ စမြတ္ဆာခြန္း ပုဇြန္ေဈးကို ယာယီေဆး႐ုံအျဖစ္ ထားရွိၿပီး ေဆးကုသမႈေတြ ျပဳလုပ္ဖို႔ ထိုင္းအစိုးရက စီစဥ္ေနတယ္လို႔လည္း သိရပါတယ္။
ထိုင္းေရာက္ ျမန္မာလုပ္သားေတြ COVID-19 ကူးစက္ခံရမႈဟာ ဒီဇင္ဘာ (၂၃) ရက္ထိ (၁၂၀၀) ေက်ာ္ ရွိေနပါတယ္။
သတင္း-ေဝယံထက္ဝင္း
ဓာတ္ပုံ – Mahachai TV
One News Myanmar
————–
မြန်မာတွေကို ကုသပေးမည့် ဆေးရုံဆောက်စဉ် ထိုင်းလူမျိုးများက ကန့်ကွက်ဆန္ဒပြ၍ ဆေးရုံ ဆောက်ခွင့်မရ
ထိုင်းနိုင်ငံ မဟာချိုင်မှာရှိတဲ့ အမျိုးသားအားကစားကွင်းမှာ COVID-19 ကူးစက်ခံရတဲ့ မြန်မာတွေကို အသေးစား ဆေးရုံဆောက်လုပ်ပြီး ကုသမှုပေးဖို့ ဒီနေ့ နေ့လယ်ပိုင်းက ပစ္စည်းတွေ သယ်ဆောင်လာစဉ် ထိုင်းလူမျိုးတွေက ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ဆေးရုံဆောက်ခွင့် မရခဲ့ဘူးလို့ သိရပါတယ်။
အဲ့ဒီ ဆေးရုံဆောက်မယ့် ပတ်ဝန်းကျင်မှာ သက်ကြီးရွယ်အိုတွေ နဲ့ ကလေးငယ်တွေ ရှိနေတာကြောင့် စိုးရိမ်ပူပန်ပြီး ကန့်ကွက်ဆန္ဒပြခဲ့တာလို့ ထိုင်းအခြေစိုက် အလုပ်သမားကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက ပြောပါတယ်။
အမျိုးသားအားကစားကွင်းအနီး နေထိုင်တဲ့ ရပ်ကွက်နေ ထိုင်းလူမျိုး (၁၀၀) ကျော်လောက်က ပစ္စည်းတွေ သယ်ယူလာတဲ့ ကားတွေကို အားကစားကွင်းထဲ ပေးမဝင်ပဲ ပြန်လှည့်ခိုင်းပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြတာလို့ ကိုရဲမင်းက ပြောပါတယ်။
အခုတော့ Lockdown ချထားတဲ့ စမွတ်ဆာခွန်း ပုဇွန်ဈေးကို ယာယီဆေးရုံအဖြစ် ထားရှိပြီး ဆေးကုသမှုတွေ ပြုလုပ်ဖို့ ထိုင်းအစိုးရက စီစဉ်နေတယ်လို့လည်း သိရပါတယ်။
ထိုင်းရောက် မြန်မာလုပ်သားတွေ COVID-19 ကူးစက်ခံရမှုဟာ ဒီဇင်ဘာ (၂၃) ရက်ထိ (၁၂၀၀) ကျော် ရှိနေပါတယ်။
သတင်း-ဝေယံထက်ဝင်း
ဓာတ်ပုံ – Mahachai TV
One News Myanmar
Be the first to comment on "မြန်မာတွေကို ကုသပေးမည့် ဆေးရုံဆောက်စဉ် ထိုင်းလူမျိုးများက ကန့်ကွက်ဆန္ဒပြ၍ ဆေးရုံ ဆောက်ခွင့်မရ"