သွေးထွက်အောင်မှန်တဲ့ မြန်မာပြည် ဝန်ထမ်းလောကမှာ ကြုံတွေ့နေရမည့် အချက်များ…
၁။ အလုပ်လုပ်သောသူများအား အလုပ်မလုပ်သောသူများက အမြင်မကြည်ကြပါ။
၂။ အမှန်ပြောသူများအား မှားနေသူများက မုန်းကြသည်။
၃။ စည်းကမ်းလိုက်နာသူများအား စည်းမဲ့ကမ်းမဲ့နေသူများက အပြစ်ရှာပြောတတ်သည်။
၄။ အလုပ်မလုပ်လေ စကားများများပြောလေဖြစ်ပြီး အလုပ်လုပ်နေသူများက စကားနည်းတတ်သည်။
၅။ အလုပ်လုပ်သူများသည် အမှားများစွာကြုံရ၍ ဘာမှမလုပ်သူများက အပြစ်ကင်းတတ်ကြသည်။
၆။ စည်းကမ်းတင်းကျပ်သော လူကြီးများသည် လူမုန်းများ၍ နေချင်သလိုနေ၍ ရလျှင် လူချစ်လူခင်များတတ်သည်။
၇။ စာရင်းဇယား မှတ်တမ်း ပြည့်စုံပြီး ဘာမှမလုပ်သူများကို လူကြီးသဘောကျ၍ အလုပ်လုပ်နေသော်လည်း စာရင်းဇယားမှတ်တမ်းမပြည့်စုံပါက အဆူခံရတတ်သည်။
၈။ အလုပ်မလုပ်ချင်သူများသည် ဆင်ခြေများစွာ ပေးတတ်ပြီး မငြင်းတတ်သူများသည် အလုပ်အများဆုံး ပေးခြင်းခံရတတ်သည်။
၉။ ခံစားခွင့်ရချင်သူများသည် အပေးအကမ်း ရက်ရောတတ်ပြီး ခံယူချက်မှန်သူများသည် အပေးအကမ်းနည်းတတ်သည်။
၁၀။ မြင်မြင်သမျှ ပြောဆိုဆုံးမတတ်သူများကို ဝန်ထမ်းများရှောင်တတ်ပြီး မသိချင်ယောင်ဆောင်ပြီး အမုန်းမခံသူများသည် ဝန်ထမ်းများ ဝိုင်းဝိုင်းလည်နေတတ်သည်။
၁၁။ မိမိအကျိုးမျှော်သူများသည် တပည့်မွေးတတ်ပြီး တပည့်များအကျိုး ကြည့်တတ်သူများသည် ကျောသားရင်သားမခွဲခြား ပြောဆိုတတ်သည်။
၁၂။ မဟုတ်တာလုပ်သူများသည် လူကြီးများကို ကြောက်နေတတ်ပြီး အမှန်အလုပ်လုပ်နေသူများက လူကြီးများကို တင်ပြဆွေးနွေးတတ်ကြသည်။
၁၃။ တပည့်များကို ဆုံးမလေ့ရှိသူများသည် ကိုယ်တိုင်လည်း စည်းကမ်းလိုက်နာတတ်ကြပြီး စည်းကမ်းမလိုက်နာသူများက တပည့်များအား သိပ်မဆုံးမတတ်ပေ။
၁၄။ အကျင့်ပျက်နေသူများသည် လူကြီးပြောသမျှ ငြိမ်ခံနေတတ်ပြီး အလုပ်ကြိုးစားနေသူများက လူကြီးနှင့် အခြေအတင် ဖြစ်တတ်သည်။
———–
ေသြးထြက္ေအာင္မွန္တဲ့ ျမန္မာျပည္ ဝန္ထမ္းေလာကမွာ ႀကဳံေတြ႕ေနရမည့္ အခ်က္မ်ား…
၁။ အလုပ္လုပ္ေသာသူမ်ားအား အလုပ္မလုပ္ေသာသူမ်ားက အျမင္မၾကည္ၾကပါ။
၂။ အမွန္ေျပာသူမ်ားအား မွားေနသူမ်ားက မုန္းၾကသည္။
၃။ စည္းကမ္းလိုက္နာသူမ်ားအား စည္းမဲ့ကမ္းမဲ့ေနသူမ်ားက အျပစ္ရွာေျပာတတ္သည္။
၄။ အလုပ္မလုပ္ေလ စကားမ်ားမ်ားေျပာေလျဖစ္ၿပီး အလုပ္လုပ္ေနသူမ်ားက စကားနည္းတတ္သည္။
၅။ အလုပ္လုပ္သူမ်ားသည္ အမွားမ်ားစြာႀကဳံရ၍ ဘာမွမလုပ္သူမ်ားက အျပစ္ကင္းတတ္ၾကသည္။
၆။ စည္းကမ္းတင္းက်ပ္ေသာ လူႀကီးမ်ားသည္ လူမုန္းမ်ား၍ ေနခ်င္သလိုေန၍ ရလွ်င္ လူခ်စ္လူခင္မ်ားတတ္သည္။
၇။ စာရင္းဇယား မွတ္တမ္း ျပည့္စုံၿပီး ဘာမွမလုပ္သူမ်ားကို လူႀကီးသေဘာက်၍ အလုပ္လုပ္ေနေသာ္လည္း စာရင္းဇယားမွတ္တမ္းမျပည့္စုံပါက အဆူခံရတတ္သည္။
၈။ အလုပ္မလုပ္ခ်င္သူမ်ားသည္ ဆင္ေျခမ်ားစြာ ေပးတတ္ၿပီး မျငင္းတတ္သူမ်ားသည္ အလုပ္အမ်ားဆုံး ေပးျခင္းခံရတတ္သည္။
၉။ ခံစားခြင့္ရခ်င္သူမ်ားသည္ အေပးအကမ္း ရက္ေရာတတ္ၿပီး ခံယူခ်က္မွန္သူမ်ားသည္ အေပးအကမ္းနည္းတတ္သည္။
၁၀။ ျမင္ျမင္သမွ် ေျပာဆိုဆုံးမတတ္သူမ်ားကို ဝန္ထမ္းမ်ားေရွာင္တတ္ၿပီး မသိခ်င္ေယာင္ေဆာင္ၿပီး အမုန္းမခံသူမ်ားသည္ ဝန္ထမ္းမ်ား ဝိုင္းဝိုင္းလည္ေနတတ္သည္။
၁၁။ မိမိအက်ိဳးေမွ်ာ္သူမ်ားသည္ တပည့္ေမြးတတ္ၿပီး တပည့္မ်ားအက်ိဳး ၾကည့္တတ္သူမ်ားသည္ ေက်ာသားရင္သားမခြဲျခား ေျပာဆိုတတ္သည္။
၁၂။ မဟုတ္တာလုပ္သူမ်ားသည္ လူႀကီးမ်ားကို ေၾကာက္ေနတတ္ၿပီး အမွန္အလုပ္လုပ္ေနသူမ်ားက လူႀကီးမ်ားကို တင္ျပေဆြးေႏြးတတ္ၾကသည္။
၁၃။ တပည့္မ်ားကို ဆုံးမေလ့ရွိသူမ်ားသည္ ကိုယ္တိုင္လည္း စည္းကမ္းလိုက္နာတတ္ၾကၿပီး စည္းကမ္းမလိုက္နာသူမ်ားက တပည့္မ်ားအား သိပ္မဆုံးမတတ္ေပ။
၁၄။ အက်င့္ပ်က္ေနသူမ်ားသည္ လူႀကီးေျပာသမွ် ၿငိမ္ခံေနတတ္ၿပီး အလုပ္ႀကိဳးစားေနသူမ်ားက လူႀကီးႏွင့္ အေျခအတင္ ျဖစ္တတ္သည္။
Be the first to comment on "သွေးထွက်အောင်မှန်တဲ့ မြန်မာပြည် ဝန်ထမ်းလောကမှာ ကြုံတွေ့နေရမည့် အချက်များ…"