လေးကေကော်ဖြစ်စဉ်ကို ကိုယ်တိုင်တွေ့ခံစားလိုက်ရတဲ့ ထားထားထက်ရဲ့ မောင်လေးတွေကတော့ တိုက်စရာရှိတာမြန်မြန်တိုက်တော့မည်

လေးကေကော်ဖြစ်စဉ်ကို ကိုယ်တိုင်တွေ့ခံစားလိုက်ရတဲ့ ထားထားထက်ရဲ့ မောင်လေးတွေကတော့ တိုက်စရာရှိတာမြန်မြန်တိုက်တော့မည်

လေးကေကော်ရောက်ကာစ က တည်းခိုခဲ့တဲ့ နေရာလေး

ကျွန်မကို ညီမအရင်းလို ကာကွယ်စောင့်ရှောက်ပေးခဲ့ကြတဲ့ အကိုတွေ အမတွေ အဆင်ရောပြေကြပါ့မလား ဆိုပြီး စိတ်ပူပါတယ်…

တာဝန်ထမ်းနေတဲ့ မောင်လေးတစ်ယောက်ကို စိတ်ပူလို့ လှမ်းမေးကြည့်တော့

အလှမယ်ထားထားထက်နှင့်ရဲဘော်များ

ကောင်းတယ် အမ…

နို့မို့ဆို သွေးအေးနေကြတာ…

တိုက်စရာရှိရင် မြန်မြန်တိုက်တော့မယ်…

လက်နက်မမျှလို့ ကိုယ် တိုက်ပွဲကျ သွားလဲ အပေါ်က လူကြီးတွေ သိပြီး ပစ္စည်းမြန်မြန် ဆင်ပေးနိုင်တာပေါ့ အမရယ်… တဲ့

ဒီနေရာရောက်တဲ့ အထိ ကိုယ့်မြင်ကွင်းရှေ့မှာတင် ကိုယ့်လူတွေ အဖမ်းခံရ ပါသွားရတာတွေ မြင်ရတာ စိတ်ထဲအတော် အဆင်မပြေဘူး အမရယ် တဲ့

ဘာပဲဖြစ်ဖြစ် မရှိရှိတာနဲ့ တိုက်ရမှာပဲ…ဒါမှသာ လူကြီးတွေလဲ ပိုအားစိုက်ပြီး တခြားရဲဘော် ကလေးတွေလဲ ပစ္စည်းအမြန်ဆုံးပြည့်စုံနိုင်မယ် မျှော်လင့်တယ်…… ဆိုပြီး

နောက်ဆုံးအခြေအနေထိ တွေးထား ၊ ရင်းထားတဲ့ အဓိပ္ပါယ်နဲ့ ပြောတာ နားထောင်ရတဲ့ အခါ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်…

ကျွန်မ မောင်လေးတွေ လိုအပ်နေတာတွေ အမြန်ဆုံး ဆင်ယင်ပေးနိုင်တဲ့ အမကြီး ဘယ်တော့များမှ ဖြစ်မလဲ ဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်တင်မိပါတယ်…

တာဝန်ရှိသူ တောင်ပိုင်းစစ်တိုင်းက ဝန်ကြီးမင်းလဲ ကျွန်မရေးတာကို မြင်ပြီး ကလေးတွေ လိုအပ်တာ အမြန်ဆုံး ဆင်ယင်ပေးနိုင်ပါစေလို့ သာ ဆုတောင်းရင်း…

လေးကေကော် နဲ့ မြန်မာနိုင်ငံ အနှံ့အပြားက မတရားမှုကို တွန်းလှန်နေကြသော ညီအကို မောင်နှမ များ အားလုံး ဘေးကင်းလုံခြုံပြီး ရည်မှန်းချက်များ အမြန်အောင်မြင် ပြည့်စုံနိုင်ကြပါစေ…

ထားထက်ထက်

———- 

ေလးေကေကာ္ျဖစ္စဥ္ကို ကိုယ္တိုင္ေတြ႕ခံစားလိုက္ရတဲ့ ထားထားထက္ရဲ႕ ေမာင္ေလးေတြကေတာ့ တိုက္စရာရွိတာျမန္ျမန္တိုက္ေတာ့မည္

ေလးေကေကာ္ေရာက္ကာစ က တည္းခိုခဲ့တဲ့ ေနရာေလး

ကြၽန္မကို ညီမအရင္းလို ကာကြယ္ေစာင့္ေရွာက္ေပးခဲ့ၾကတဲ့ အကိုေတြ အမေတြ အဆင္ေရာေျပၾကပါ့မလား ဆိုၿပီး စိတ္ပူပါတယ္…

တာဝန္ထမ္းေနတဲ့ ေမာင္ေလးတစ္ေယာက္ကို စိတ္ပူလို႔ လွမ္းေမးၾကည့္ေတာ့

အလွမယ္ထားထားထက္ႏွင့္ရဲေဘာ္မ်ား

ေကာင္းတယ္ အမ…

ႏို႔မို႔ဆို ေသြးေအးေနၾကတာ…

တိုက္စရာရွိရင္ ျမန္ျမန္တိုက္ေတာ့မယ္…

လက္နက္မမွ်လို႔ ကိုယ္ တိုက္ပြဲက် သြားလဲ အေပၚက လူႀကီးေတြ သိၿပီး ပစၥည္းျမန္ျမန္ ဆင္ေပးႏိုင္တာေပါ့ အမရယ္… တဲ့

ဒီေနရာေရာက္တဲ့ အထိ ကိုယ့္ျမင္ကြင္းေရွ႕မွာတင္ ကိုယ့္လူေတြ အဖမ္းခံရ ပါသြားရတာေတြ ျမင္ရတာ စိတ္ထဲအေတာ္ အဆင္မေျပဘူး အမရယ္ တဲ့

ဘာပဲျဖစ္ျဖစ္ မရွိရွိတာနဲ႔ တိုက္ရမွာပဲ…ဒါမွသာ လူႀကီးေတြလဲ ပိုအားစိုက္ၿပီး တျခားရဲေဘာ္ ကေလးေတြလဲ ပစၥည္းအျမန္ဆုံးျပည့္စုံႏိုင္မယ္ ေမွ်ာ္လင့္တယ္…… ဆိုၿပီး

ေနာက္ဆုံးအေျခအေနထိ ေတြးထား ၊ ရင္းထားတဲ့ အဓိပၸါယ္နဲ႔ ေျပာတာ နားေထာင္ရတဲ့ အခါ ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္မိတယ္…

ကြၽန္မ ေမာင္ေလးေတြ လိုအပ္ေနတာေတြ အျမန္ဆုံး ဆင္ယင္ေပးႏိုင္တဲ့ အမႀကီး ဘယ္ေတာ့မ်ားမွ ျဖစ္မလဲ ဆိုၿပီး ကိုယ့္ကိုကိုယ္ အျပစ္တင္မိပါတယ္…

တာဝန္ရွိသူ ေတာင္ပိုင္းစစ္တိုင္းက ဝန္ႀကီးမင္းလဲ ကြၽန္မေရးတာကို ျမင္ၿပီး ကေလးေတြ လိုအပ္တာ အျမန္ဆုံး ဆင္ယင္ေပးႏိုင္ပါေစလို႔ သာ ဆုေတာင္းရင္း…

ေလးေကေကာ္ နဲ႔ ျမန္မာႏိုင္ငံ အႏွံ႔အျပားက မတရားမႈကို တြန္းလွန္ေနၾကေသာ ညီအကို ေမာင္ႏွမ မ်ား အားလုံး ေဘးကင္းလုံၿခဳံၿပီး ရည္မွန္းခ်က္မ်ား အျမန္ေအာင္ျမင္ ျပည့္စုံႏိုင္ၾကပါေစ…

ထားထက္ထက္

Be the first to comment on "လေးကေကော်ဖြစ်စဉ်ကို ကိုယ်တိုင်တွေ့ခံစားလိုက်ရတဲ့ ထားထားထက်ရဲ့ မောင်လေးတွေကတော့ တိုက်စရာရှိတာမြန်မြန်တိုက်တော့မည်"

Leave a comment

Your email address will not be published.


*