လာမယ့် ဇန်နဝါရီလ ပထမပတ်မှစတင်ကာ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေ ဖွင့်လှစ်သွားမည်ဟုသိရ

လာမယ့် ဇန်နဝါရီလ ပထမပတ်မှစတင်ကာ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေ ဖွင့်လှစ်သွားမည်ဟုသိရ

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေကို လာမယ့်၂ဝ၂၂ ခုနှစ် ဇန်နဝါရီလပထမပတ်လွတ်လပ်ရေးနေ့အပြီးတွင်စတင်ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

ကိုဗစ်အခြေအနေပေါ်မူတည်ပြီးတော့ ကောင်းတယ်ဆိုရင် ကောလိပ်တွေ၊တက္ကသိုလ်တွေကို လာမယ့်ဇန်နဝါရီလ ပထမပတ် လွတ်လပ်ရေးနေ့ပြီးရင် ဖွင့်ဖို့ ရည်ရွယ်ထားတယ်လို့ နစကဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

လက်ရှိမှာယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်များ၊ကောလိပ်များ၊ယဉ်ကျေးမှုတက္ကသိုလ်များအပြင်လယ်ယာ စိုက်ပျိုးရေး၊

သစ်တောရေးရာဝန်ကြီးဌာန၊မွေးမြူရေးဝန်ကြီးဌာနလက်အောက်ရှိတက္ကသိုလ်များ၊သံဃာ့တက္ကသိုလ်တို့ဖွင့်လှစ်ခွင့်ပြုထားခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှာ အခြေခံပညာကျောင်းတွေကို နိုဝင်ဘာလ(၁) ရက်ကစပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ရာခိုင်နှုန်းအနေနဲ့ (၇၈) ရာခိုင်နှုန်းပြန်လည်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

———– 







Be the first to comment on "လာမယ့် ဇန်နဝါရီလ ပထမပတ်မှစတင်ကာ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေ ဖွင့်လှစ်သွားမည်ဟုသိရ"

Leave a comment

Your email address will not be published.


*