အနာဂတ်မှာ ကမ္ဘာ့စစ်တပ်တွေနဲ့ မြန်မာစစ်တပ်ကြီးကို တန်းတူတစ်သားတည်းရင်ပေါင်တန်းနိုင်အောင်ဆောင်ရွက်မည်ဟု မင်းအောင်လှိုင်ပြာကြား
အနာဂတ်မှာ ကမ္ဘာ့စစ်တပ်တွေနဲ့ မြန်မာစစ်တပ်ကြီးကို တန်းတူတစ်သားတည်းရင်ပေါင်တန်းနိုင်အောင်ဆောင်ရွက်္မည်ဟု မင်းအောင်လှိုင်ပြာကြား
ဒီဇင်ဘာလ ၁၆ ရက်‌နေ့။
အနာဂတ်ကာလမှာ ကမ္ဘာ့နိုင်ငံတပ်မတော်တွေကို ရင်ပေါင်တန်းနိုင်တဲ့ တပ်မတော်ဖြစ်အောင် ဆောင်ရွက်္မည်ဟု စစ်ကောင်စီဥက္ကဌ ဗိုလ် မင်းအောင်လှိုင်က တပ်မတော်(လေ)ရဲ့ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ယခုလို ပြောပါသည်။
“အနာဂတ်ကာလမှာ ဒေသတွင်းနဲ့ ကမ္ဘာ့နိုင် ငံတပ်မတော်များကို ရင်ပေါင်တန်းနိုင်တဲ့ အင်အားတောင့်တင်းပြီး စွမ်းရည်ထက္မြက်တဲ့ ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်အောင် အရှိန်အဟုန်နဲ့ ဆက်လက် တည်ဆောက် သွားရမှာ ဖြစ်ပါတယ်။
နိုင်ငံကို ဖြိုခွဲချင်သူ များအနေနဲ့ အတိတ်၊ ပစ္စုပ္ပန်တို့မှာ တပ်မတ တ်ပြိုကွဲအောင် ကြိုးစားခဲ့၊ ကြိုးစားန ကြေဆဲ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါသည်။
လက်ရှိမှာ တပ်မတော်(လေ)ကို ဒေသတွင်း နိုင်ငံများနဲ့ ရင်ပေါင်တန်းနိုင်ရေးအတွက် တန်ဖိုးကြီးတဲ့ လေယာဉ်/ရဟတ်ယာဉ်များ ဝယ်ယူဖြည့်တင်း ပေးခဲ့ခြင်းဖြစ်တယ်လို့ ၎င်းက ပြောပါသည်။
“တပ်မတော်(လေ)အတွက် ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ်တွေကို အဆင့်မြှင့်တင်ခြင်းနဲ့ ထပ်မံဝယ်ယူ ဖြည့်တင်းခြင်းများ ဆောင်ရွက်ပေးတဲ့အပြင် သယ်ယူပို့ဆောင် ရေး
လေယာဉ်/ ရဟတ်ယာဉ်များနဲ့ တိုက်ခို က်ရေး ရဟတ်ယာဉ်များလည်း ဝယ်ယူ ထည့်တင်းနိုင်ခဲ့တဲ့အတွက် မြန်မာ့ဝေဟင်ပိုင်န က် စိုးမိုးရေးကို အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်”ဟု ၎င်းက ပြောပါသည်။
လေယာဉ်/ရဟတ်ယာဉ်များကို အဆင့်မြှင့် တင်တဲ့ နေရာမှာ စတုတ္ထမျိုးဆက်၊ ပဉ္စမမျို ဆက်ကဲ့သို့ အဆင့်မြင့် တိုက်လေယာဉ် များအထိ မဟုတ်သော်လည်း ဒုတိယမျိုး ဆက်၊
တတိယမျိုးဆက် တိုက်လေယာဉ် အဆင့်မျိုးအထိရရှိအောင် အဆင့်မြှင့်တင် ခြင်းများ၊ သုတေသနပြု ဆောင်ရွက်ခြင်း များ လုပ်ဆောင်သွားမယ်လို့ ၎င်းက ထပ် လောင်းပြောကြားခဲ့ပါသည်။
———– 
ဒီဇင်ဘာလ ၁၆ ရက်‌နေ့။
Be the first to comment on "အနာဂတ်မှာ ကမ္ဘာ့စစ်တပ်တွေနဲ့ မြန်မာစစ်တပ်ကြီးကို တန်းတူတစ်သားတည်းရင်ပေါင်တန်းနိုင်အောင်ဆောင်ရွက်မည်ဟု မင်းအောင်လှိုင်ပြာကြား"
Leave a comment
Your email address will not be published.
*