မြန်မာပြည်သူများလိုချင်သည့်ပန်းတိုင် မရောက်မချင်း လက်လျှော့မည်မဟုတ်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော
—People’s Spring
မြန်မာပြည်သူများလိုချင်သည့်ပန်းတိုင် မရောက်မချင်း လက်လျှော့မည်မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး Antony Blinken က ယနေ့(ဒီဇင်ဘာ၁၄) ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံသို့ရောက်ရှိနေသော အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးသည် ‘A Free and Open Indo-Pacific’ ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားရာ မြန်မာ့အရေးကို ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံမှာ ကျွန်တော်တို့မြင်တွေ့နေရသလိုမျိုး သူတို့ပြည်သူတွေရဲ့အခွင့်အရေးကို မလေးစားတဲ့ ခေါင်းဆောင်တွေကို ကျွန်တော်တို့ အတူတကွ ဆန့်ကျင်ရပ်တည်သွားမှာပါ”ဟု Antony Blinkenက ပြော သည်။
ထို့အပြင် ခွဲခြားမှုမရှိသည့် အကြမ်းဖက်ရပ်တန့်ရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး ပြန်လွှတ်ပေးရေး၊ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အကူအညီများခွင့်ပြုရေးနှင့် အားလုံးပါဝင်သော
ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးအတွက် စစ်ကောင်စီကို ဖိအားပေးရန် မိတ်ဖက်နိုင်ငံများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အတူလုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးက ပြောသည်။
မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားသော ငြိမ်းချမ်းစွာအဖြေရှာရေးကို ရှာဖွေရန် ဘက်အားလုံးနှင့် အပြုသဘောတွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုသည့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်လုပ်ဆောင်နေကြောင်းလည်း Antony Blinken က ပြောသည်။
————-
ျမန္မာျပည္သူမ်ားလိုခ်င္သည့္ပန္းတိုင္ မေရာက္မခ်င္း လက္ေလွ်ာ့မည္မဟုတ္ဟု ကန္ႏိုင္ငံျခားေရးဝန္ႀကီးေျပာ
—People’s Spring
ျမန္မာျပည္သူမ်ားလိုခ်င္သည့္ပန္းတိုင္ မေရာက္မခ်င္း လက္ေလွ်ာ့မည္မဟုတ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခား ေရးဝန္ႀကီး Antony Blinken က ယေန႔(ဒီဇင္ဘာ၁၄) ေျပာၾကားသည္။
အင္ဒိုနီးရွားႏိုင္ငံသို႔ေရာက္ရွိေနေသာ အေမရိကန္ႏိုင္ငံျခား ေရးဝန္ႀကီးသည္ ‘A Free and Open Indo-Pacific’ ေခါင္းစဥ္ျဖင့္ မိန႔္ခြန္းေျပာၾကားရာ ျမန္မာ့အေရးကို ထည့္သြင္းေျပာၾကားျခင္း ျဖစ္သည္။
“ျမန္မာႏိုင္ငံမွာ ကြၽန္ေတာ္တို႔ျမင္ေတြ႕ေနရသလိုမ်ိဳး သူတို႔ျပည္သူေတြရဲ႕အခြင့္အေရးကို မေလးစားတဲ့ ေခါင္းေဆာင္ေတြကို ကြၽန္ေတာ္တို႔ အတူတကြ ဆန႔္က်င္ရပ္တည္သြားမွာပါ”ဟု Antony Blinkenက ေျပာ သည္။
ထို႔အျပင္ ခြဲျခားမႈမရွိသည့္ အၾကမ္းဖက္ရပ္တန႔္ေရး၊ မတရားဖမ္းဆီးထိန္းသိမ္းခံရသူအားလုံး ျပန္လႊတ္ေပးေရး၊ ေႏွာင့္ေႏွးၾကန႔္ၾကာမႈမရွိဘဲ အကူအညီမ်ားခြင့္ျပဳေရးႏွင့္ အားလုံးပါဝင္ေသာ
ဒီမိုကေရစီလမ္းေၾကာင္းေပၚျပန္လည္ေရာက္ရွိေရးအတြက္ စစ္ေကာင္စီကို ဖိအားေပးရန္ မိတ္ဖက္ႏိုင္ငံမ်ား၊ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ အတူလုပ္ေဆာင္သြားမည္ဟု အေမရိကန္ႏိုင္ငံျခား ေရးဝန္ႀကီးက ေျပာသည္။
ျမန္မာျပည္သူမ်ား၏ ဆႏၵကို ေလးစားေသာ ၿငိမ္းခ်မ္းစြာအေျဖရွာေရးကို ရွာေဖြရန္ ဘက္အားလုံးႏွင့္ အျပဳသေဘာေတြ႕ဆုံေဆြးေႏြးေရးကို ေတာင္းဆိုသည့္ အာဆီယံ၏ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္းလည္း Antony Blinken က ေျပာသည္။
Be the first to comment on "မြန်မာပြည်သူများလိုချင်သည့်ပန်းတိုင် မရောက်မချင်း လက်လျှော့မည်မဟုတ်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော"